နှစ်ဦးအလှူအဖြစ် ရပ်ဆွေရပ်မျိုးတွေကို ထမင်းရည်ချောင်းစီးမောင်းတီးလို့ လှူဒါန်းခဲ့တဲ့ အေးမြတ်သူ

ပရိသတ်ကြီးရေ အကယ်ဒမီ မင်းသမီးလေး အေးမြတ်သူကတော့ အနုပညာကို စိတ်ရောကိုယ်ပါ နှစ်ပြီးကြိုးစားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။အေးမြတ်သူက အနုပညာလောကထဲကို သာမာန်ဘဝကနေ ဝင်ရောက်လာခဲ့ပြီး ယခုလိုအခြေအနေမျိုးထိဖြစ်အောင် တစ်ဆင့်ချင်းတက်၍တစ်လှမ်းချင်းကြိုးစားခဲ့တဲ့သူပါ။အေးမြတ်သူရဲ့ ပထမဦးဆုံးအနုပညာအလုပ်က မော်ဒယ်ဖြစ်ပြီးနောက်ပိုင်းမှာတော့ ကြော်ငြာတွေရိုက်ကူးလာကာ ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်လာတာကိုတွေ့ရပါတယ်။

အေးမြတ်သူရဲ့ သရုပ်ဆောင်ချက်အိုင်တင်တွေက အရမ်းကိုပီပြင်တာဖြစ်လို့ ကြည့်ရှု့နေတဲ့ ပရိသတ်ကြီးကို ဇာတ်ကားအဆုံးထိရောက်အောင် ဆွဲခေါ်သွားနိုင်ပါတယ်။

အခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်လာရပြီး ကောင်းမွန်တဲ့ ဇာတ်ရုပ်ဆိုလည်း သရုပ်ဆောင်နိုင်သလို ဗီလိန်ဇာတ်ရုပ်ဆိုလည်း အရမ်းကိုပီပြင်ပိုင်နိုင်လှပါတယ်

။အေးမြတ်သူကို အားပေးချစ်ခင်တဲ့ ပရိသတ်တွေကလည်း တစ်နေ့ထက်တစ်နေ့များပြားလာပြီဖြစ်လို့ အေးမြတ်သူကတော့ အောင်မြင်နေပြီလို့ ဆိုလို့ရပါပြီနော်။


အေးမြတ်သူက စိတ်စေတနာဖြူစင်တဲ့ သူတစ်ယောက်ဖြစ်လို့ မျက်နှာလေးက အေးချမ်းကြည်လင်ကာ အရမ်းကိုချစ်စရာကောင်းပါတယ်။အေးမြတ်သူက လူတန်းစားခွဲခြားမှု မရှိဘဲ လူတိုင်းကို ဖော်ရွေစွာဆက်ဆံလို့ ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းတဲ့ မင်းသမီးတစ်လက်ပါ။အေအးမြတ်သူရဲ့ စိတ်ထားလေးမွန်မြတ်တာကို ပရိသတ်တွေက ချီးကျူးပြီး အရမ်းချစ်နေရတာဖြစ်ပါတယ်။

အခုဆိုရင်လည်း အေးမြတ်သူက နှစ်ဦးအလှူအဖြစ် ရပ်ဆွေရပ်မျိုးတွေကို ထမင်းရည်ချောင်းစီးမောင်းတီး လို့ လှူဒါန်းခဲ့တဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို မျှဝေလိုက်ပါတယ်နော်။

Source:Aye Myat Thu credit-myanmarload

Share From Lucky Myanmar