သမီးေလးရဲ႕ ရင့္က်က္တည္ၿငိမ္မႈေတြအေၾကာင္းေျပာလာတဲ့ ေမကဗ်ာ

သ႐ုပ္ေဆာင္ေမကဗ်ာကအသက္ငယ္ငယ္႐ြယ္႐ြယ္နဲ႔အေတြးအေခၚရင့္က်က္လြန္းတဲ့သမီးေလးဂဂၤါေမအေၾကာင္းေျပာျပလာပါတယ္။အိမ္မႈကိစၥေတြလည္းလုပ္ႏိုင္ေနၿပီျဖစ္သလို၊စီးပြားေရးဘက္မွာလည္းအေထာက္အကူေပးႏိုင္ေနပါၿပီတဲ့။ေမကဗ်ာက အသက္ ၁၄ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ တစ္ဦးတည္းေသာ သမီးေလး ဂဂၤါေမ အေၾကာင္း အခုလိုေျပာျပလာပါတယ္။ အသက္ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ အိမ္မႈကိစၥေတြလည္း လုပ္ႏိုင္ေနၿပီလို႔ Duwun Media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။

‘’ ကဗ်ာတို႔ဆိုလည္း ဒီေန႔ ဒီအခ်ိန္ထိ အေမ့ရဲ႕ အုပ္ထိန္းမႈေအာက္မွာ ေနလာတာ။ အေမ့စကားတစ္ခြန္းပဲ၊ကိုယ္နဲ႔သမီးနဲ႔က ညီအစ္မျဖစ္ၿပီးေတာ့ အေမက အေမျဖစ္ေနတာပါ။ တကယ္ေတာ့ အေမႀကီးေတာ္တာပါ။ အေမ့ရဲ႕ စည္းကမ္းတင္းက်ပ္မႈ၊ အေမ့ရဲ႕ ၫႊန္ၾကားမႈေတြေပါ့ေနာ္။ ဘာသင္ရမယ္၊ ဘာလုပ္ရမယ္ေပါ့။

သူဆိုလည္း ထမင္း၊ဟင္း အကုန္ခ်က္တတ္တယ္။ ကဗ်ာဆိုလည္း ၇ တန္း၊ ၈ တန္းကတည္းက ခ်က္တတ္ေနၿပီ။ မီးဖိုေခ်ာင္ကိစၥလည္းလႊဲလို႔ရေနၿပီ။သူလည္းခ်က္တတ္ေနၿပီ။ တစ္ခါတေလက်လို႔ရွိရင္ မနက္စားဖို႔ကို အကုန္ Ready ပဲ။ ေမေမ ဒါသမီးခ်က္ထားတာဆိုၿပီးေတာ့အကုန္ခ်က္တတ္ေနၿပီ။ ဒါကအေမေတာ္တာပါ။ဒါဆိုလည္းလုပ္တတ္ရမယ္၊ဟိုဟာဆိုလည္းလုပ္တတ္ရမယ္ဆိုၿပီးေတာ့သင္ေပးခဲ့တာေတြေပါ့ေနာ္’’လို႔ သူကဆိုပါတယ္။

အဲဒီေနာက္SocialMediaေပၚမွာပုံေတြတင္၊ေပၚပ်ဴလာျဖစ္ဖို႔ကိုလည္းဂဂၤါေမကစိတ္မဝင္စားတဲ့အေၾကာင္းေမကဗ်ာကေျပာလာပါတယ္။သမီးေလးရဲ႕ရင့္က်က္မႈေတြအေၾကာင္းကိုဧၿပီလ၁၃ရက္ေန႔ကျမကြၽန္းသာလမ္းေလွ်ာက္သၾကၤန္မွာေျပာခဲ့တာပါ။

‘’Facebookမွာသူ႔ပုံတင္တာမႀကိဳက္ဘူး။သမီးပုံမတင္နဲ႔အဲဒီလိုလည္းလာမေရးနဲ႔။သမီးပုံတင္မယ္ဆိုရင္သမီးရဲ႕ခြင့္ျပဳခ်က္ေတာင္းၿပီးမွတင္။သူကိုယ္တိုင္လည္းမတင္ဘူး။Facebookလည္းမသုံးဘူး။အဲဒီလိုမ်ိဳး။ထူးထူးဆန္းဆန္းေလးသူမ်ားေတြလိုပုံတင္ခ်င္တာလည္းသူ႔မွာမရွိဘူး။တင္မွာလားျပ၊ကိုယ့္ကိုဆိုရင္လည္းေမေမဘာေတြတင္မွာလည္းကိုယ္ကေတာ့ဗရမ္းပတာေတြ တင္တာေပါ့ေနာ္။ သူကအရမ္းစည္းစနစ္ရွိတယ္။ သူလုပ္မယ့္အရာေတြကို သူ႔ဘာသာသူ Planခ်ထားၿပီးသား’’လို႔ ဆက္လက္ေျပာျပလာပါတယ္။

လက္ရွိမွာလည္း ဂဂၤါေမက ေမကဗ်ာရဲ႕ အထည္လုပ္ငန္းမွာ ကြန္ပ်ဴတာပန္းထိုး၊ ဒီဇိုင္း အသစ္ေတြ ထြင္ေပးေလ့ရွိတယ္လို႔ ဆိုပါတယ္။‘’ကဗ်ာတို႔ဒီအလုပ္လုပ္မွသင္တန္းတက္လိုက္တာေပါ့ေနာ္။သူကနဂိုကတည္းကကြန္ပ်ဴတာကိုကြၽမ္းက်င္စြာကိုင္တတ္တယ္။ပန္းခ်ီဝါသနာပါတယ္။ငယ္ငယ္ေလးကတည္းကပန္းခ်ီသင္ထားတာေလ။အဲဒီအခါက်ေတာ့သူ႔အတြက္အထူးတလည္သင္စရာမလိုေတာ့ဘူး’’ လို႔ ဆိုပါတယ္။

ေမကဗ်ာကိုေတာ့ဗီဒီယိုဇာတ္ကားေတြကေနတဆင့္ပရိသတ္ေတြအားေပးလာခဲ့ၾကတာပါ။သူမရဲ႕အႏုပညာသက္တမ္းကလည္း အေတာ္ၾကာေနၿပီျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ သ႐ုပ္ေဆာင္အလုပ္ထက္ကိုယ္ပိုင္စီးပြားေရးျဖစ္တဲ့စက္ခ်ဳပ္လုပ္ငန္းကို ပိုဦးစားေပးလုပ္ကိုင္ေနတာေတြ႕ရပါတယ္။အဲဒီေနာက္ႏွင္းဆီအဖြဲ႕သားေတြနဲ႔အတူအၿငိမ့္ကေလ့ရွိတာကိုလည္းေတြ႕ရပါတယ္။

CRD-Cele Yatkwat

UNICODE

သရုပ်ဆောင်မေကဗျာကအသက်ငယ်ငယ်ရွယ်ရွယ်နဲ့အတွေးအခေါ်ရင့်ကျက်လွန်းတဲ့သမီးလေးဂင်္ဂါမေအကြောင်းပြောပြလာပါတယ်။အိမ်မှုကိစ္စတွေလည်းလုပ်နိုင်နေပြီဖြစ်သလို၊စီးပွားရေးဘက်မှာလည်းအထောက်အကူပေးနိုင်နေပါပြီတဲ့။မေကဗျာက အသက် ၁၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တစ်ဦးတည်းသော သမီးလေး ဂင်္ဂါမေ အကြောင်း အခုလိုပြောပြလာပါတယ်။ အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်မှုကိစ္စတွေလည်း လုပ်နိုင်နေပြီလို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ကဗျာတို့ဆိုလည်းဒီနေ့ဒီအချိန်ထိအမေ့ရဲ့အုပ်ထိန်းမှုအောက်မှာနေလာတာ။အမေ့စကားတစ်ခွန်းပဲ၊ကိုယ်နဲ့သမီးနဲ့က ညီအစ်မဖြစ်ပြီးတော့အမေကအမေဖြစ်နေတာပါ။တကယ်တော့အမေကြီးတော်တာပါ။အမေ့ရဲ့စည်းကမ်းတင်းကျပ်မှု၊ အမေ့ရဲ့ညွှန်ကြားမှုတွေပေါ့နော်။ဘာသင်ရမယ်၊ဘာလုပ်ရမယ်ပေါ့။သူဆိုလည်းထမင်း၊ဟင်းအကုန်ချက်တတ်တယ်။ ကဗျာဆိုလည်း၇တန်း၊၈တန်းကတည်းကချက်တတ်နေပြီ။မီးဖိုချောင်ကိစ္စလည်းလွှဲလို့ရနေပြီ။သူလည်းချက်တတ်နေပြီ။တစ်ခါတလေကျလို့ရှိရင်မနက်စားဖို့ကိုအကုန်Readyပဲ။မေမေဒါသမီးချက်ထားတာဆိုပြီးတော့အကုန်ချက်တတ်နေပြီ။ဒါကအမေတော်တာပါ။ဒါဆိုလည်းလုပ်တတ်ရမယ်၊ဟိုဟာဆိုလည်းလုပ်တတ်ရမယ်ဆိုပြီးတော့သင်ပေးခဲ့တာတွေပေါ့နော်’’လို့ သူကဆိုပါတယ်။

အဲဒီနောက်SocialMediaပေါ်မှာပုံတွေတင်၊ပေါ်ပျူလာဖြစ်ဖို့ကိုလည်းဂင်္ဂါမေကစိတ်မဝင်စားတဲ့အကြောင်းမေကဗျာကပြောလာပါတယ်။သမီးလေးရဲ့ရင့်ကျက်မှုတွေအကြောင်းကိုဧပြီလ၁၃ရက်နေ့ကမြကျွန်းသာလမ်းလျှောက်သြင်္ကန်မှာပြောခဲ့တာပါ။

‘’Facebookမှာသူ့ပုံတင်တာမကြိုက်ဘူး။သမီးပုံမတင်နဲ့အဲဒီလိုလည်းလာမရေးနဲ့။သမီးပုံတင်မယ်ဆိုရင်သမီးရဲ့ခွင့်ပြုချက်တောင်းပြီးမှတင်။သူကိုယ်တိုင်လည်းမတင်ဘူး။Facebookလည်းမသုံးဘူး။အဲဒီလိုမျိုး။ထူးထူးဆန်းဆန်းလေးသူများတွေလိုပုံတင်ချင်တာလည်းသူ့မှာမရှိဘူး။တင်မှာလားပြ၊ကိုယ့်ကိုဆိုရင်လည်းမေမေဘာတွေတင်မှာလည်းကိုယ်ကတော့ဗရမ်းပတာတွေ တင်တာပေါ့နော်။ သူကအရမ်းစည်းစနစ်ရှိတယ်။ သူလုပ်မယ့်အရာတွေကို သူ့ဘာသာသူ Planချထားပြီးသား’’လို့ ဆက်လက်ပြောပြလာပါတယ်။

လက်ရှိမှာလည်းဂင်္ဂါမေကမေကဗျာရဲ့အထည်လုပ်ငန်းမှာကွန်ပျူတာပန်းထိုး၊ဒီဇိုင်းအသစ်တွေထွင်ပေးလေ့ရှိတယ်လို့ဆိုပါတယ်။‘’ကဗျာတို့ဒီအလုပ်လုပ်မှသင်တန်းတက်လိုက်တာပေါ့နော်။သူကနဂိုကတည်းကကွန်ပျူတာကိုကျွမ်းကျင်စွာကိုင်တတ်တယ်။ပန်းချီဝါသနာပါတယ်။ငယ်ငယ်လေးကတည်းကပန်းချီသင်ထားတာလေ။အဲဒီအခါကျတော့သူ့အတွက်အထူးတလည်သင်စရာမလိုတော့ဘူး’’ လို့ ဆိုပါတယ်။

မေကဗျာကိုတော့ဗီဒီယိုဇာတ်ကားတွေကနေတဆင့်ပရိသတ်တွေအားပေးလာခဲ့ကြတာပါ။သူမရဲ့အနုပညာသက်တမ်းကလည်းအတော်ကြာနေပြီဖြစ်ပါတယ်။အခုဆိုရင်တော့သရုပ်ဆောင်အလုပ်ထက်ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့စက်ချုပ်လုပ်ငန်းကိုပိုဦးစားပေးလုပ်ကိုင်နေတာတွေ့ရပါတယ်။အဲဒီနောက်နှင်းဆီအဖွဲ့သားတွေနဲ့အတူအငြိမ့်ကလေ့ရှိတာကိုလည်းတွေ့ရပါတယ်။

Share From Global Myanmar Media