ဖန်သားပြင်ထက်ကို ရုပ်သံဇာတ်လမ်းတွဲအသစ်နဲ့ ပြန်လည်ရောက်ရှိလာဦးမဲ့ မြိုင် (မေမီကိုကို)

ပရိသတ်တွေရဲ့ အချစ်ကို “ပျားရည်အိုင်” ရုပ်သံဇာတ်လမ်းတွဲမှာ မြိုင် ဆိုတဲ့ ဇာတ်ရုပ်လေးနဲ့ သိမ်းပိုက် နိုင်ခဲ့တဲ့ မင်းသမီးလေး မေမီကိုကို ကတော့ ဒီဇာတ်လမ်းတွဲလေးကြောင့်ပဲ Star awards 2018ရဲ့ Best Actress (TV Series) အကောင်းဆုံး မင်းသမီးဆုကို ပရိသတ်အကြိုက်နဲ့ ထပ်တူ ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

မင်းသမီလေး မေမီကိုကိုရဲ့ ဇာတ်လမ်းတွေ ထပ် မလာတော့ဘူးလားလို့ မျှော်နေသူတွေအတွက် သတင်းကောင်းလေးတစ်ခုကတော့ သူမကို နောက်ထပ်ဇာတ်လမ်းတွဲသစ်တစ်ခုနဲ့ ဖန်သားပြင်ထက်မှာ ပြန်လည် ကြည့်ရှူခံစားရဦးမှာဖြစ်ပါတယ်။ မြိုင် ကာရိုက်တာနဲ့ အရမ်းကို ကွာဟသွားသလို ထက်ထက်မြက်မြက် ရဲမေတစ်ယောက်အဖြစ် သူမကို မြင်တွေ့ ရမှာဖြစ်ပါတယ်။

” တတိယမြောက် ဆုံမှတ် ” လို့ အမည်ရတဲ့ ဒီရုပ်သံဇာတ်လမ်းတွဲမှာ မင်းသမီးလေး မေမီကိုကို နဲ့ အတူ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် မင်းသားချော ဟိန်းထက်၊ မြင့်မြတ် နဲ့ တူတယ်လို့ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ ရှင်မွေလ၊ ရိုးရိုးလေးနဲ့ အမြဲအေးချမ်းတဲ့ မင်းသမီးလေး မြတ်သူသူဇင်၊ အနုပညာလောကရဲ့ ၀ါရင့် သရုပ်ဆောင် ညီနန္ဒနဲ့အတူ အရမ်းသန့်တဲ့ ကြွေချင်စရာ နောက်ထပ် မင်းသားလေး စောမင်းယျာ တို့က အတူ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီ ” တတိယမြောက် ဆုံမှတ် “ရုပ်သံဇာတ်လမ်းတွဲကို မေလ မှာ စတင်ထုတ်လုပ်ပြသမှာဖြစ်ပြီး ရုပ်သံဇာတ်လမ်းတွဲတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီးအတွက် ဖော်ပြလိုက်ရပါတယ်နော်..။

Source: Cele Kabar
Share From swelsonenews