ဒီကေန႔ ဆရာေလးစရဏကာမီ အျဖစ္နဲ႔ သီလရွင္ဝတ္သြားတဲ့ သ႐ုပ္ေဆာင္ နန္းစႏၵာလွထြန္း

For Zawgyi

ဒီကေန႔ ဆရာေလးစရဏကာမီ အျဖစ္နဲ႔ သီလရွင္ဝတ္သြားတဲ့ သ႐ုပ္ေဆာင္ နန္းစႏၵာလွထြန္း

သ႐ုပ္ေဆာင္ နန္းစႏၵာလွထြန္းကေတာ့ တတ္သစ္စ သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္ေပမဲ့လဲ ပရိသတ္ အခိုင္အမာ ရရွိထားၿပီး အနပညာေလာကမွာ နာမည္ တစ္လုံးနဲ႔ ရပ္တည္ေနႏိုင္သူေလးပဲ ျဖစ္ပါတယ္ ။ MRTV-4 ဇာတ္လမ္းတြဲေတြကေန ပရိသတ္ အားေပးမႈ အမ်ားအျပား ရရွိလာခဲ့တဲ့ မင္းသမီးေခ်ာေလး တစ္ေယာက္ဆိုလည္း မမွားပါဘူး ။

ဒီေန႔မွာေတာ့ နန္းစႏၵာလွထြန္းဟာ သနာ့ေဘာင္သို႔ ဝင္ေရာက္သြားခဲ့တာပဲ ျဖစ္ပါတယ္ ။ နန္းစႏၵာလွထြန္းက “(၇)ရက္သားသမီး ပရိသတ္မ်ား အားလံုးႏွင့္ ေက်းဇူးရွင္ မိဘ ၊ ဆရာသမားမ်ားအား အမွဴးထား၍ ကာယကံ ၊ ဝစီကံ ၊ မေနာကံ ႏွင့္ ျပစ္မွားမိခဲ့သည္ ရွိပါက အမွားမ်ားကို ဝန္ခ်ကန္ေတာ့ရင္း ဆရာေလး စရဏကာမီ အျဖစ္ ခဏတာ မိမိျပဳေသာ ကုသိုလ္အား ျမင္အပ္ မျမင္အပ္ႏွင့္ (၇)ရက္ သားသမီးမ်ား အားလံုး သာဓု ေခၚဆိုႏိုင္ၾကပါေစ ” လို႔ သူမရဲ႕ Facebook မွာ ေရးသား ထားပါတယ္ ။

ပရိသတ္ႀကီးအတြက္ မယ္သီလရွင္ ဝတ္သြားတဲ့ နန္းစႏၵာလွထြန္းရဲ႕ ပံုရိပ္ေလးေတြကို ေဖာ္ျပေပးလိုက္ ပါတယ္ေနာ္ ။ ပရိသတ္ႀကီးကလဲ နန္းစႏၵာလွထြန္းအတြက္ သာဓု ေခၚေပးခဲ့ၾကပါဦးေနာ္ ။ ဖတ္ရႈ႕ေပးခဲ့ပါေသာ ပရိတ္သတ္ႀကီးအားလံုးကို ေက်းဇူးအထူးတင္ရွိပါတယ္ ။

ခရက္ဒစ္

For Unicode

ဒီကနေ့ ဆရာလေးစရဏကာမီ အဖြစ်နဲ့ သီလရှင်ဝတ်သွားတဲ့ သရုပ်ဆောင် နန်းစန္ဒာလှထွန်း

သရုပ်ဆောင် နန်းစန္ဒာလှထွန်းကတော့ တတ်သစ်စ သရုပ်ဆောင်တစ်ယောက် ဖြစ်ပေမဲ့လဲ ပရိသတ် အခိုင်အမာ ရရှိထားပြီး အနပညာလောကမှာ နာမည် တစ်လုံးနဲ့ ရပ်တည်နေနိုင်သူလေးပဲ ဖြစ်ပါတယ် ။ MRTV-4 ဇာတ်လမ်းတွဲတွေကနေ ပရိသတ် အားပေးမှု အများအပြား ရရှိလာခဲ့တဲ့ မင်းသမီးချောလေး တစ်ယောက်ဆိုလည်း မမှားပါဘူး ။

ဒီနေ့မှာတော့ နန်းစန္ဒာလှထွန်းဟာ သနာ့ဘောင်သို့ ဝင်ရောက်သွားခဲ့တာပဲ ဖြစ်ပါတယ် ။ နန်းစန္ဒာလှထွန်းက “(၇)ရက်သားသမီး ပရိသတ်များ အားလုံးနှင့် ကျေးဇူးရှင် မိဘ ၊ ဆရာသမားများအား အမှူးထား၍ ကာယကံ ၊ ဝစီကံ ၊ မနောကံ နှင့် ပြစ်မှားမိခဲ့သည် ရှိပါက အမှားများကို ဝန်ချကန်တော့ရင်း ဆရာလေး စရဏကာမီ အဖြစ် ခဏတာ မိမိပြုသော ကုသိုလ်အား မြင်အပ် မမြင်အပ်နှင့် (၇)ရက် သားသမီးများ အားလုံး သာဓု ခေါ်ဆိုနိုင်ကြပါစေ ” လို့ သူမရဲ့ Facebook မှာ ရေးသား ထားပါတယ် ။

ပရိသတ်ကြီးအတွက် မယ်သီလရှင် ဝတ်သွားတဲ့ နန်းစန္ဒာလှထွန်းရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက် ပါတယ်နော် ။ ပရိသတ်ကြီးကလဲ နန်းစန္ဒာလှထွန်းအတွက် သာဓု ခေါ်ပေးခဲ့ကြပါဦးနော် ။ ဖတ်ရှု့ပေးခဲ့ပါသော ပရိတ်သတ်ကြီးအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ် ။

ခရက်ဒစ်