မိဘတွေနဲ့အတူတူ ရှော့ပင်ထွက်ရင်း ကလေးလေးလို ချွဲနေတဲ့ အေးမြတ်သူ

သရုပ်ဆောင် မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ အေးမြတ်သူ ဟာဆိုရင် သရုပ်ဆောင်မှုအပိုင်းမှာ အပိုအလိုမရှိတဲ့ သရုပ်ဆောင်ကွက်တွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေတင်ဆင်ပေးခဲ့တဲ့ သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတဲ့ သူမကတော့ မတ်လ ၂၃ ရက်နေ့က ကျင်းပပြုလုပ်တဲ့ အကယ်ဒမီ ဆုချီးမြှင့်ပွဲအခမ်းအနားကြီးမှာ ထိုက်တန်တဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို ဆွတ်ခူးရရှိထားခဲ့ရတာပဲဖြစ်ပါတယ်။အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ရင်း မိဘတွေနဲ့အတူတူ ပျော်ရွှင်စွာ အချိန်ကုန်ဆုံးနေတဲ့ အေးမြတ်သူက အခုချိန်ထိ အိမ်ထောင်မပြုသေးပဲ လွတ်လပ်စွာ နေထိုင်ဆဲဖြစ်ပါတယ်။စနေနေ့ အားလပ်ရက်လေးမှာတော့ အေးမြတ်သူက မိဘနှစ်ဦးနဲ့အတူတူ Shopping ထွက်ရင်း အချိန်တွေကို အတူတူ ကုန်ဆုံးခဲ့ပါတယ်။သားအမိ သားအဖတွေ ဈေးအတူတူ ဝယ်ရင်း ပျော်ရွှင်နေကြတာအေးမြတ်သူနဲ့ တစ်ပုံစံတည်းတူလွန်းတဲ့ အေးမြတ်သူရဲ့ မေမေပကာသနကင်းစွာနဲ့ မိဘတွေနဲ့အတူတူ ဈေးဝယ်ထွက်ခဲ့တဲ့ အေးမြတ်သူအေးမြတ်သူကတော့ ဒီအရွယ်ထိ မိဘတွေမျက်လုံးထဲမှာ ကလေလေးတစ်ယောက်လို ဖြစ်နေဆဲပါ။ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ အချိန်တွေကို ကုန်ဆုံးခဲ့တာလဲ ကြည်နူးအားကျစရာကြီးနော်။ ပရိသတ်ကြီးလဲ အေးမြတ်သူတို့ မိသားစုလို သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။Rowena
Source: Aye Myat Thu’s fb