ရုပ်ပိုင်းဆိုင်ရာ ဝေဖန်ပုတ်ခတ်သူတွေကို Live လွှင့်ပြီး ဒဲ့ပြောချလိုက်တဲ့ ဖြိုးမြတ်အောင်

ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝရရှိခဲ့တဲ့ Myanmar Idol Season (3) ပြိုင်ပွဲ ကြီးရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်ကတော့ ရိုးရိုးအေးအေးနေထိုင်တတ်သူတစ်ဦးမို့ ပရိသတ်တွေက အချစ်ပိုနေကြရတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဖြိုးမြတ်အောင်က သူ့ကို ရုပ်ပိုင်းဆိုင်ရာ ဝေဖန်တိုက်ခိုက်နေတဲ့သူတွေကို Live လွှင့်ပြီး တုန့်ပြန်လိုက်တာ တွေ့ရပါတယ်။ ရုပ်အလှထက် စိတ်အလှကိုသာ ပြင်ဆင်ကြဖို့ ပြောသွားတဲ့ ဖြိုးမြတ်အောင်ရဲ့ စကားလုံးတွေကတော့ တကယ့်ကို အနှစ်တွေချည်းပါပဲနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ရုပ်ပိုင်းဆိုင်ရာ ဝေဖန်ပုတ်ခတ်သူတွေကို ပညာသားပါပါ တုန့်ပြန်လိုက်တဲ့ ဖြိုးမြတ်အောင်ရဲ့Live ဗီဒီယိုကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရုပ်ရည့်ပတ်သတ်ပြီး အမြဲတမ်း အပြောခံနေရတော့ ဖြိုးမြတ်အောင်လည်း ငြိမ်နေနိုင်တော့ပါဘူး။

အသက်ပြည့်ပြီးသူတွေသာ ကြည့်သင့်တဲ့ ရင်ဖိုဖွယ်ရာ အချစ်ဇာတ်ကားကောင်းများ
ရုပ်ပိုင်းဆိုင်ရာ ဝေဖန်ပုတ်ခတ်သူတွေကို ပညာသားပါပါ တုန့်ပြန်လိုက်တဲ့ ဖြိုးမြတ်အောင်ရဲ့Live ဗီဒီယို

Myanmar Idol Season (3) ပြိုင်ပွဲကြီးအပြီးမှာတော့ ဖြိုးမြတ်အောင်က အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက် ပြုလုပ်ဖြစ်နေပြီး ကုသိုလ်ရေးတွေလည်း လုပ်ဖြစ်နေတာပါ။ ဖြိုးမြတ်အောင်ကတော့ လတ်တလောမှာ သူချစ်ရတဲ့သီချင်းတွေကို ခံစားချက်အပြည့်နဲ့ အကောင်းဆုံးကြိုးစားလုပ်ကိုင်နေတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ရုပ်အလှထက် စိတ်အလှကို ဦးစားပေးဖို့ပြောလိုက်တဲ့ ဖြိုးမြတ်အောင်လေးကို ဆက်ပြီးအားပေးကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source:Phyo Myat Aung’s Facebook

Share From Lovely Myanmar