နေပူတာ ကြက်ဥတောင် ကြော်လို့ရတယ်ဆိုပြီး ကြော်ပြတဲ့သူ ရဲကဖမ်းဆီးစစ်ဆေး ထောင်ဒဏ်ငါးနှစ်အထိ အပြစ်ပေးနိုင်

နေပူလွန်းလို့  ကြက်ဥကြော်ရကြောင်း ရုပ်သံတင်ခဲ့သူအား ထိုင်းမြောက်ပိုင်း ရဲတပ်ဖွဲ့ က စစ်ဆေး

April 20 ,2019 ထိုင်းမြောက်ပိုင်း လမ်းပန်းမှာ နေအရမ်းပူလာပြီး ကြက်ဥကြော်ရတယ်လို့  ယခုရက်ပိုင်းအတွင်း ထိုင်းဆိုရှယ် မီဒီယာတွေမှာ ပေါက်နေတဲ့ရုပ်သံ ကို တင်တဲ့ ပိုင်ရှင် က

သူဟာ မီးဖိုပေါ်မှာ ဆီဒယ်အိုးတင်ထားပြီး ဆီပူလာမှ ဒယ်အိုးကို နေပူထဲကိုယူထုတ်လာပြီး ကြက်ဥကြော်ပြ နောက်ပြောင်ခဲ့တာပါလို့  ၀န်ခံခဲ့ကြောင်းသိရပါတယ်။

သူ့ ရုပ်သံကို နိုင်ငံတကာသတင်းတွေမှာပါဖေါ်ပြလာနေလို့  ရဲတပ်ဖွဲ့ က ဒီဖြစ်ရပ်ကို အဖြစ်မှန်မမှန် စစ်ဆေးခဲ့ရပါတယ်၊ ခုလို မဟုတ်မမှန် လုပ်ကြံပြီး ပို့ စ် တင်လို့ အဖွဲ့ အစည်း နိုင်ငံ အကျိုး ထိခိုက်တယ်ဆိုရင် ကွန်ပြူတာဥပဒေအရ တရားစွဲလို့ ရပြီး ထောင်ဒဏ်ငါးနှစ်အထိ အပြစ်ပေးနိုင်ပါတယ်။

သူတင်ခဲ့တဲ့ရုပ်သံ

SAW