ေႏြရာသီမွာ ရင္ေအးေစမယ့္ အရသာရွိတဲ့ ကိုရီးယား ေခါက္ဆြဲေအး လုပ္စားရေအာင္

ေႏြရာသီမွာ ရင္ေအးေစမယ့္ အရသာရွိတဲ့ ကိုရီးယား ေခါက္ဆြဲေအး လုပ္စားရေအာင္
ရာသီဥတု တျဖည္းျဖည္း ပူလာတာနဲ႔ အစာ စားခ်င္စိတ္ ေပ်ာက္တာ ၊ ခံတြင္း

ပ်က္တာေတြေၾကာင့္ ဘာစားရမလဲ ေခါင္းစားေနၿပီ ဆိုရင္ေတာ့ ေႏြရာသီမွာ ကိုရီးယား လူမ်ိဳးေတြ စားေလ့ရွိတဲ့ ေခါက္ဆြဲေအး ျပဳလုပ္နည္း မွ်ေဝ ေပးခ်င္ပါတယ္ ။

Mul Naengmyeon ဟာ ကိုရီးယားႏိုင္ငံရဲ႕ နာမည္ေက်ာ္ ေႏြရာသီ အစားအစာ တမ်ိဳးျဖစ္ၿပီး ေရခဲေလးေတြ ထည့္ထားတဲ့ ေခါက္ဆြဲေအးပါ ။ ေႏြပူရွိန္ကို အံ့တုႏိုင္မယ့္

ပူေလာင္မႈ ဒဏ္ကို ေမ့သြားေစမယ့္ ကိုရီးယား ေခါက္ဆြဲေအး လုပ္ဖို႔ လိုအပ္တဲ့ ပစၥည္းေတြကေတာ့ —

ကိုရီးယား ပန္းဂ်ဳံေခါက္ဆြဲ
ပန္းသစ္ေတာ္
သခြားသီး

မုန္လာဥခ်ဥ္
ၾကက္ဥ
ႏွမ္း

ပန္းသီးရွာလကာရည္
အမဲ ရင္အုပ္သား
ၾကက္သြန္နီ

ၾကက္သြန္ၿမိတ္
င႐ုပ္ေကာင္း
ဆား အနည္းငယ္တို႔ လိုအပ္ပါတယ္။

အရင္ဆုံး အမဲ ရင္အုပ္ သားေတြကို သန႔္စင္ၿပီး ေရပြက္ပြက္ ဆူတဲ့ထဲ ၁၀ မိနစ္ေလာက္ ထည့္ျပဳတ္ပါ ။ အထဲက ေသြးစ အညစ္အေၾကးေတြ ထြက္လာၿပီဆိုရင္ ေရစစ္ၿပီး သြန္လိုက္ပါ ။

က်န္တဲ့ သန႔္စင္ေနၿပီ ျဖစ္တဲ့ အမဲသားေတြကို ေနာက္ထပ္ ထပ္ျပဳတ္ဖို႔ အိုးထဲ ေရထည့္ ၊ အမဲသားထည့္ ၊ ၾကက္သြန္နီ ၊ ၾကက္သြန္ၿမိတ္ ၊ င႐ုပ္ေကာင္းထည့္ၿပီး ျပဳတ္ရည္ တည္ပါ ။ ႏူးဖို႔ဆိုရင္ ၁ နာရီေလာက္ တည္ရ ပါတယ္ ။

အခ်ိဳရည္ ထြက္လာၿပီ ဆိုရင္ အမဲ ရင္အုပ္သား အသား သက္သက္ ၊ အရည္ သက္သက္ စစ္ထုတ္ လိုက္ပါ ။ နာရီဝက္ ေလာက္ အေအး ခံၿပီးရင္ အသားေတြကို အေနေတာ္ တလုပ္စာ လႊာထားပါ ။

အေအးခံထားတဲ့ အမဲသား ျပဳတ္ရည္ေတြ ထဲကို အခ်ဥ္ေဖာက္ ထားတဲ့ မုန္လာဥ ျဖဴအရည္ ထည့္ ၊ ရွာလကာရည္ ၊ ပန္းသစ္ေတာ္သီး အရည္ ၊ ဆား ၊ သၾကား အနည္းငယ္ ထည့္ပါ ။ အားလုံးကို ေရာေမႊၿပီး အရသာကို ကိုယ့္အႀကိဳက္ ျပင္ဆင္ပါ ။

ကိုယ့္ႀကိဳက္တဲ့ အရသာ ရၿပီဆိုရင္ အလုံပိတ္ ဘူးထဲ ထည့္ၿပီး ေရခဲေသတၱာထဲ ၃ ၊ ၄ နာရီ ေလာက္ ထည့္ထားပါ ။ ပန္းဂ်ဳံ ေခါက္ဆြဲေျခာက္ ျပဳတ္ဖို႔ ေရေႏြးတည္ပါ ။

ပြက္ပြက္ ဆူလာရင္ ေခါက္ဆြဲေျခာက္ ထည့္ျပဳတ္ပါ ။ ႏွစ္သက္တဲ့ အေနထား ရၿပီဆို ေရေအးေအးနဲ႔ ေဆးခ်ၿပီး ေခါက္ဆြဲေပၚ ေရခဲတုံးေတြ ထည့္ၿပီး အေအးခံပါ ။

အားလုံး ျပင္ဆင္ ၿပီးၿပီဆိုရင္ေတာ့ စားဖို ႔ျပင္ဆင္ ရပါေတာ့မယ္ ။ အေအးခံ ထားတဲ့ ျပဳတ္ရည္ေတြကို တေယာက္စာ ေခါက္ဆြဲျပင္ထားတဲ့ ပန္းကန္လုံးထဲထည့္လိုက္ပါ ။

ေခါက္ဆြဲေပၚကေန ပါးပါးလွီး ထားတဲ့ သခြားသီး ၊ အမဲသား ၊ မုန္လာဥခ်ဥ္ ၊ ပန္းသစ္ေတာ္ နဲ႔ ၾကက္ဥျပဳတ္ တျခမ္း တင္ၿပီး ႏွမ္းျဖဴး လိုက္႐ုံနဲ႔ ေႏြရာသီမွာ ရင္ေအးေစမယ့္ အရသာရွိတဲ့ ေခါက္ဆြဲေအး တပြဲ ရပါၿပီ ။

Ref: My Korean Kitchen

Unicode

နွေရာသီမှာ ရင်အေးစေမယ့် အရသာရှိတဲ့ ကိုရီးယား ခေါက်ဆွဲအေး လုပ်စားရအောင်

ရာသီဥတု တဖြည်းဖြည်း ပူလာတာနဲ့ အစာ စားချင်စိတ် ပျောက်တာ ၊ ခံတွင်း ပျက်တာတွေကြောင့် ဘာစားရမလဲ ခေါင်းစားနေပြီ ဆိုရင်တော့ နွေရာသီမှာ

ကိုရီးယား လူမျိုးတွေ စားလေ့ရှိတဲ့ ခေါက်ဆွဲအေး ပြုလုပ်နည်း မျှဝေ ပေးချင်ပါတယ် ။

Mul Naengmyeon ဟာ ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် နွေရာသီ အစားအစာ တမျိုးဖြစ်ပြီး ရေခဲလေးတွေ ထည့်ထားတဲ့ ခေါက်ဆွဲအေးပါ ။ နွေပူရှိန်ကို

အံ့တုနိုင်မယ့် ပူလောင်မှု ဒဏ်ကို မေ့သွားစေမယ့် ကိုရီးယား ခေါက်ဆွဲအေး လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့ —
ကိုရီးယား ပန်းဂျုံခေါက်ဆွဲ

ပန်းသစ်တော်
သခွားသီး
မုန်လာဥချဉ်

ကြက်ဥ
နှမ်း
ပန်းသီးရှာလကာရည်

အမဲ ရင်အုပ်သား
ကြက်သွန်နီ
ကြက်သွန်မြိတ်

ငရုပ်ကောင်း
ဆား အနည်းငယ်တို့ လိုအပ်ပါတယ်။

အရင်ဆုံး အမဲ ရင်အုပ် သားတွေကို သန့်စင်ပြီး ရေပွက်ပွက် ဆူတဲ့ထဲ ၁၀ မိနစ်လောက် ထည့်ပြုတ်ပါ ။ အထဲက သွေးစ အညစ်အကြေးတွေ ထွက်လာပြီဆိုရင် ရေစစ်ပြီး သွန်လိုက်ပါ ။

ကျန်တဲ့ သန့်စင်နေပြီ ဖြစ်တဲ့ အမဲသားတွေကို နောက်ထပ် ထပ်ပြုတ်ဖို့ အိုးထဲ ရေထည့် ၊ အမဲသားထည့် ၊ ကြက်သွန်နီ ၊ ကြက်သွန်မြိတ် ၊ ငရုပ်ကောင်းထည့်ပြီး ပြုတ်ရည် တည်ပါ ။ နူးဖို့ဆိုရင် ၁ နာရီလောက် တည်ရ ပါတယ် ။

အချိုရည် ထွက်လာပြီ ဆိုရင် အမဲ ရင်အုပ်သား အသား သက်သက် ၊ အရည် သက်သက် စစ်ထုတ် လိုက်ပါ ။ နာရီဝက် လောက် အအေး ခံပြီးရင် အသားတွေကို အနေတော် တလုပ်စာ လွှာထားပါ ။

အအေးခံထားတဲ့ အမဲသား ပြုတ်ရည်တွေ ထဲကို အချဉ်ဖောက် ထားတဲ့ မုန်လာဥ ဖြူအရည် ထည့် ၊ ရှာလကာရည် ၊ ပန်းသစ်တော်သီး အရည် ၊ ဆား ၊ သကြား အနည်းငယ် ထည့်ပါ ။ အားလုံးကို ရောမွှေပြီး အရသာကို ကိုယ့်အကြိုက် ပြင်ဆင်ပါ ။

ကိုယ့်ကြိုက်တဲ့ အရသာ ရပြီဆိုရင် အလုံပိတ် ဘူးထဲ ထည့်ပြီး ရေခဲသေတ္တာထဲ ၃ ၊ ၄ နာရီ လောက် ထည့်ထားပါ ။ ပန်းဂျုံ ခေါက်ဆွဲခြောက် ပြုတ်ဖို့ ရေနွေးတည်ပါ ။

ပွက်ပွက် ဆူလာရင် ခေါက်ဆွဲခြောက် ထည့်ပြုတ်ပါ ။ နှစ်သက်တဲ့ အနေထား ရပြီဆို ရေအေးအေးနဲ့ ဆေးချပြီး ခေါက်ဆွဲပေါ် ရေခဲတုံးတွေ ထည့်ပြီး အအေးခံပါ ။

အားလုံး ပြင်ဆင် ပြီးပြီဆိုရင်တော့ စားဖို့ပြင်ဆင် ရပါတော့မယ် ။ အအေးခံ ထားတဲ့ ပြုတ်ရည်တွေကို တယောက်စာ ခေါက်ဆွဲပြင်ထားတဲ့ ပန်းကန်လုံးထဲထည့်လိုက်ပါ ။

ခေါက်ဆွဲပေါ်ကနေ ပါးပါးလှီး ထားတဲ့ သခွားသီး ၊ အမဲသား ၊ မုန်လာဥချဉ် ၊ ပန်းသစ်တော် နဲ့ ကြက်ဥပြုတ် တခြမ်း တင်ပြီး နှမ်းဖြူး လိုက်ရုံနဲ့ နွေရာသီမှာ ရင်အေးစေမယ့် အရသာရှိတဲ့ ခေါက်ဆွဲအေး တပွဲ ရပါပြီ ။

Ref: My Korean Kitchen