ဘိတ်ကျွန်းမှာ ပင်လယ်ကြီးကိုနောက်ခံထားပြီး အရမ်းကိုလှနေကြတဲ့ ခိုင်သင်းကြည်တို့သားအမိ

ပရိသတ်ကြီးရေ အကယ်ဒမီခိုင်သင်းကြည်တို့ မိသားစုသုံးယောက်က အေးချမ်းစိုပြေကာ တစ်ယောက်ကိုတစ်ယောက်နားလည်ဖေးမရင်း အေးအတူပူအမျှဖြတ်သန်းနေကြတဲ့ အရမ်းကို ချစ်စရာကောင်းတဲ့ မိသားစုလေးပဲဖြစ်ပါတယ်။

မိသားစုသုံးယောက်က ကိုယ့်တာဝန်ကိုယ်ကျေပွန်ပြီး မေတ္တာများနဲ့ တည်ဆောက်ထားကြပါတယ်။ခိုင်သင်းကြည်ရဲ့ ချစ်ခင်ပွန်းကတော့ ဇနီးနဲ့သမီးအပေါ်ကို အလိုလိုက်ကာ လိုလေသေးမရှိ ဖြည့်ဆည်းပေးတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပါ။

ခိုင်သင်းကြည်က အနုပညာလောကထဲကို ဟိုးအရင်ချိန်ကတည်းက ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်များစွာကို ရရှိခဲ့တဲ့မင်းသမီးတစ်လက်ပါ။

ခိုင်သင်းကြည်က ယခုချိန်ထိလည်း အနုပညာအလုပ်တွေကို ကြိုးစားလုပ်နေပြီး ပရိသတ်မေတ္တာနဲ့ ရှင်သန်နေဆဲ ဖြစ်ပါတယ်။ခိုင်သင်းကြည်ရဲ့ သမီးလေး စံထိပ်ထားဦးကလည်း မိခင်ရဲ့ အနုပညာအရည်အသွေးတွေ ပါလာတဲ့သမီးလေးပါ။ထိပ်ထိပ်လေးက ကြော်ငြာတွေလက်ခံ ရိုက်ကူးနေပြီး ဇာတ်ကားတွေမှာတော့ အသက်ရွယ်ငယ်သေးတာကြောင့် မပါဝင်သေးပါဘူး။


ထိပ်ထိပ်လေးက အရမ်းကိုချစ်စရာကောင်းပြီး ဖြူစင်တဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ပါ။စိတ်ထားလေးလည်းကောင်းပြီး ဖော်ရွေတတ်လို့ လူချစ်လူခင်များပြီး မိတ်ဆွေသူငယ်ချင်းပေါများပါတယ်။

ခိုင်သင်းကြည်ကလည်း ဆယ်ကျော်သက်သမီးလေးအရွယ်ရောက်လာတာတောင် သူမရဲ့အလှအပကတော့ ဟိုအရင်တုန်းကလို နုငယ်ပျိုမျစ်နေဆဲပါ။ခန္ဓာကိုယ်ကလည်း အရမ်းလှလို့ အပျိုတွေရှုံးလောက်ပါတယ်နော်။အခုဆိုရင်တော့ ခိုင်သင်းကြည်တို့မိသားစုက ဘိတ်ကျွန်းကိုရောက်နေပြီး သားအမိနှစ်ယောက်အရမ်းလှနေတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။

Source:Khine Thin Kyi/San Htate Htar Oo credit-myanmarlaod

Share From Lucky Myanmar