သင့်လက်​ဝါး​ပေါ်က (ပြည်​တွင်း၊ပြည်​ပ) ခရီးသွားလမ်း​ကြောင်းများ


လက်​ဝါး​ပေါ်က( ပြည်​တွင်း၊ပြည်​ပ) ခရီးသွားလမ်း​ကြောင်းများ

ဇာတိ​မြေမှာ ဘဝနိဂုံးအဆုံးသတ်​လမ်း​ကြောင်း(၁)

လက္ခဏာရှင်​ရဲ့လက်​ဝါးမှာ ကျွန်ုပ်​ပြထားတဲ့အမှတ်​(၁)​နေရာမှာ အမှတ်​သား​လေးပါလာမယ်​ဆိုရင်​ လက္ခဏာရှင်​ဟာ ပြည်​တွင်း၊ပြည်​ပဘယ်​​လောက်​ပဲခရီးထွက်​​နေရပါ​စေ၊မိမိဇာတိ​မြေမှာ ဘဝနိဂုံးအဆုံးသတ်​ရပါမယ်​။

နိုင်​ငံရပ်​ခြားမှာ ဘဝနိဂုံးအဆုံးသတ်​မဲ့လမ်း​ကြောင်း(၂)

လက္ခဏာရှင်​ရဲ့လက်​ဝါးမှာ ကျွနု​ပ်​ပြထားတဲ့အမှတ်​(၂)​နေရာမှာအမှတ်​အသား​လေးပါလာမယ်​ဆိုရင်​ လက္ခဏာရှင်​ဟာ မိမိချက်​မြှပ်​ဇာတိမှာ​ခေါင်းမချရပဲ အရွယ်​လွန်​ချိန်​တွင်​ တိုင်းတစ်​ပါးနိုင်​ငံရပ်​ခြားမှာ ​ခေါင်း​​​ချ၍ဘဝနိဂုံးအဆုံးသတ်​နိုင်​ပါတယ်​။

ပြည်​ပနိုင်​ငံခြားသွားခြင်း၊ မ​အောင်​မြင်​လမ်း​ကြောင်း(၃)

လက္ခဏာရှင်​ရဲ့လက်​ဝါးမှာ ကျွန်ုပ်​ပြထားတဲ့အမှတ်​(၃)​နေရာမှာ အမှတ်​အသား​လေးပါလာရင်​ ပြည်​ပနိုင်​ငံခြားသွားတဲ့ကိစ္စ​တွေမှာအစီစဉ်​ရှိရင်​ မ​အောင်​မြင်​ဖြစ်​ပြီး အခက်​ခဲ​တွေရင်​ဆိုင်ရ​တတ်​ပါတယ်​။

ရေ​ကြောင်းခရီးသွားလျင်​ အန္တရာယ်​​တွေ့လမ်း​ကြောင်း(၄)

လက္ခဏာရှင်​ရဲ့လက်​ဝါးမှာ ကျွန်ုပ်​ပြထားတဲ့နံပါတ်​(၄)​နေရာမှာ အမှတ်​အသား​လေးပါလာရင်​ ​ရေ​ကြောင်းခရီးသွားလာ​သောအခါတွင်​အထူးသတိပြုရပါမည်​၊​ရေ​ကြောင်းခရီးဖြင့်​အသက်​အန္တရာယ်​ရှိတတ်​သလို၊​ရေနစ်​ကိန်းရှိတတ်​ပါသည်​။

နိုင်​ငံရပ်​ခြားသို့ အဆင်​​ပြေသွားနိုင်​​သောလမ်း​ကြောင်း(၅)

လက္ခဏာရှင်​ရဲ့လက်​ဝါးမှာ ကျန်ုပ်​ပြထားတဲ့နံပါတ်​(၅)​နေရာမှာအမှတ်​အသား​လေးပါလာရင်​ လက္ခဏာရှင်​ဟာ နိုင်​ငံခြားသို့သွား​သောကိစ္စများတွင်​ အဆင်​​ပြေ​ပြေသွားနိုင်​​သောလမ်း​ကြောင်းဖြစ်​ပါသည်​။

 

နိုင်​ငံခြားသို့ အ​နှောင့်​အယှက်​မရှိ သွားနိုင်​​သောလမ်း​ကြောင်း(၆)

လက္ခဏာရှင်​ရဲ့လက်​ဝါးမှာ ကျွန်ုပ်​ပြထားတဲ့နံပါတ်​(၆)​နေရာမှာအမှတ်​အသား​လေးပါလာရင်​ လက္ခဏာရှင်​ဟာ နိုင်​ငံခြားသို့သွား​သောကိစ္စများတွင်​ ဘယ်​​လောက်​အခက်​အခဲရှိ​နေပါ​စေ နိုင်​ငံခြားသို့အခက်​အခဲမရှိ​သွားနိုင်​​သောလမ်း​ကြောင်းဖြစ်​ပါသည်​။

နိုင်​ငံခြားသွားခြင်း ကိစ္စမ​အောင်​မြင်​လမ်း​ကြောင်း(၇)

လက္ခဏာရှင်​ရဲ့လက်​ဝါးမှာ ကျွန်ုပ်​ပြထားတဲ့နံပါတ်​(၇)​နေရာမှာ အမှတ်​အသား​လေးပါလာရင်​ လက္ခဏာရှင်​ဟာ နိုင်​ငံရပ်​ခြားသွားခြင်းကိစ္စ​တွေမှာ အ​နှောင့်​အယှက်​ဖြစ်​ကာ မ​အောင်​မြင်​ဖြစ်​တတ်​သည်​။

အသက်​ကြီးသူအန္တရာယ်​​တွေ့ အသက်​ငယ်​သူ အမှုမကင်းလမ်း​ကြောင်း(၈)

လက္ခဏာရှင်​ရဲ့လက်​ဝါးမှာ ကျွန်ုပ်​ပြထားတဲ့နံပါတ်​(၈)​နေရာမှာအမှတ်​အသား​လေးပါလာရင်​ လက္ခဏာရှင်​ဟာအသက်​ကြီးသူဖြစ်​ပါက အသက်​အန္တရာယ်​​တွေ့တတ်​ကာ၊အသက်​ငယ်​သူဖြစ်​ပါကဘဝတစ်​​လျောက်​တွင်​ အမှုမကင်းဖြစ်​တတ်​သည်​။

လေဆိပ်​မှ လှည့်​ပြန်​လာရသူလမ်း​ကြောင်း(၉)

လက္ခဏာရှင်​ရဲ့လက်​ဝါးမှာကျွန်ုပ်​ပြထားတဲ့နံပါတ်​(၉)​နေရာမှာ အမှတ်​အသား​လေးပါလာရင်​ လက္ခဏာရှင်​ဟာ နိုင်​ငံရပ်​ခြားခရီးသွားခြင်းကိစ္စများ မ​အောင်​မမြင်​အများဆုံးဖြစ်​ကာ ​လေဆိပ်​မှလှည့်​ပြန်​လာရသူအဆင့်​ထိ​တွေ့ကြုံရတတ်​သည်​။

ပြည်​တွင်းခရီးသွားလမ်း​ကြောင်း(၁၀)

လက္ခဏာရှင်​ရဲ့လက်​ဝါးမှာ ကျွန်ုပ်​ပြထားတဲ့နံပါတ်​(၁၀)​နေရာမှာ အမှတ်​အသား​လေးပါလာရင်​ လက္ခဏာရှင်​ဟာ ပြည်​ပခရီးသွားခြင်းထက်​ ပြည်​တွင်းခရီးသွားခြင်းများ ဘဝမှာပို၍သွားလာရတတ်​သည်​။

လက္ခဏာလမ်း​ကြောင်းများနဲ့ပါတ်​သက်​၍​လေ့လာစရာ​တွေကလိုက်​မကုန်​နိုင်​ပါ ကျွန်ုပ်​အားရင်​အားသလိုလက္ခဏာကြည့်​ပရိသတ်​များကိုတင်​ပြ​ပေးသွားပါမည်​။

လက္ခဏာပညာရပ်​သည်​၊ ​လေ့လာလိုက်​စား​လေနက်​နဲ​လေဖြစ်​​သောပညာရပ်​ဖြစ်​ပါသည်​၊လက်​ဖဝါး​ပေါ်ကလမ်း​ကြောင်းက​လေးများသည့်​ သင့်​ဘဝရဲ့အနာဂတ်​ ပစ္စုပန်​များ​ဖော်​ပြ​ပေး​နေ​သော ၇၅%​မြေပုံအမှတ်​အသားဆိုမမှားနိုင်​ပါဘူး ထို​ကြောင့်​သင့်​ဘဝရဲ့ အနာဂတ်​မှာ ပညာ​ရေး၊လူမှု​ရေး၊စီးပွား​ရေး၊ကျန်းမာ​ရေး၊အိမ်​​ထောင်​​ရေးနှင့်​တခြားလူမှုအခက်​ခဲများ၊သားသမီးပညာေ​ရးများကိုကြိုတင်​သိရှိနိုင်​ပြီးဘဝကိုဘယ်​လိုစီမံ​ဆောင်​ရွက်​ရမလဲဆိုတာကိုသိရ​အောင်​ သင့်​လက္ခဏာကိုအွန်​လိုင်းမှတဆင့်​​ပေးပို့၍တွက်​ချက်​နိုင်​ပါသည်​။

လက္ခဏာဆရာမင်းခန့်
ရေ​ကြောင်းအင်​ဂျင်​နီယာ(AE.EX)
တပ်​မ​တော်​(​ရေ) NAVY-35024.EX
Viber>>>09694506705
လေးစားစွာဖြင့် – Credit