ကမ္ဘာကျော် ဂုတ်ထိပ်တံတားထက်မှာ သဘာဝတရားကြီးနဲ့အပြိုင် လှနေတဲ့ အိချောပို

သရုပ်ဆောင် မင်းသမီးချောလေး အိချောပိုကတော့ ကိုယ်လုံးကိုယ်ပေါက် လှပပြီး မြင်သူတိုင်းက စွဲမက်ရတဲ့ အလှပိုင်ရှင်လေး ဖြစ်ပါတယ်။ အိချောပိုက တစိမ့်စိမ့်ကြည့်လေ လှလေဆိုသလို ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ စွဲမက်ဖွယ်ကောင်းတဲ့ ကောက်ကြောင်းအလှတွေကြောင့် ယောက်ျားလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတာပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်မင်းသမီးအဖြစ် ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေရတဲ့ အိချောပိုက တစ်နေ့တစ်ခြား ပိုမိုအောင်မြင်မှုရလာတာ ဖြစ်ပါတယ်။

လက်ရှိမှာ အိချောပိုက ”ချိုးရုပ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို သရုပ်ဆောင် မြင့်မြတ်နဲ့အတူ ရိုက်ကူးနေတာ ဖြစ်ပါတယ်။ သင်္ကြန်ပြီးပြီးချင်းမှာပဲ ရှမ်းပြည်နယ်၊ နောင်ချိုကို ခရီးထွက်ခဲ့တဲ့ အိချောပိုက အခုလည်း ကမ္ဘာကျော် ဂုတ်ထိပ်တံတားကြီးကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ အိချောပိုက ဂုတ်ထိပ်တံတားကြီးနဲ့အတူ အလှပဆုံးဓာတ်ပုံတွေကိုလည်း ဖန်တီးရိုက်ကူးခဲ့ပါတယ်။

မြန်မာဝတ်စုံလေးနဲ့ အလှပေါ်အယဉ်ဆင့်နေတဲ့ အိချောပိုကတော့ သဘာဝတရားကြီးနဲ့အပြိုင် လှချင်တိုင်းလှနေတာပဲ ဖြစ်ပါတယ်။ အခုလည်း အိချောပိုက ဂုတ်ထိပ်တံတားရောက် အမှတ်တရဆိုပြီး သူမရဲ့ အလှပုံရိပ်တွေကို တင်ပေးထားတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော အိချောပိုရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ အလှပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Ei Chaw Po;

“Myanmarload
Share From Lovely Myanmar