You are here
Home > Health > ခြင်မလာစေရန် သဘာဝနည်းဖြင့် ကာကွယ်နိုင်မည့် နည်းလမ်းများ
For Zawgyi
၁။ သဘာဝပေါက်ပင်များ
၎။ ပန်းသီးရှာလကာရည်
၅။ ဆပ်ပြာရည်၏
၆။ ကြက်သွန်ဖြူ
Ref : Bright Side
For Unicode
ခြင်မလာစေရန် သဘာဝနည်းဖြင့်ကာကွယ်နိုင်မည့် နည်းလမ်းများ
ပျော်ရွှင်နေတဲ့ အားလပ်ရက်တွေကို ခြင်တွေက ဖျက်ဆီးတတ်ကြပါတယ် ။ ခြင်တွေက လူတွေရဲ့ အနံ့ကို မှတ်မိတတ်ကြပါတယ်တဲ့ ။ ဓာတုဆေးတွေ မသုံးဘဲ ခြင်ကို ကာကွယ်နိုင်ပါတယ် ။
၁။ သဘာဝပေါက်ပင်များ
ခြင်တွေ ရောက်လာပြီဆိုရင် ဓာတုဆေးတွေနဲ့ပဲ ကာကွယ်လို့ရတာ မဟုတ်ပါဘူး ။ သဘာဝဆေးပင်တွေနဲ့လည်း ခြင်ကို ကာကွယ်လို့ပါတယ် ။ နောက်ဖေးက မြေကွက်လပ် (သို့) ခြံလေးထဲမှာ ပင်စိမ်းပင် ၊ ကြက်သွန်ဖြူ ၊ တောနှံပင် ၊ လာဗင်ဒါပန်း ၊ ထပ်တစ်ရာပန်းတို့ကို စိုက်ပျိုးခြင်းဖြင့် ခြင်ကို ကာကွယ်နိုင်ပါတယ် ။
၂။ လာဗင်ဒါဖျန်းဆေးနဲ့ ရေမွှေး
ခြင်တွေက လာဗင်ဒါပန်းကို ကြောက်ကြပါတယ် ။ လာဗင်ဒါပန်းနဲ့ ပြုလုပ်ထားတဲ့ ဖျန်းဆေး ဒါမှမဟုတ် ရေမွှေးတွေကို ခန္ဓာကိုယ်မှာ ဖျန်းဆွတ်နိုင်ပါတယ် ။ လာဗင်ဒါပန်းက ခန္ဓာကိုယ်အတွက် သင့်တော်ပါတယ် ။ ဓာတုဆေးပါဝင်တဲ့ ဖျန်းဆေးနဲ့ ခရင်တွေက အရေပြားမှာ အဖုအပိန့် ထခြင်းကို ကာကွယ်ပေးပါတယ် ။ လာဗင်ဒါပန်း ချစ်သူတွေအတွက်တော့ တကယ် သင့်တော်ပါတယ် ။
၃။ အမွှေးနံ့သာများဖြင့် ပြုလုပ်ထားသော ဖယောင်းတိုင်
အိမ်မှာ ခြင်မလာစေတဲ့ အပင်တွေစိုက်ဖို့ အဆင်မပြေရင် အမွှေးနံ့သာနဲ့ ပြုလုပ်ထားတဲ့ ဖယောင်းတိုင်ကို သုံးနိုင်ပါတယ် ။ သူ့မှာ ဘေးထွက်ဆိုးကျိုး မရှိပါဘူး ။ ခြင်သာမက တခြားအင်းဆက် ပိုးမွှားတွေကိုလည်း ကာကွယ်နိုင်ပါတယ် ။ အိမ်မှာရှိတဲ့ အမွှေးနံ့သာတွေနဲ့လည်း ဖယောင်းတိုင်ကို ပြုလုပ်နိုင်ပါတယ် ။
၄။ ပန်းသီးရှာလကာရည်
ပန်းသီး ရှာလကာရည်ကလည်း ခြင်ကို ကာကွယ်ပေးနိုင်တယ်ဆိုရင် အံ့ဩသွားမှာပဲနော် ။ ခြင်ကိုက်ခံရပြီဆိုရင် ပန်းသီးရှာလကာရည်နဲ့ပတ်ဝန်းကျင်တစ်ဝိုက်ကို ပက်ဖျန်းနိုင်ပါတယ် ။ ဒါ့အပြင် တခြား အမွှေးရနံ့တွေနဲ့လည်း ဖျန်းနိုင်ပါတယ် ။ အင်းဆက်တွေ များတဲ့နေရာမှာ ပန်းသီးရှာလကာရည်ကို ထားနိုင်ပါတယ် ။
၅။ ဆပ်ပြာရည်၏
မြေကွက်လပ်လေးမှာ မိသားစုတွေစုံပြီး ညစာ စားမယ်ဆိုရင် ဒါမှမဟုတ် အိမ်အပြင်မှာ ထွက်ပြီး စာဖတ်ချင်တယ်ဆိုရင် ဆပ်ပြာရည်ကို ပန်းကန်တစ်လုံးထဲမှာ ထည့်ပြီး အနီးအနားမှာ ထားလိုက်ပါ ။ အချိန်အနည်းငယ်ကြာရင်တော့ ခြင်တွေဟာ ဆပ်ပြာရည်ထဲမှာ ပြုတ်ကျနေတာကို တွေ့ရမှာပါ ။
၆။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူ စားခြင်းက ခြင်ကိုက်ခံရခြင်းမှ ကင်းဝေးနိုင်ပါတယ် ။ ကြက်သွန်ဖြူ ကြိုက်တတ်သူတွေအတွက် ကောင်းပါတယ် ။ ကြက်သွန်ဖြူ မကြိုက်ရင်တော့ မစားပါနဲ့ ။ ကြက်သွန်ဖြူကို ပြုတ်ထားတဲ့ အရည်ကို ခြင်ရှိတဲ့နေရာကို ဖျန်းပေးလိုက်ပါ ။
Zombie(Loveshortnotes)
Ref : Bright Side
Top
//whoursie.com/4/3018672