
Zawgyi ျဖင့္ဖတ္၇န္
ေလျဖတ္ ေလငန္းသမားမ်ားအတြက္
စပါးႀကီးသည္းေျခဟာ ေလျဖတ္ ေလငန္း ေရာဂါသမား မ်ားအတြက္အထူးေဆးစြမ္းထက္ပါတယ္။ လွ်ာကုိ ေလျဖတ္ထားၿပီး စကားမေျပာႏုိင္ပါက စပါးျကီး သည္းေျခ ျဖင့္ လွ်ာကုိပြတ္ေပးလုိက္ပါက စကားျပန္ ေျပာႏုိင္ပါတယ္။
ဒီတစ္ခါ ကြၽန္ေတာ္ ဘ၀ခါးခါး ေဖာ္ျပေပးမွာက”Boa Gallbladder “စပါးႀကီး သည္းေျခရဲ႕ ေဆးအစြမ္းေၾကာင္းပါ ခင္ဗ်ာ…
အခ်ဳိ့ေသာပုံေတြကုိ ကြၽန္ေတာ္ googleမွ ႐ွာေဖြ၍ ေဖာ္ျပေပးထားၿပီး အခ်ဳိေသာ စပါးႀကီး သည္းေျခပုံေတြကုိေတာ့ fb ထဲကေနၿပီး ကူးယူေဖာ္ျပေပးထားပါတယ္။
စပါးႀကီးသည္းေျခဟာ ေလျဖတ္ ေလငန္းေရာဂါသမားမ်ားအတြက္အထူးေဆးစြမ္းထက္ပါတယ္။လွ်ာကုိ ေလျဖတ္ထားၿပီး စကားမေျပာႏုိင္ပါက စပါးျကီးသည္းေျချဖင့္ လွ်ာကုိပြတ္ေပးလုိက္ပါက စကားျပန္ေျပာႏုိင္ပါတယ္။
အားလုံးကုိ credit ေပးပါသည္။
ဗဟုသုတအျဖစ္ #Share ေပးလုိက္ပါ…သိမ္းဆည္းထားပါ..အတုအပ သတိျပဳပါ။
ျမန္မာ့အာယုေဗၺဒ သိမ္ျဖဴေဆးသိပၸံဆရာေတာ္
ေရးသားေသာ ” အုိမႈႏွင့္ဆုိင္ရာ ျပႆနာမ်ား “စာအုပ္ မွ
” ႀကဳိတင္ကာကြယ္ ေဘးမတြယ္ “အပိုင္း (၅)
” စပါးႀကီးသည္းေျခ၏ စြမ္းရည္ ”
စပါးႀကီးသည္းေျခကုိ အသုံးျပဳရာတြင္ စြမ္းရည္ထက္ျမက္မႈအတြက္ စစ္ မွန္ေသာ
ပစၥည္းျဖစ္ရန္ အထူးလုိအပ္ပါသည္။
ထုိ႔ေၾကာင့္ စပါးႀကီးသည္းေျခ စစ္မစစ္စမ္းသပ္နည္းတုိ႔တြင္ လြယ္ကူရွင္းလင္းေသာ
နည္းတုိ႔ကုိ ေဖာ္ျပ လုိပါသည္။
စပါးႀကီးသည္းေျခသည္ ေရတက္ရက္မ်ား၌ စုိေနတတ္ၿပီး ေရ ေသရက္မ်ား၌
ေျခာက္ေသြ႕သြားတတ္ပါသည္။
စပါးႀကီးသည္းေျခကုိ အနည္းငယ္မွ လွ်ာေပၚတင္ၾကည့္ေသာအခါ သည္းေျခတကာတုိ႔သည္-
အစ အလယ္ အဆုံး ၃-ခ်ိန္လုံး၌ ခါးၾကေသာ္လည္း စပါးႀကီးသည္းေျခကား ဦးစြာ
ခါးေသာအရသာကုိ ေတြ႕ရသည္။
ထုိ႔ေနာက္၌ အနည္းငယ္ခ်ဳိေသာ အရသာကုိ ေတြ႕ရသည္။
တစ္နည္းအားျဖင့္ စပါးႀကီး သည္းေျခရည္ကုိ လက္ဖ၀ါးတြင္ သုတ္ထားပါကလက္ဖမုိးတြင္ ခါးေသာ အရသာ ထြင္းေဖာက္လာသည္ကုိ ေတြ႕ရသည္။ ထုိနည္းတုိ႔ျဖင့္စပါးႀကီးသည္း ေျခစစ္မစစ္ကုိ စမ္းသပ္ႏုိင္ေလသည္။
ဤ၌ အထူးသတိျပဳရန္မွာ အစစ္တစ္ခု အတုတစ္ေထာင္ဟူေသာ စကား အတုိင္းၫႈိ႕ခ်က္ႀကဳိး စသည္ျပည့္စုံေစလ်က္ အတုျပဳလုပ္ၾကသည္လည္း ရွိ ၏။
ခ်ဳိေသာအရသာ အနည္းငယ္ထည့္သြင္းၾကသည္လည္းရွိ၏။
ထုိအခါ တြင္ပုံပန္းသဏၭာန္ကုိ ၾကည့္ရသည္။ အရသာျဖင့္ စမ္းသပ္ရာ၌လည္း အတု အခ်ဳိႏွင့္အစစ္အခ်ဳိသည္ ကြဲျပားစြာ ျခားနားမႈရွိပါသည္။
ထုိကုိ သတိျပဳမွတ္ သားၿပီးစပါးႀကီးသည္းေျခစစ္မစစ္ကုိ ခြဲျခားမွတ္ယူႏုိင္ေပသည္။
” မိမိကုိယ္ေတြ႕စပါးႀကီးသည္းေျခ၏ အာနိသင္ “
မိမိ၌ တစ္ေန႔ေသာအခါ မသြားလွ်င္မျဖစ္ေသာခရီးတစ္ခုကုိ သြားရန္ အတြက္အေရးကိစၥႀကဳံလာ၏။နံနက္တြင္ သြားရေတာ့မည့္ဆဲဆဲ ညေန၌ မ်က္စိသည္ ဦးစြာေအာင့္လာ၏။ မ်က္ရည္ပူမ်ားထြက္လာ၏။ တင္းေရာင္ နီရဲ၍လာ၏။ထုိအခါစပါးႀကီးသည္းေျခကုိေသြး၍ သုံးေလးႀကိမ္ခန္႔ ခပ္မ်ား မ်ား ခပ္လုိက္၏။
ခပ္ၿပီးစ၌ အနည္းငယ္စပ္ဖ်ဥ္းဖ်ဥ္း ျဖစ္ေသး၏။ အလြန္ စပ္ျခင္းကား မဟုတ္ပါ၊
ေနာက္ေန႔နံနက္၌ မ်က္စိသည္ ပကတိအတုိင္း ေကာင္း သြား၏။ ထုိ႔ေၾကာင့္မိမိ၏ခရီးစဥ္ကုိလည္း အေႏွာင့္အယွက္မရွိ သြားႏုိင္ေတာ့ ၏။ ဤကားမိမိကုိယ္တုိင္ ေတြ႕ႀကံဳခံစားရၿပီး လက္ေတြ႕ရရွိေသာ စပါးႀကီးသည္းေျခ၏အက်ဳိးကုိ ေဖာ္ျပျခင္းျဖစ္ေပသည္။” မ်က္စိေက်ာက္ေပါက္ျခင္းႏွင့္ စပါးႀကီးသည္းေျခ “မ်က္စိအတြင္း၌ ေက်ာက္၀င္ေပါက္ျခင္းသည္ ေက်ာက္ဆုိးတစ္မ်ဳိးပင္ ျဖစ္သည္။
ထုိသုိ႔ မ်က္စိထဲသုိ႔ ၀င္ေပါက္ေသာ္ မ်က္စိသည္ ပ်က္စီးရသည္ သာျဖစ္၏။ေက်ာက္ကုိ ကုစားကာကြယ္ရန္ လြယ္ကူသည္သာျဖစ္၏။ မ်က္စိ တြင္ေက်ာက္၀င္ေပါက္လွ်င္ကား ကုစားကာကြယ္ရန္မလြယ္၊ ပ်က္စီးရသည္ သာမ်ားေပသည္။သုိ႔ေသာ္ စပါးႀကီးသည္းေျခ၏စြမ္းရည္အကူအညီျဖင့္ ထုိ မ်က္စိထဲမွ ေက်ာက္ကုိ
ေကာင္းစြာကာကြယ္ႏုိင္ပါသည္။ေတြ႕ရဖူးသည့္ ေ၀ဒနာ ရွင္တစ္ဦးမွာ အသက္ ၅၀-ေက်ာက္မေပါက္သင့္ေသာအရြယ္ျဖစ္သည္။
ထုိ အရြယ္၌ ေက်ာက္ေပါက္လွ်င္ ကုစားရခက္ခဲတတ္ေလသည္။ ထုိေ၀ဒနာရွင္ မ်ဳိး၌ မ်က္စိတြင္ေက်ာက္၀င္ေပါက္ေသာအခါ ကုစားရန္အခက္အခဲဆုံး ျဖစ္ေပသည္။ထုိေ၀ဒနာရွင္ မ်က္စိတြင္း၌ ၀င္ေရာက္ေပါက္ေသာ ေက်ာက္ကုိ စပါးႀကီးသည္းေျခကို လူႏုိ႔ရည္ႏွင့္ ေသြးၿပီး အႀကိမ္ႀကိမ္ခပ္ေပးျခင္းျဖင့္ ထုိေက်ာက္သည္ တျဖည္းျဖည္း ေပ်ာက္ကြယ္သြားရေလသည္။မ်က္စိသည္လည္းအေကာင္းအတုိင္း ခ်မ္းသာစြာ က်န္ရစ္ေလသည္။
ထုိေ၀ဒနာရွင္သည္ ယခု ထက္တိုင္အသက္ရွင္လ်က္ ရွိေနပါေသးသည္။စပါးႀကီးသည္းေျခသည္ ဤမွ်အထိ မ်က္စိအတြက္ ကာကြယ္ကုစားႏုိင္ ေသာ
စြမ္းရည္ရွိေၾကာင္းကုိ ၀မ္းေျမာက္၀မ္းသာ မွတ္တမ္းတင္ထားသည္ကုိအက်ဥ္းမွ်ေဖာ္ျပျခင္းျဖစ္သည္။
စပါးႀကီးသည္းေျခ အသုံးမ်ား
စပါးႀကီးသည္းေျခသည္အလြန္စြမ္းသည္ဟုေျပာဆိုေနၾကေသာ္လည္း႐ွာေဖြေတြ႔ရိွရန္မွာခက္ခဲသည္။
ယခုလိုက္လံ၍ေရာင္းခ်ေနေသာသည္းေျခမ်ားမွာအစစ္မဟုတ္အတုမ်ားသာျဖစ္ၾကသည္။စပါးႀကီးသည္းေျခစစ္မစစ္သိလိုရင္သည္းေျခကိုေသြး၍ေရ၌ခ်ၾကည့္ပါ ဝိုင္းပတ္၍ေျပးလ်ွင္အတုျဖစ္ၿပီးတဲ့တဲ့ေျပးလ်ွင္အစစ္ျဖစ္သည္
သည္းေျခးတိုင္းေသြး၍ေရ၌ထည့္လ်ွင္ဝိုင္ပတ္၍ေျပးၾကသည္ စပါးႀကီးသည္းေျခ တစ္မ်ိဳးသာလ်ွင္တဲ့တဲ့ေျပးသည္ စပါးႀကီးႏွင္စပါးအုံးလည္းမွားတက္ပါသည္ခြဲျခားပုံမွာစပါးႀကီးသည္ႏွားေခါင္းေပါက္ကိုးေပါက္ပါရိွၿပီးစပါးအုံးတြင္မပါရိွေပစပါးႀကီးအကြက္သည္စိတ္ၿပီးတဆက္တည္ရိွသည္စပါးအုံးသည္အကြက္က်ဲျပီးတဆက္တည္းမရိွတက္ေပ ယခုလိုက္လံေရာင္းခ်ေနေသာသည္းေျခမ်ားသည္ ထန္းလ်က္ မန္က်ည္းသီးေရ အျခားသည္ေျခတို႔ကို အိပ္လုပ္ၿပီးထုပ္ကာညိဳ႕တပ္၍ထင္ေယာင္းထင္မွားျဖစ္ေအာင္လုပ္၍ေရာင္ခ်ၾကျခင္းျဖစ္သည္။ျမင္ဘူးသည္ရိွေအာင္ကြၽန္ေတာ္၌ရိွေသာ စပါးႀကီးသည္းေျခ ကိုျပထားသည္။
စပါးႀကီးသည္းေျခ ကို အသုံးျပဳလိုေသာ္
၁။ပိုးထိ၍ဆီးမသြားေသာ္စပါးႀကီးသည္းေျခကိုေသြးကာဆီးခုံႏွင့္ဝမ္းဗိုက္ေနာက္ေက်ာမ်ားကိုလိမ္းသတ္ခ်ေပးျခင္းျဖင္ဆီးသြားေစႏိုင္သည္ဆီးသြားလ်ွင္မေသႏိုင္ေတာ့။
၂။ငုတ္စူး၍က်န္ေနေသာ္အနာ၏ပတ္ဝန္းက်င္ကိုလိမ္းေပးပါကဆူးထြက္လာမည္။
၃။ကိုယ္တစ္ျခမ္းေသေရာဂါ ျဖစ္ေသာ္ျဖစ္ေသာဘက္ကိုလိမ္း။လ်ွာတိုေလငနး္ျဖစ္ေသာ္လ်ွာကိုလိမ္း၍ဆြဲေပးပါ။
၄။ေမးခိုင္ေသာ္လ်ွာမွာပြတ္ မ်ိဳခ်။
၅။ေမးရြဲ႔ေနေသာ္ ေမးကိုလိမ္းလက္ျဖင့္တည့္ကာေပ။
၆။ေလငန္းျဖစ္ေသာ္ေတာေ႐ွာက္ျမစ္ႏွင့္ေရာ၍လိမ္း။
၇။ဆီးခ်ိဳုျဖစ္လွ်င္ဆီးခုံမွာလိမ္း။ဆီးေက်ာက္တည္ေသာ္ဆန္ေဆးေရႏွင့္ေသြးေသာက္။
၈။မ်က္စိနာေသာ္ကြင္းေပး။
၉။ကိုယ္ပူလ်ွင္ေရတြင္စိမ္၍ေသာက္။
၁၀။ကေလးသူငယ္နာျဖစ္လ်ွင္လ်ွာမွာပြတ္ေပး။
၁၁။ေလးဖက္နာျဖစ္လ်ွင္ေဆးပန္းဥႏွင္းေသြးလိမ္း။
၁၂။ကိုယ္ေဖာ ကိုယ္ေရာင္လွ်င္ယူကလစ္ ေခါက္ႏွင့္ေသြးလိမ္း။
၁၃။အဆစ္အျမစ္ကိုက္ေသာ္ ေ႐ွာက္ရည္ႏွင့္ ေရာစုတ္နဲ႔ေပါက္။
၁၄။ဇက္ေၾကာထိုးဇက္ေၾကာတက္လွ်င္ကြမ္းရြက္ရည္ႏွင့္ေသြးလိမ္း။
၁၅။ကိုယ္ဝန္ေဆာင္မ်ား မီးဖြားရခက္လွ်င္ ခ်က္ေပၚတင္ေပး။
၁၆။ေဈးေရာင္းေကာင္းလိုလ်ွင္စပါးႀကီးသည္းေျခအဖိုအမကိုခ်ိန္ခြင္မွာခ်ိတ္ျခင္းေဈးဗန္း ေဈးေတာင္းမွာထည့္၍ေရာင္းေလ။
ထိုထက္အလြန္လည္းအသုံးျပဳနည္းမ်ားရိွ ပါေသးသည္။ခံစားေနရေသာေဝဒနာမ်ားေပ်ာက္ကင္းခ်မ္းသာၾကပါေစ။
သေဗၺသတၱာ အေဝရာ ေဟာႏၲဳ ခုခီိအတၱာနံ ပရိဟရႏၲဳ။
Credit:ျမန္မာ့ အာယုေဗၺဒသိမ္ျဖဴေဆးသိပၸံဆရာေတာ္
ဘဝခါးခါး
Unicodeဖြင့်ဖတ်ရန်
လေဖြတ် လေငန်းသမားများအတွက်
စပါးကြီးသည်းခြေဟာ လေဖြတ် လေငန်း ရောဂါသမား များအတွက်အထူးဆေးစွမ်းထက်ပါတယ်။ လျှာကို လေဖြတ်ထားပြီး စကားမပြောနိုင်ပါက စပါးကြီး သည်းခြေ ဖြင့် လျှာကိုပွတ်ပေးလိုက်ပါက စကားပြန် ပြောနိုင်ပါတယ်။
ဒီတစ်ခါ ကျွန်တော် ဘဝခါးခါး ဖော်ပြပေးမှာက”Boa Gallbladder “စပါးကြီး သည်းခြေရဲ့ ဆေးအစွမ်းကြောင်းပါ ခင်ဗျာ…
အချို့သောပုံတွေကို ကျွန်တော် googleမှ ရှာဖွေ၍ ဖော်ပြပေးထားပြီး အချိုသော စပါးကြီး သည်းခြေပုံတွေကိုတော့ fb ထဲကနေပြီး ကူးယူဖော်ပြပေးထားပါတယ်။
စပါးကြီးသည်းခြေဟာ လေဖြတ် လေငန်းရောဂါသမားများအတွက်အထူးဆေးစွမ်းထက်ပါတယ်။လျှာကို လေဖြတ်ထားပြီး စကားမပြောနိုင်ပါက စပါးကြီးသည်းခြေဖြင့် လျှာကိုပွတ်ပေးလိုက်ပါက စကားပြန်ပြောနိုင်ပါတယ်။
အားလုံးကို credit ပေးပါသည်။
ဗဟုသုတအဖြစ် #Share ပေးလိုက်ပါ…သိမ်းဆည်းထားပါ..အတုအပ သတိပြုပါ။
ဘဝခါးခါး
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
မြန်မာ့အာယုဗ္ဗေဒ သိမ်ဖြူဆေးသိပ္ပံဆရာတော်
ရေးသားသော ” အိုမှုနှင့်ဆိုင်ရာ ပြဿနာများ “စာအုပ် မှ
” ကြိုတင်ကာကွယ် ဘေးမတွယ် “အပိုင်း (၅)
” စပါးကြီးသည်းခြေ၏ စွမ်းရည် ”
စပါးကြီးသည်းခြေကို အသုံးပြုရာတွင် စွမ်းရည်ထက်မြက်မှုအတွက် စစ် မှန်သော
ပစ္စည်းဖြစ်ရန် အထူးလိုအပ်ပါသည်။
ထို့ကြောင့် စပါးကြီးသည်းခြေ စစ်မစစ်စမ်းသပ်နည်းတို့တွင် လွယ်ကူရှင်းလင်းသော
နည်းတို့ကို ဖော်ပြ လိုပါသည်။
စပါးကြီးသည်းခြေသည် ရေတက်ရက်များ၌ စိုနေတတ်ပြီး ရေ သေရက်များ၌
ခြောက်သွေ့သွားတတ်ပါသည်။
စပါးကြီးသည်းခြေကို အနည်းငယ်မှ လျှာပေါ်တင်ကြည့်သောအခါ သည်းခြေတကာတို့သည်-
အစ အလယ် အဆုံး ၃-ချိန်လုံး၌ ခါးကြသော်လည်း စပါးကြီးသည်းခြေကား ဦးစွာ
ခါးသောအရသာကို တွေ့ရသည်။
ထို့နောက်၌ အနည်းငယ်ချိုသော အရသာကို တွေ့ရသည်။
တစ်နည်းအားဖြင့် စပါးကြီး သည်းခြေရည်ကို လက်ဖဝါးတွင် သုတ်ထားပါကလက်ဖမိုးတွင် ခါးသော အရသာ ထွင်းဖောက်လာသည်ကို တွေ့ရသည်။ ထိုနည်းတို့ဖြင့်စပါးကြီးသည်း ခြေစစ်မစစ်ကို စမ်းသပ်နိုင်လေသည်။
ဤ၌ အထူးသတိပြုရန်မှာ အစစ်တစ်ခု အတုတစ်ထောင်ဟူသော စကား အတိုင်းညှို့ချက်ကြိုး စသည်ပြည့်စုံစေလျက် အတုပြုလုပ်ကြသည်လည်း ရှိ ၏။
ချိုသောအရသာ အနည်းငယ်ထည့်သွင်းကြသည်လည်းရှိ၏။
ထိုအခါ တွင်ပုံပန်းသဏ္ဌာန်ကို ကြည့်ရသည်။ အရသာဖြင့် စမ်းသပ်ရာ၌လည်း အတု အချိုနှင့်အစစ်အချိုသည် ကွဲပြားစွာ ခြားနားမှုရှိပါသည်။
ထိုကို သတိပြုမှတ် သားပြီးစပါးကြီးသည်းခြေစစ်မစစ်ကို ခွဲခြားမှတ်ယူနိုင်ပေသည်။
” မိမိကိုယ်တွေ့စပါးကြီးသည်းခြေ၏ အာနိသင် “
မိမိ၌ တစ်နေ့သောအခါ မသွားလျှင်မဖြစ်သောခရီးတစ်ခုကို သွားရန် အတွက်အရေးကိစ္စကြုံလာ၏။နံနက်တွင် သွားရတော့မည့်ဆဲဆဲ ညနေ၌ မျက်စိသည် ဦးစွာအောင့်လာ၏။ မျက်ရည်ပူများထွက်လာ၏။ တင်းရောင် နီရဲ၍လာ၏။ထိုအခါစပါးကြီးသည်းခြေကိုသွေး၍ သုံးလေးကြိမ်ခန့် ခပ်များ များ ခပ်လိုက်၏။
ခပ်ပြီးစ၌ အနည်းငယ်စပ်ဖျဉ်းဖျဉ်း ဖြစ်သေး၏။ အလွန် စပ်ခြင်းကား မဟုတ်ပါ၊
နောက်နေ့နံနက်၌ မျက်စိသည် ပကတိအတိုင်း ကောင်း သွား၏။ ထို့ကြောင့်မိမိ၏ခရီးစဉ်ကိုလည်း အနှောင့်အယှက်မရှိ သွားနိုင်တော့ ၏။ ဤကားမိမိကိုယ်တိုင် တွေ့ကြုံခံစားရပြီး လက်တွေ့ရရှိသော စပါးကြီးသည်းခြေ၏အကျိုးကို ဖော်ပြခြင်းဖြစ်ပေသည်။” မျက်စိကျောက်ပေါက်ခြင်းနှင့် စပါးကြီးသည်းခြေ “မျက်စိအတွင်း၌ ကျောက်ဝင်ပေါက်ခြင်းသည် ကျောက်ဆိုးတစ်မျိုးပင် ဖြစ်သည်။
ထိုသို့ မျက်စိထဲသို့ ဝင်ပေါက်သော် မျက်စိသည် ပျက်စီးရသည် သာဖြစ်၏။ကျောက်ကို ကုစားကာကွယ်ရန် လွယ်ကူသည်သာဖြစ်၏။ မျက်စိ တွင်ကျောက်ဝင်ပေါက်လျှင်ကား ကုစားကာကွယ်ရန်မလွယ်၊ ပျက်စီးရသည် သာများပေသည်။သို့သော် စပါးကြီးသည်းခြေ၏စွမ်းရည်အကူအညီဖြင့် ထို မျက်စိထဲမှ ကျောက်ကို
ကောင်းစွာကာကွယ်နိုင်ပါသည်။တွေ့ရဖူးသည့် ဝေဒနာ ရှင်တစ်ဦးမှာ အသက် ၅၀-ကျောက်မပေါက်သင့်သောအရွယ်ဖြစ်သည်။
ထို အရွယ်၌ ကျောက်ပေါက်လျှင် ကုစားရခက်ခဲတတ်လေသည်။ ထိုဝေဒနာရှင် မျိုး၌ မျက်စိတွင်ကျောက်ဝင်ပေါက်သောအခါ ကုစားရန်အခက်အခဲဆုံး ဖြစ်ပေသည်။ထိုဝေဒနာရှင် မျက်စိတွင်း၌ ဝင်ရောက်ပေါက်သော ကျောက်ကို စပါးကြီးသည်းခြေကို လူနို့ရည်နှင့် သွေးပြီး အကြိမ်ကြိမ်ခပ်ပေးခြင်းဖြင့် ထိုကျောက်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားရလေသည်။မျက်စိသည်လည်းအကောင်းအတိုင်း ချမ်းသာစွာ ကျန်ရစ်လေသည်။
ထိုဝေဒနာရှင်သည် ယခု ထက်တိုင်အသက်ရှင်လျက် ရှိနေပါသေးသည်။စပါးကြီးသည်းခြေသည် ဤမျှအထိ မျက်စိအတွက် ကာကွယ်ကုစားနိုင် သော
စွမ်းရည်ရှိကြောင်းကို ဝမ်းမြောက်ဝမ်းသာ မှတ်တမ်းတင်ထားသည်ကိုအကျဉ်းမျှဖော်ပြခြင်းဖြစ်သည်။
စပါးကြီးသည်းခြေ အသုံးများ
စပါးကြီးသည်းခြေသည်အလွန်စွမ်းသည်ဟုပြောဆိုနေကြသော်လည်းရှာဖွေတွေ့ရှိရန်မှာခက်ခဲသည်။
ယခုလိုက်လံ၍ရောင်းချနေသောသည်းခြေများမှာအစစ်မဟုတ်အတုများသာဖြစ်ကြသည်။စပါးကြီးသည်းခြေစစ်မစစ်သိလိုရင်သည်းခြေကိုသွေး၍ရေ၌ချကြည့်ပါ ဝိုင်းပတ်၍ပြေးလျှင်အတုဖြစ်ပြီးတဲ့တဲ့ပြေးလျှင်အစစ်ဖြစ်သည်
သည်းခြေးတိုင်းသွေး၍ရေ၌ထည့်လျှင်ဝိုင်ပတ်၍ပြေးကြသည် စပါးကြီးသည်းခြေ တစ်မျိုးသာလျှင်တဲ့တဲ့ပြေးသည် စပါးကြီးနှင်စပါးအုံးလည်းမှားတက်ပါသည်ခွဲခြားပုံမှာစပါးကြီးသည်နှားခေါင်းပေါက်ကိုးပေါက်ပါရှိပြီးစပါးအုံးတွင်မပါရှိပေစပါးကြီးအကွက်သည်စိတ်ပြီးတဆက်တည်ရှိသည်စပါးအုံးသည်အကွက်ကျဲပြီးတဆက်တည်းမရှိတက်ပေ ယခုလိုက်လံရောင်းချနေသောသည်းခြေများသည် ထန်းလျက် မန်ကျည်းသီးရေ အခြားသည်ခြေတို့ကို အိပ်လုပ်ပြီးထုပ်ကာညို့တပ်၍ထင်ယောင်းထင်မှားဖြစ်အောင်လုပ်၍ရောင်ချကြခြင်းဖြစ်သည်။မြင်ဘူးသည်ရှိအောင်ကျွန်တော်၌ရှိသော စပါးကြီးသည်းခြေ ကိုပြထားသည်။
စပါးကြီးသည်းခြေ ကို အသုံးပြုလိုသော်
၁။ပိုးထိ၍ဆီးမသွားသော်စပါးကြီးသည်းခြေကိုသွေးကာဆီးခုံနှင့်ဝမ်းဗိုက်နောက်ကျောများကိုလိမ်းသတ်ချပေးခြင်းဖြင်ဆီးသွားစေနိုင်သည်ဆီးသွားလျှင်မသေနိုင်တော့။
၂။ငုတ်စူး၍ကျန်နေသော်အနာ၏ပတ်ဝန်းကျင်ကိုလိမ်းပေးပါကဆူးထွက်လာမည်။
၃။ကိုယ်တစ်ခြမ်းသေရောဂါ ဖြစ်သော်ဖြစ်သောဘက်ကိုလိမ်း။လျှာတိုလေငန်းဖြစ်သော်လျှာကိုလိမ်း၍ဆွဲပေးပါ။
၄။မေးခိုင်သော်လျှာမှာပွတ် မျိုချ။
၅။မေးရွဲ့နေသော် မေးကိုလိမ်းလက်ဖြင့်တည့်ကာပေ။
၆။လေငန်းဖြစ်သော်တောရှောက်မြစ်နှင့်ရော၍လိမ်း။
၇။ဆီးချိုုဖြစ်လျှင်ဆီးခုံမှာလိမ်း။ဆီးကျောက်တည်သော်ဆန်ဆေးရေနှင့်သွေးသောက်။
၈။မျက်စိနာသော်ကွင်းပေး။
၉။ကိုယ်ပူလျှင်ရေတွင်စိမ်၍သောက်။
၁၀။ကလေးသူငယ်နာဖြစ်လျှင်လျှာမှာပွတ်ပေး။
၁၁။လေးဖက်နာဖြစ်လျှင်ဆေးပန်းဥနှင်းသွေးလိမ်း။
၁၂။ကိုယ်ဖော ကိုယ်ရောင်လျှင်ယူကလစ် ခေါက်နှင့်သွေးလိမ်း။
၁၃။အဆစ်အမြစ်ကိုက်သော် ရှောက်ရည်နှင့် ရောစုတ်နဲ့ပေါက်။
၁၄။ဇက်ကြောထိုးဇက်ကြောတက်လျှင်ကွမ်းရွက်ရည်နှင့်သွေးလိမ်း။
၁၅။ကိုယ်ဝန်ဆောင်များ မီးဖွားရခက်လျှင် ချက်ပေါ်တင်ပေး။
၁၆။ဈေးရောင်းကောင်းလိုလျှင်စပါးကြီးသည်းခြေအဖိုအမကိုချိန်ခွင်မှာချိတ်ခြင်းဈေးဗန်း ဈေးတောင်းမှာထည့်၍ရောင်းလေ။
ထိုထက်အလွန်လည်းအသုံးပြုနည်းများရှိ ပါသေးသည်။ခံစားနေရသောဝေဒနာများပျောက်ကင်းချမ်းသာကြပါစေ။
သဗ္ဗေသတ္တာ အဝေရာ ဟောန္တု ခုခီအတ္တာနံ ပရိဟရန္တု။
Credit:မြန်မာ့ အာယုဗ္ဗေဒသိမ်ဖြူဆေးသိပ္ပံဆရာတော်
Credit : ဘဝခါးခါး