နေရောင်အောက်မှာ ဝင်းမွတ်တောက်ပြောင်နေတဲ့ အတွင်းသားအလှတွေကို ချပြလိုက်တဲ့ သင်ဇာ

မော်ဒယ်၊ သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ပုရိသတွေရဲ့ ပါးစပ်ဖျားမှာ သည်းသည်းလှုပ် ရေပန်းစားနေသူလေး ဖြစ်ပါတယ်။

ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေအပြင် ကြော်ငြာတွေလည်း မနားတမ်းရိုက်ကူးနေရတဲ့ သင်ဇာက အခုတလောမှာ ပိုမိုအောင်မြင်မှုရလာတာ တွေ့ရပါတယ်။ သူမရဲ့ အမိုက်စား ပွဲတက်ဖက်ရှင်တွေကလည်း ပရိသတ်တွေကြားမှာ နာမည်ကြီးအောင်မြင်နေတာ ဖြစ်ပါတယ်။


လက်ရှိမှာတော့ သင်ဇာက မော်ဒိုက်ကမ်းခြေမှာ စိတ်လွတ်ကိုယ်လွတ် အပန်းဖြေအနားယူနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန်ပိတ်ရက်ကတည်းက မော်ဒိုက်ကို ရောက်ရှိနေတဲ့ သင်ဇာက အခုလည်း သူမရဲ့ကောက်ကြောင်းအလှတွေကို ချပြလိုက်ပါတယ်။ Bikini ဝတ်စုံနဲ့ အလှတရားတွေ ပေါ်လွင်နေတဲ့ သင်ဇာက အရမ်းကို ညို့အားပြင်းပြင်း လှနေတာ ဖြစ်ပါတယ်။


သင်ဇာက ” Good time & tan lines happylife. summervibes.happyvacation .happymoments.” ဆိုပြီး နေပူဆာလှုံနေတဲ့ အမိုက်စားပုံရိပ်လေးတွေကို တင်ထားတာ ဖြစ်ပါတယ်။

နေရောင်အောက်မှာ ဝင်းမွတ်တောက်ပြောင်နေတဲ့ အတွင်းသားအလှတွေ ပေါ်လွင်နေတဲ့ သင်ဇာရဲ့ပုံရိပ်တွေကတော့ ပုရိသတွေရဲ့စိတ်ဘဝင်ကို လှုပ်ရှားစေနိုင်လောက်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော သင်ဇာဝင့်ကျော်ရဲ့ ကောက်ကြောင်းအလှ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Thinzar Wint Kyaw; credit-myanamrlaod

Share From Lucky Myanmar