ဘယ်တော့မှ ချမ်းသာတဲ့အရှိန်အဝါနဲ့မမောက်ကြွားဖို့ သမီးနှစ်ယောက်ကို သင်ပေးထားတယ် ဆိုတဲ့ စမိုင်းလ်

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမော်ဒယ်လ် ၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ စမိုင်းလ်ဟာ လက်ရှိမှာ စီးပွားရေးပညာရှင်အမျိုးသမီးတစ်ယောက်၊ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်အဖြစ် အောင်မြင်သော ဘဝနေထိုင်မှုလေးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ တစ်ချိန်က မော်ဒယ်လ် သရုပ်ဆောင် မင်းသမီးတစ်ယောက်အဖြစ် စန်းကောင်းနေချိန်မှာ သူမရဲ့ ချစ်သူ ဖြစ်သူနဲ့ အိမ်ထောင်ပြုကာ ပြည်ပနိုင်ငံမှာ ထွက်ခွာနေထိုင်ခဲ့ပြီး ဘ၀ကို ရိုးရိုးသားသားနဲ့အောက်ခြေသိမ်း အလုပ်က စတင်လို့ ယနေ့မှာ ချမ်းသာလာတဲ့ ထိ ကြိုးစားနိုင်ခဲ့တာဖြစ်ပါတယ်။

အနုပညာအလုပ်ကို လုပ်စရာ မလိုတော့အောင် ချမ်းသာနေပြီး ဖြစ်သော်လည်း စမိုင်းလ်ဟာ သူမရဲ့ ၀ါသနာကို ယနေ့တိုင်မစွန့်လွတ်သေးပဲ စံပြ အိမ်ထောင်ရှင်၊ အနုပညာရှင်တစ်ယောက် အဖြစ် ပရိသတ်တွေအတွက် ကြိုးစားနေဆဲဖြစ်ပါတယ်။

လက်ရှိ စမိုင်းလ်မှာ ချစ်စရာသမီးလေး (၂)ယောက်ပိုင်ဆိုင်ထားပြီး အကြီးလေးဖြစ်တဲ့ သမီးလေး Portia ကတော့ လက်ရှိမှာ (၁၃) နှစ်အရွယ်သာရှိပါသေးသလို သူမကတော့ အမေဖြစ်သူရဲ့ ခြေရာကို နှင်းလို့ မော်ဒယ်လ်တစ်ယောက် အဖြစ် အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီဖြစ်ပါတယ်။

သမီးလေးနှစ်ယောက်လုံးကို လိမ္မာရေးခြားရှိအောင် အမြဲတမ်းဆုံးမ သွန်သင်လေ့ရှိသူ စမိုင်းလ်ကတော့ သူမရဲ့ ချမ်းသာကြွယ်ဝမှု ကြောင့်ပင်ဖြစ်စေ ၊ ဘယ်လိုမျိုးသော ဂုဏ်အရှိန်အ၀ါ ကြောင့်ပင်ဖြစ်စေ မ မော်ကြွားဖို့ သွန်သင်ထားတယ်လို့  ဆိုပါတယ်။

ဘဝမှာဒေါင်ကျကျပြားကျကျနေတတ်အောင်သင်ပေးထားသလို ဆုံးမထားတဲ့ အတိုင်း ဘယ်နေရာမဆိုအေးအေးဆေးဆေးနေတတ်တဲ့ သူမရဲ့ သမီးလေးနှစ်ယောက်ကို သိပ်ချစ်တဲ့ အကြောင်းတွေကို ဖွင့်ဟ လာမို့ စိတ်ချမ်းသားစရာ ကောင်းတဲ့ စမိုင်းလ်တို့ သားအမိတွေရဲ့ ပုံလေးတွေနဲ့ အတူ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်နော်။credit-celegabar

Share From Lucky Myanmar