မီးတိုက်နေသူ အာဠာဝက ဘီလူးအား ဖမ်းဆီးနိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်း

ပရောဂ ဘိုးတော်ဆရာတွေ ကပါ ဘယ်လိုမှ ဖြစ်ရပ်မှန် ကို မပြောနိုင်ခဲ့ကြပါဘူး။
ထိုင်းသတင်း ရပ်ကွက်တွေ မှာ လှို့ ဝှက်ဆန်တဲ့ ဘီလူးမီးတိုက်အိမ်လို့  နာမည်ကြီးနေပါတယ်။
နောက်ဆုံး တော့ ရုပ်သံ လိုင်း အမှတ်(၈) က နေအိမ်အတွင်းမျာ CCTV ရုပ်သံကင်မယာ တွေ တတ်ဆင် ပြီး ၂၄ နာ၇ီစောင့်ကြည့် မှတ်တမ်းရိုက်ကူးခဲ့ပါတယ်။

မကြာခင်မှာဘဲ မီးတိုက်သူ ဘီလူးမ ကို ရုပ်သံကနေ မှတ်တမ်းတင်
နိုင်ခဲ့ပါတယ်။ တခြားသူတော့မဟုတ်ပါဘူး အိမ်မှာနေတဲ့ မိသားစုဝင်
ထဲက ချွေးမဖြစ်သူ နန်ထမ်ထနာ (ခလေးအမေ)ဟာ တအိမ်လုံးလိုက်မီးရို့ နေခဲ့တာပေါ်သွားခဲ့ပါတယ်။
ရုပ်သံ ဖြစ်ပါတယ်။

အိမ်တွင်းမှာ မျက်နှာသာပေးမခံရတဲ့ ချွေးမဖြစ်သူဟာ အတွင်းကောက်စိတ်ေ၇ာဂါဖြစ် ပြီး အိမ်သားတွေအလစ်မှာ မီးလောင်လွယ်တဲ့အရာတွေလိုက်လံမီးတိုက်ပြီး မီးတောက်စကြီးမလာခင် သူ့ အခန်းထဲပြန်ဝင်ပြီးခလေးချီ ဟန်မပျက်နေနေ လိုက်တာကို CCTV မှတ်တမ်းက ဖေါ်လိုက်နိုင်ခဲ့လို့  လပေါင်းများစွာ နာမည်ကြီးနေတဲ့ အာဠာဝကမီးတိုက်အိမ်ဖြစ်ရပ်မှန် ကို ထိုင်းပြည်သူတွေအမှန်အတိုင်းသိသွားခဲ့ကြရတာပါ။

ခုလို ဖြစ်ရပ်မျိုးတွေ ကို ထိုင်းနိုင်ငံ မှာ မကြာခဏဖြစ်တတ်ပါတယ်။အကြောင်းအရာမျိုးစုံ
ပုံစံမျိုးစုံပါ ၊ ဖေ့ဘုတ်မှာ နံမည်ကြီးအောင် လုပ်သူတွေ၊ အမွေဆိုင်နေအိမ်ကို ရောင်းမယ့်အချိန် အိမ်မှာနေနေကြတဲ့ မောင်နှမ မိသားစုဝင်
တွေက အိမ်ရောင်းမထွက်အောင် ခုလို လူလုပ်ရို့ မီးတွေ ရို့ ပြီး အိမ်ဝယ်သူတွေနောက်ဆုတ်အောင် ဒါမှမဟုတ် အိမ်တွင်းကသူတွေ မနေရဲအောင် နှင်ထုတ်တဲ့အခါ မျိုးတွေမှာ ခုလိုလုပ်တတ်ပါတယ်။

ပိုပြီး နည်းပညာတတ်တဲ့သူတွေဟာ အရည်နှစ်မျိုး(ဖေါ်ပြလို့  မသင့်ပါ) ရောစပ်ပြီး အ၀တ်တွေကြား ထားခဲ့ပါက မကြာခင်မှာ မီးထလောင်အောင်လည်း လုပ်တတ်ပါတယ်။

ခုလို ဖြစ်ရပ်မျိုး တွေ ကိုယ်တိုင်တွေ့ လာတဲ့အခါ အတွင်းလူတွေကိုသာအဓိကစစ်ဆေးပြီး မကြာခဏ မီးလောင်နေတဲ့ အိမ်တွင်းမှာ CCTVသာ တတ်ထားလိုက်ပါ မီးရို့ တရားခံ အာဠာဝက ဘယ်သူဆို
တာ မကြာခင်သိရပါလိမ့်မယ်။
အလိမ်အညာတွေ နဲ့  ဂျင်းထည့်ခံ ဘ၀အဖြစ်မှ လွတ်မြောက်ကြပါစေ။

SAW