ပိတ်ရက်မှာ ဘိုးဘိုးဘွားဘွားတွေရဲ့အိမ်ကို အလည်ရောက်ရှိနေကြတဲ့ ပြေတီဦးနဲ့အူဝဲတို့မိသားစုလေး




Source: Eaindra Kyaw Zin,CRD-Myanmarload

UNICODE

သရုပ်ဆောင်ပြေတီဦးနဲ့သရုပ်ဆောင်အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံကတော့အများကအားကျရတဲ့ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားကြတာ ဖြစ်ပါတယ်။ အနုပညာလမ်းကြောင်းမှာ အတူတူလျှောက်လှမ်းရင်း အောင်မြင်မှုတွေကိုယ်စီရရှိထားတဲ့သူတို့ဇနီးမောင်နှံကတော့တကယ့်ကိုစံပြထားရလောက်ပါတယ်။သူတို့စုံတွဲလေးကနတ်ဖက်တဲ့ဖူးစာလို့ဆိုရလောက်အောင် နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်ညီတဲ့ စုံတွဲလေးပဲ ဖြစ်ပါတယိ။

ချစ်စရာကောင်းတဲ့သားနဲ့သမီးကိုပိုင်ဆိုင်ထားတဲ့အူဝဲတို့ဇနီးမောင်နှံကသာယာချမ်းမြေ့တဲ့မိသားစုဘဝလေးကိုတည်ဆောက်ထားကြတာဖြစ်ပါတယ်။အခုလိုပိတ်ရက်မှာတော့ဦးတီနဲ့တီဝဲတို့စုံတွဲကသားနဲ့သမီးကိုခေါ်ပြီးဘိုးဘိုးဘွားဘွားတွေရဲ့အိမ်ကိုအလည်လိုက်ပို့ပေးခဲ့ပါတယ်။အားလပ်ချိန်လေးမှာပျော်ပျော်ရွှင်ရွှင်အနားယူနေကြတဲ့သူတို့မိသားစုလေးကတော့တကယ့်ကို ကြည်နူးစရာကောင်းလောက်ပါတယ်။

အခုလည်းအူဝဲကသားလေးကိုစိတ်ရှည်လက်ရှည်နဲ့ထမင်းခွံ့ကျွေးနေတဲ့ပြေတီဦးတို့သားအဖနှစ်ယောက်ရဲ့ဗီဒီယိုလေးကိုတင်ပေးထားပါတယ်။ဒါ့အပြင်အူဝဲတို့စုံတွဲကဘိုးဘိုးဘွားဘွားတွေရဲ့အိမ်မှာကလေးတွေနဲ့အတူကာတွန်းကားထိုင်ကြည့်ပေးရင်းပိတ်ရက်ကိုပျော်ပျော်ကြီးဖြတ်သန်းနေကြတာလည်းတွေ့ရပါတယ်။ကဲချစ်ပရိသတ်တွေအတွက်ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့မိသားစုလေးရဲ့ ကြည်နူးစရာ ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Share From Global Myanmar Media