You are here
Home > Health > .ခေရအသီး၏ အစြမ္းထက္ၿမက္အသံုး၀င္ပံုမ်ား.

.ခေရအသီး၏ အစြမ္းထက္ၿမက္အသံုး၀င္ပံုမ်ား.

Zawgyi ျဖင့္ဖတ္၇န္

ၿမန္မာတုိင္းရင္းသားမ်ားသည္ အေညွာ္နံ ့ကုိ အလြန္ေႀကာက္ႀကပါသည္။
အနာေပါက္သူမ်ား ၊ ဖ်ားနာသူမ်ားနွင့္ကေလးငယ္မ်ား အထူးေရွာင္ႀကဥ္ႀကရသည္ ။

အေညွာ္နံ ့ႏွင့္ ပတ္သက္၍ အေကာင္းဆုံး ေဆးတစ္လက္ကုိ Mg Mandalay ဖတ္မိသည့္ ေဆးနည္းေလးကုိ ေဖာ္ၿပပါမည္ ။

ဖတ္မိသည္မွာ …

ရခုိင္လူမ်ဳိးမ်ားသည္ အေနက္ရုိးမေတာင္ႀကီးမ်ားကုိ ေက်ာ္ၿဖတ္ၿပီး ခုိင္းႏြားမ်ားကို ႏွစ္စဥ္ေရာင္းခ်ႀကပါသည္ ။

ႏြားကုန္သည္ အဖြဲ ့တဖြဲ ့လွ်င္ ႏြားကုန္သည္တစ္ဦး ၊ ေဆးဆရာတစ္ဥိး ၊ ႏြာေက်ာင္းသားတစ္ဦး ၊ ထမင္းခ်က္သူတစ္ဦး ပါလာပါသည္ ။
တစ္ေန ့ေသာ္ ထမင္းခ်က္သူႀကက္တစ္ေကာင္ဝယ္လာၿပီး အေမြးမ်ားႏုတ္ကာ ၊ က်န္ရွိေသာ အေမြးငယ္မ်ား မီးၿမဳိက္ပါသည္ ။

ထမင္းခ်က္သုူ ႏွဳတ္ခမ္းတြင္ ဝက္ၿခံေပါက္ေနပါသည္ ။
ႀကက္ေမြးၿမဳီက္အနံ ့ေႀကာင့္ ဟင္းခ်က္ေနရင္း လဲက်သြားၿပီး သတိလစ္ေနပါသည္ ။
ရခုိင္ေဆးဆ၇ာႀကီးသည္ လူနာအား အိမ္ေပၚေပြ ့တင္ၿပီး ၊ ေဆးမ်ား လိမ္းေပးပါသည္ ။

လူနာမွာ လုံးဝ သတိမရ ။ သြားေစ့ ၊ ေမးခုိင္ေနပါသည္ ။
ဆရာႀကီးက အမ်ဳိးသမီးတေယာက္ကုိေခၚၿပီး ရခုိင္သံဝဲဝဲႏွင့္ ( ခ်ယားသီး ) ရွာေပးပါလုိ ့ေၿပာသည္ ။ သူ ့စကားကုိ နားမလည္ၿဖစ္ေနပါသည္ ။
အမ်ဳိးသမီးေခါင္းေပၚတြင္ ပန္ထားေသာ ခေရပန္းကုံးကုိ ယူၿပီး အဲဒီ အပင္အသီးလုိ ့ေၿပာၿပလုိက္ေတာ့မွ ခေရသီးမ်ားကုိ ၿခံအတြင္းခူးေပးပါသည္ ။

( ခေရသီးမ်ား ထုခြဲၿပီး အတြင္းမွ အဆံမ်ားကို ေက်ာက္ပ်ဥ္တြင္ အေသြးခုိင္ၿပီး ၊မ်က္ႏွာတြင္ မႀကာခဏ လိမ္းေပးၿပီး ေႀကးဇြန္းတြင္ ထိၿပီး ပါးစပ္ထဲ ေလာင္းေပးပါသည္ )

သြားေစ့ ေမးခုိင္ၿဖစ္၍ ပါးစပ္စိေနသည္ကုိ ေၿခမ လွန္ခ်ဳိးေပးေသာ အခါ ၊ ပါးစပ္ ပြင့္လာေသာအခါ မႀကာခဏ ေလာင္းထည့္ေပးပါသည္ ၊။
နာရီဝက္ခန္ ့ႀကာေသာအခါ သတိေကာင္းစြာ ရလာၿပီး ထထုိင္ပါသည္ ။

သူကုိယ္တုိင္ ခ်က္ထားေသာ ႀကက္သားဟင္းကုိ စားေသာက္ႏုိင္သည္ကုိ ေတြ ့ၿမင္ရပါသည္ ။

Mg Mandalay
မည္သူမဆိုစိတ္ခ်မ္းသာစြာ ကူးယူျခင္း မ်ွေ၀ျခင္းမ်ားကိုျပဳလုပ္နုိင္ပါတယ္..


credit May Soe

တခုခု ရရင္​​ေက်နပ္​တယ္
Unicodeဖြင့်ဖတ်ရန်

ခရေအသီး၏ အစွမ်းထက်မြက်အသုံးဝင်ပုံများ
မြန်မာတိုင်းရင်းသားများသည် အညှော်နံ့ကို အလွန်ကြောက်ကြပါသည်။
အနာပေါက်သူများ ၊ ဖျားနာသူများနှင့်ကလေးငယ်များ အထူးရှောင်ကြဉ်ကြရသည် ။


အညှော်နံ့နှင့် ပတ်သက်၍ အကောင်းဆုံး ဆေးတစ်လက်ကို Mg Mandalay ဖတ်မိသည့် ဆေးနည်းလေးကို ဖော်ပြပါမည် ။

ဖတ်မိသည်မှာ …
ရခိုင်လူမျိုးများသည် အနေက်ရိုးမတောင်ကြီးများကို ကျော်ဖြတ်ပြီး ခိုင်းနွားများကို နှစ်စဉ်ရောင်းချကြပါသည် ။
နွားကုန်သည် အဖွဲ့တဖွဲ့လျှင် နွားကုန်သည်တစ်ဦး ၊ ဆေးဆရာတစ်ဥိး ၊ နွာကျောင်းသားတစ်ဦး ၊ ထမင်းချက်သူတစ်ဦး ပါလာပါသည် ။

တစ်နေ့သော် ထမင်းချက်သူကြက်တစ်ကောင်ဝယ်လာပြီး အမွေးများနုတ်ကာ ၊ ကျန်ရှိသော အမွေးငယ်များ မီးမြိုက်ပါသည် ။
ထမင်းချက်သုူ နှုတ်ခမ်းတွင် ဝက်ခြံပေါက်နေပါသည် ။

ကြက်မွေးမြီုက်အနံ့ကြောင့် ဟင်းချက်နေရင်း လဲကျသွားပြီး သတိလစ်နေပါသည် ။
ရခိုင်ဆေးဆရာကြီးသည် လူနာအား အိမ်ပေါ်ပွေ့တင်ပြီး ၊ ဆေးများ လိမ်းပေးပါသည် ။
လူနာမှာ လုံးဝ သတိမရ ။ သွားစေ့ ၊ မေးခိုင်နေပါသည် ။

ဆရာကြီးက အမျိုးသမီးတယောက်ကိုခေါ်ပြီး ရခိုင်သံဝဲဝဲနှင့် ( ချယားသီး ) ရှာပေးပါလို့ပြောသည် ။ သူ့စကားကို နားမလည်ဖြစ်နေပါသည် ။
အမျိုးသမီးခေါင်းပေါ်တွင် ပန်ထားသော ခရေပန်းကုံးကို ယူပြီး အဲဒီ အပင်အသီးလို့ပြောပြလိုက်တော့မှ ခရေသီးများကို ခြံအတွင်းခူးပေးပါသည် ။

( ခရေသီးများ ထုခွဲပြီး အတွင်းမှ အဆံများကို ကျောက်ပျဉ်တွင် အသွေးခိုင်ပြီး ၊မျက်နှာတွင် မကြာခဏ လိမ်းပေးပြီး ကြေးဇွန်းတွင် ထိပြီး ပါးစပ်ထဲ လောင်းပေးပါသည် )

သွားစေ့ မေးခိုင်ဖြစ်၍ ပါးစပ်စိနေသည်ကို ခြေမ လှန်ချိုးပေးသော အခါ ၊ ပါးစပ် ပွင့်လာသောအခါ မကြာခဏ လောင်းထည့်ပေးပါသည် ၊။
နာရီဝက်ခန့်ကြာသောအခါ သတိကောင်းစွာ ရလာပြီး ထထိုင်ပါသည် ။

သူကိုယ်တိုင် ချက်ထားသော ကြက်သားဟင်းကို စားသောက်နိုင်သည်ကို တွေ့မြင်ရပါသည် ။
Mg Mandalay

မည်သူမဆိုစိတ်ချမ်းသာစွာ ကူးယူခြင်း မျှဝေခြင်းများကိုပြုလုပ်နိုင်ပါတယ်..

credit May Soe
တခုခု ရရင်ကျေနပ်တယ်

Top
//whulsaux.com/4/3018672