ရန္ေႂကြးေတြကုိ သံသရာအထိ မယူသြားခ်င္ဘူးဆုိတဲ့ အစၥဏီ

ပုဒ္မသုံးခုျဖင့္ တရားဆြဲဆုိခံထားရတဲ့ အစၥဏီကုိ ခ်ဳပ္ေႏွာင္ထားတာဟာ အခုဆုိရင္၁ႏွစ္ေက်ာ္လာၿပီျဖစ္ၿပီးေတာ့အဆုိေတာ္ အစၥဏီ(ေခၚ)ဟန္ထြန္းေဇာ္က ဒီအမႈနဲ႔ ပတ္သက္ၿပီး ျမန္ျမန္ေလးနဲ႔မွန္မွန္ကန္ကန္စစ္ေဆးေပးလုိၿပီးရန္ေႂကြးေတြကုိလည္း သံသယာအထိ မယူသြားခ်င္ဘူးလုိ႔ ၿပီးခဲ့တဲ့ ေသာၾကာေန႔က ႐ုံးခ်ိန္းမွာ မီဒီယာေတြကုိ ေျပာသြားခဲ့ပါတယ္။

အစၥဏီရဲ႕ မိခင္ျဖစ္သူက “အန္တီ့အေနနဲ႔ေျပာတာကေတာ့ရန္ျဖစ္တာကရန္ျဖစ္တာေပါ့ရန္ျဖစ္တာကုိမုဒိန္းမႈလုပ္လုိက္ေတာ့ အန္တီ့သားက ၁ ႏွစ္ေက်ာ္ေနၿပီေလ။၁ႏွစ္ေက်ာ္ေတာ့လည္းအမႈစစ္ရလားဆုိေတာ့လည္းမစစ္ရဘူး။မစစ္ရတဲ့အခါက်ေတာ့ ၾကန္႔ၾကာတယ္။ အခုေတာ့ အမႈ ျပန္က်ၿပီ အျမန္ဆုံး ျပန္ၿပီး အစစ္ခံခ်င္တယ္ေပါ့ေနာ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ဆက္လက္ၿပီးေတာ့အစၥဏီကတရား႐ုံးထဲကအထြက္မီဒီယာေတြရဲ႕ေမးျမန္းမႈနဲ႔ပတ္သက္ၿပီး“ကြၽန္ေတာ္အရမ္းပင္ပန္းေနပါၿပီ ျမန္ျမန္ေလးမွန္မွန္ကန္ကန္နဲ႔စစ္ေပးၾကပါ။ႏွစ္သစ္မွာလည္းပရိသတ္ႀကီးအားလုံးေပ်ာ္ရႊင္ပါေစ။သၾကၤန္တြင္းမွာကြၽန္ေတာ္ဘာမွမလုပ္ျဖစ္ပါဘူး။ေျပာခ်င္တာကေတာ့ဒီအမႈကုိျမန္ျမန္ေလးၿပီးေစခ်င္ပါတယ္။ရန္ေႂကြးေတြကုိလည္းကြၽန္ေတာ္သံသရာအထိ မယူသြားခ်င္ပါဘူး အားလုံးကုိ ေက်းဇူးတင္ပါတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

CRD-Nanmalgyi

UNICODE

ပုဒ်မသုံးခုဖြင့်တရားဆွဲဆိုခံထားရတဲ့အစ္စဏီကိုချုပ်နှောင်ထားတာဟာအခုဆိုရင်၁နှစ်ကျော်လာပြီဖြစ်ပြီးတော့အဆိုတော်အစ္စဏီ(ခေါ်)ဟန်ထွန်းဇော်ကဒီအမှုနဲ့ပတ်သက်ပြီးမြန်မြန်လေးနဲ့မှန်မှန်ကန်ကန်စစ်ဆေးပေးလိုပြီးရန်ကြွေးတွေကိုလည်းသံသယာအထိမယူသွားချင်ဘူးလို့ပြီးခဲ့တဲ့သောကြာနေ့ကရုံးချိန်းမှာမီဒီယာတွေကိုပြောသွားခဲ့ပါတယ်။

အစ္စဏီရဲ့မိခင်ဖြစ်သူက“အန်တီ့အနေနဲ့ပြောတာကတော့ရန်ဖြစ်တာကရန်ဖြစ်တာပေါ့ရန်ဖြစ်တာကိုမုဒိန်းမှုလုပ်လိုက်တော့အန်တီ့သားက၁နှစ်ကျော်နေပြီလေ။၁နှစ်ကျော်တော့လည်းအမှုစစ်ရလားဆိုတော့လည်းမစစ်ရဘူး။မစစ်ရတဲ့အခါကျတော့ ကြန့်ကြာတယ်။ အခုတော့ အမှုပြန်ကျပြီအမြန်ဆုံးပြန်ပြီးအစစ်ခံချင်တယ်ပေါ့နော်။”လို့ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီးတော့အစ္စဏီကတရားရုံးထဲကအထွက်မီဒီယာတွေရဲ့မေးမြန်းမှုနဲ့ပတ်သက်ပြီး“ကျွန်တော်အရမ်းပင်ပန်းနေပါပြီမြန်မြန်လေးမှန်မှန်ကန်ကန်နဲ့စစ်ပေးကြပါ။နှစ်သစ်မှာလည်းပရိသတ်ကြီးအားလုံးပျော်ရွှင်ပါစေ။သြင်္ကန်တွင်းမှာကျွန်တော်ဘာမှမလုပ်ဖြစ်ပါဘူး။ပြောချင်တာကတော့ဒီအမှုကိုမြန်မြန်လေးပြီးစေချင်ပါတယ်။ရန်ကြွေးတွေကိုလည်းကျွန်တော်သံသရာအထိ မယူသွားချင်ပါဘူး အားလုံးကို ကျေးဇူးတင်ပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။