ဂျပန်နိုင်ငံမှာ မြန်မာဝတ်စုံလေးဝတ်ပြီး မြန်မာမိန်းမပျိုလေးတစ်ယောက်ရဲ့အလှကို ပြသခဲ့တဲ့ ရွှေကစ်

ရွှေကစ်လေးလို့ဆိုလိုက်တာနဲ့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးချောလေးဆိုတာ လူတိုင်းသိကြမှာပါ။ သူမရဲ့ချစ်စဖွယ်အသံလေးရယ် ပြစ်မျိုးမှဲ့မထင်အလှတရားတွေကြောင့် ပရိသတ်တွေကသည်းသည်းလှုပ်အချစ်တွေ ပိုနေရတာပါ။

လတ်တလောမှာလည်း ရုပ်ရှင်ကားကြီးများနဲ့ကြော်ငြာတွေတောက်လျှောက်ရိုက်ကူးနေရပြီး ပွဲအခမ်းအနားတွေလည်း ဆက်တိုက်တက်ရောက်နေရတာပါ။ သူမရဲ့ဖက်ရှင်လေးတွေဟာလည်း လူတိုင်းကိုအံ့သြငေးမောစေနိုင်လွန်းတာလည်း ဖြစ်ပါတယ်။

ရွှေကစ်လေးဟာ ယခုတစ်ခေါက်မှာလည်း ဂျပန်နိုင်ငံကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ သူမဟာ “ JAPAN နိုင်ငံ OKINAWA မြို့မှာ ကျင်းပနေတဲ့11 ကြိမ်မြောက် OKINAWA International Movie Festival မှာ ကစ်တို့ရဲ့ My Country My Home ဇာတ်ကားပါဝင် ပြသဖြစ်တဲ့အမှတ်တရလေးပါ။ ” ဆိုပြီး လူမှုကွန်ယက်စာမျက်နှာမှာ ဝေမျှထားတာပါ။ သူမဟာဒီပွဲလေးမှာ မြန်မာဆန်ဆန်ဝတ်စုံလေးနဲ့ ရိုးရိုးရှင်းရှင်းလေးတက်ရောက်လာတာပါ။ ပရိသတ်တွေလည်း ရွှေကစ်ရဲ့ပုံရိပ်လေးတွေကို ကြည့်ရှုကြပါဦးနော်။

Source- Wutt Hmone Shwe Yi

Share From swelsonenews