ထက်ထက်မိုးဦး အအောင်မြင်ဆုံးအချိန်က အနုပညာရှင်စုံလင်စွာနဲ့ ကျင်းပခဲ့တဲ့ မွေးနေ့ဗီဒီယို

တခေတ်တခါက အရမ်းကို အောင်မြင်ခဲ့ပြီး ကြော်ငြာမှာရော ရုပ်ရှင်ဖက်မှာရော သူမှသူဖြစ်ခဲ့တဲ့ ထိပ်တန်းမင်းသမီး ထက်ထက်မိုးဦးကိုတော့ မသိတဲ့သူ မရှိလောက်ပါဘူး။ ထက်ထက်မိုးဦးကတော့ အရမ်းကိုအောင်မြင်ခဲ့ပြီး ပရိသတ်အပေါ်ကို လွှမ်းမိုးမှုလည်း တော်တော်ကို ကြီးမားခဲ့ပါတယ်။ လက်ရှိမှာတော့ ထက်ထက်မိုးဦးတယောက် အနုပညာလုပ်ငန်းတွေနဲ့ အနည်းကင်းကွာနေသော်လည်း သူမရဲ့ ပရိသတ်တွေကတော့ ရှိနေတုန်းပါပဲ။

ထက်ထက်မိုးဦးတယောက် အောင်မြင်ခဲ့စဉ်အချိန်တုန်းကတော့ လက်ရှိမှာ မင်းသားမင်းသမီးကြီးတွေ အဖြစ် ရပ်တည်နေတဲ့ အနုပညာရှင်တော်တော်များများကလည်း နုနုပျိုပျိုနဲ့ လှပနေကြဆဲပါ။ လက်ရှိအွန်လိုင်းပေါ်မှာ တဖန်ပြန်နှံလာတဲ့ ထက်ထက်မိုးဦးမွေးနေ့တုန်းက အနုပညာရှင်တော်တော်များများ ပါဝင်ပြီး ကြည်နူးစရာ မြင်ကွင်းလေးကတော့ ပရိသတ်တွေကြားမှာ ပြန့်နှံလို့နေပါတယ်။

ဒီဗီဒီယိုလေးမှာတော့ ထက်ထက်မိုးဦးရဲ့ မွေးနေ့မှာ အနုပညာစုံစုံလင်လင်ကိုတွေ့ရမှာ ဖြစ်ပြီး သူတို့ရဲ့ ပြန်မတွေ့နိုင်တော့တဲ့ အလှဆုံးအချိန်က ပုံရိပ်လေးတွေကို မြင်ရမှာပါ။ ဗီဒီယိုလေးထဲမှာတော့ ထိပ်တန်းမင်းသားတွေ ဖြစ်တဲ့ ဒွေး၊ ရန်အောင်၊ လွင်မိုး၊ ရဲအောင်တို့ရဲ့ ငယ်ဘဝပုံရိပ်လေးတွေနဲ့ အခြားမင်းသားတွေလည်း ပါဝင်ပါတယ်။ အဆိုတော်တွေဖြစ်ကြတဲ့ တင်ဇာမော်၊ ချောစုခင်၊ လေးလေးဝါး၊ ယုဇန၊ ကော်နီ အစရှိတဲ့ ထိပ်တန်းအဆိုတော်တွေ အပြင် ထိပ်တန်းမင်းသမီးတွေ ဖြစ်ကြတဲ့ ထွန်းအိန္ဒြာဗိုလ်၊ မေသန်းနု၊ လင်းဇာနည်ဇော်၊ ခိုင်သင်းကြည်၊ ရတနာခင် တို့ကိုလည်း တစုတစည်းထဲ ဒီဗီဒီယိုလေးမှာ တွေ့မြင်ရမှာပါ။

ပရိသတ်ကြီးကိုလည်း တချိန်ကရော လက်ရှိမှာရော အောင်မြင်နေတဲ့ မင်းသားတွေ မင်းသမီးတွေ အဆိုတော်တွေရဲ့ ငယ်ဘဝပုံရိပ်လေးတွေကို ပြန်လည်မြင်တွေ့လို့ရမယ့် ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်။ ဒီထဲမှာလည်း ကိုယ်အရမ်းကြိုက်ခဲ့ရတဲ့ သူတွေပါမယ်လို့ ထင်ပါတယ်။

Video ကြည့်ရန်

Source : nanmalgyi

Share From swelsonenews