ဆိပ်ကမ်းက ကုန်ထမ်းသူတွေအတွက် ကြက်သားဟင်းနဲ့ ထမင်း လှူဒါန်းခဲ့တဲ့ ဖွေးဖွေး ရဲ့ ဗီဒီယို

နိုင်ငံကျော် မင်းသမီးချောလေး ဖွေးဖွေးက ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ အကောင်းဆုံး သရုပ်ဆောင်နိုင်သူတစ်ဦးပါပဲ။ သူမရဲ့ ထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် အနုပညာသက်တမ်း ၁၀ နှစ်အတွင်းမှာ အကယ်ဒမီဆုကြီး သုံးဆုတိတိကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားသူတစ်ဦးဖြစ်ပါတယ်။ ဖွေးဖွေးက အခုလက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေလျက်ရှိပါတယ်။

ချစ်စရာလဲကောင်းသလို စိတ်ထားလေးလဲ ကောင်းတဲ့ ဖွေးဖွေးက ဝါးတန်းဆိပ်ကမ်းက ကုန်ထမ်းသူတွေကို ကျွေးဖို့အတွက် ကြက်သားဟင်းနဲ့ ထမင်းတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဟင်းတွေကို ကိုယ်တိုင်ချက်ပြုတ်ပေးနေတဲ့ ဖွေးဖွေးရဲ့ မိခင်

ဆိပ်ကမ်းက ကုန်ထမ်းသူတွေဆီ ထမင်းနဲ့ဟင်းတွေ ဝေပြီ…ပီတိဖြစ်စရာကြီးနော်

ကြက်သားဟင်းကိုလဲ စက္ကူဘူးလေးတွေနဲ့ သေသေချာချာပြင်ပြီး သပ်သပ်ရပ်ရပ်လေး ထည့်ပေးထားတာ တကယ်ကို စားချင်စရာပါပဲ။

ဖွေးဖွေးက သူမကတော့ ဆေးခန်းသွားစရာရှိတာကြောင့် အလှူလေးကို ကိုယ်တိုင်လိုက်မသွားခဲ့ပါဘူး။ စေတနာပါပါနဲ့ ကုန်ထမ်းသူမောင်မယ်တွေကို ရက်ရက်ရောရော လှူဒါန်းခဲ့တဲ့ ဖွေးဖွေးတို့မိသားစုတွေ ဒီထက်မက ကြီးပွားတိုးတက်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : momolay