You are here
Home > Facebook သတင်းစုံ > အလိုအလျောက် ..မီးထတောက်နေတဲ့ …မန္တလေးကနေအိမ်သည် …ပုဏ္ဏကတိုက်သည်ဟု …သုံးသပ်

အလိုအလျောက် ..မီးထတောက်နေတဲ့ …မန္တလေးကနေအိမ်သည် …ပုဏ္ဏကတိုက်သည်ဟု …သုံးသပ်











Credit – Zin Myo
Unicode Version
မန္တလေးရှိနေအိမ်တလုံးတွင် မကြာခဏ အလိုအလျောက်မီးထတောက်နေသဖြင့် မီးသတ်ကားဖြင့် စောင့်ကြည့်

မန္တလေးမြို့ ၂၈၊ ၂၉ ကြားမြစန္ဒာလမ်းရှိ နေအိမ်တစ်လုံးတွင် ဧပြီ ၁၈ ညပိုင်းမှစ၍အလိုအလျောက် မီးထတောက်နေသဖြင့် မီးသတ်ကားဖြင့် စောင့်ကြည့်နေကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပေါ်နေသည့်နေအိမ်သို့အစိုးရတာဝန်ရှိသူများကလာရောက်မေးမြန်းမှု့များပြုလုပ်နေကြသလိုမြန်မာနိုင်ငံမီးသတ်သတ်ဖွဲ့ကလည်း

မီးသတ်ကားဖြင့်စောင့်ကြည့်နေကာဘုန်းတော်ကြီးများပင့်ဆောင်၍ပရိတ်ရွတ်ဖတ်မှုများပြုလုပ်နေကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပုဏ္ဏကတိုက်သည်ဟူသောသုံးသပ်မှု့များရှိနေသလိုရာသီဥတုပူပြင်းလွန်းသောကြောင့်

ဖြစ်နိုင်သည်ဟူသော အမြင်များလည်းရှိနေကာ တာဝန်ရှိသူများဘက်မှမူ တစ်စုံတရာသတင်းထုတ်ပြန်ခြင်း မရှိသေးပေ Credit း ဗိုလ်သူရိန်

ပုဏ္ဏာကတိုက်တာ ဖြစ်ဖို့များပါတယ်…ဆရာကြီးရှိန်းစာအုပ်တွေထဲမှာဖတ်ဖူးတယ်…နတ်ဘီလူးတွေနေတဲ့

သစ်ပင်ကို ပရိတ်ကြိုးသွားချည်မိလို့ အိမ်မှာရှိတဲ့ ပစ္စည်းတွေအလိုအလျောက်မီးသင့်တယ်လို့ဖတ်ဖူးပါတယ်

အခုလည်း ဘာကြောင့်တော့ မပြောနိုင်ပေမဲ့ သူတို့မကြိုက်တာ တခုခုကြောင့်ဖြစ်မှာပါ … “လောင်မီးကျလျှက်နတ်တို့စက် “”ဲ့တဲ့…

ယုံကြည်ပါလို့ မပြောပါဘူး..ယုံသင့်ရင်ယုံပါ…သိပ္ပံပညာနဲ့ မဖြေရှင်းနိုင်တဲ့ အရာတွေ ကမ္ဘာပေါ်မှာ အများကြီးပါ..

Credit – Zin Myo

Top
//whairtoa.com/4/3018672