ကစ်ကစ်ရဲ့ နေအိမ်အထိအရောက်သွားပြီး အားပေးစကားပြောကြားပေးခဲ့ကြတဲ့ မမများအဖွဲ့

သရုပ်ဆောင်ကစ်ကစ်ဟာဆိုရင်အနုပညာနဲ့အသက်မွေးဝမ်းကျောင်းပြုခဲ့ရသူတစ်ဦးဖြစ်ပြီးအနုပညာအပေါ်မှာအရမ်းကိုတန်ဖိုးထားလေးစားချစ်မြတ်နိုးလွန်းတဲ့သူလေးတစ်ယောက်ပါ။အနုပညာအပေါ်ချစ်ခင်တဲ့သူမကတော့ယခုလိုနေထိုင်မကောင်းဖြစ်ပြီး စိတ်သွားတိုင်းကိုယ်မပါဖြစ်နေရတဲ့ အချိန်မှာတောင် နေကောင်းလာတာနဲ့ အနုပညာအလုပ်ကိုဆက်လက်လုပ်ကိုင်ဖို့ တဖွဖွပြောဆိုခဲ့တဲ့သူလေးတစ်ယောက်ပဲဖြစ်ပါတယ်။သူမပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားတိုင်းလိုလိုကလည်းပရိသတ်တွေအတွက်ဟာသလေးနှောပြီးသရုပ်ဆောင်ပြသပေးထားခဲ့တာကြောင့်ပရိသတ်တွေကသူမရဲ့အနုပညာကိုအကြိုက်တွေ့စေခဲ့ပြီး သဘောကျနှစ်သက်ခဲ့ကြတာပဲဖြစ်ပါတယ်။

ကစ်ကစ်ဟာဆိုရင်ကျန်းမာရေးဖောက်ပြန်မှုတွေကြောင့်နေထိုင်မကောင်းဖြစ်ပြီးဆေးရုံကိုခနခနတက်ရောက်ခဲ့ရတာပဲဖြစ်ပါတယ်။ ဆေးဝါးကုသမှုကုန်ကျစရိတ်တွေအရမ်းများခဲ့ပေမယ့်လည်းအများရဲ့ကူညီထောက်ပံ့ပေးမှုတွေနဲ့အသက်ဆက်ရှင်ခွင့် ရနေခဲ့ရတာပဲဖြစ်ပါတယ်။အဆိုးထဲကအကောင်းဆိုရလောက်အောင်ယခုဆိုရင်ကစ်ကစ်ကကျန်းမာရေးအခြေအနေတိုးတက်ကောင်းမွန်လာပြီဖြစ်တာကြောင့် အိမ်ပြန်အနားယူရတော့မှာပဲ ဖြစ်ပါတယ်။

ကျောက်ကပ်ဝေဒနာ၊ ဆီးချိုသွေးချိုနဲ့ ထွေရာလေးပါး ရောဂါဝေဒနာတွေကို ခံစားနေရတဲ့ ကစ်ကစ်ကတော့ ယခုဆိုရင် အိမ်ပြန်ပြီး အေးအေးဆေးဆေး အနားယူနေနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ အိမ်မှာအနားယူနေထိုင်နေတဲ့ ကစ်ကစ်ကို သရုပ်ဆောင် မမများအဖွဲ့က အိမ်တိုင်ရာရောက်သွားပြီး ဆေးဝါးစရိတ်တွေလှူဒါန်းရင်းအားပေးစကားသွားရောက်ပြောကြားပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။

ကစ်ကစ်ရဲ့ အိမ်အထိ အရောက်သွားပြီး ဆေးဝါးကုသမှုကုန်ကျစရိတ်အတွက် အလှူငွေတွေလှူဒါန်းပေးရင်းအားပေးစကား သွားရောက်ပြောကြားပေးခဲ့ကြတဲ့မမများအဖွဲ့ရဲ့ကြည်နူးစရာပုံရိပ်လေးတွေကိုချစ်ပရိသတ်တွေအတွက်ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။ကစ်ကစ်နေအိမ်အထိအရောက်သွားပြီးအားပေးစကားသွားရောက်ပြောကြားခဲ့ကြတဲ့အနုပညာရှင်များရဲ့ ပုံရိပ်လေးတွေကို ဆက်လက်ပြီး ကြည့်ရှုအားပေး သွားကြပါဦးနော်။

ကစ်ကစ်ရဲ့ အိမ်အထိသွားပြီး အားပေးစကားပြောကြားခဲ့ကြကြောင်းကိုတော့ သရုပ်ဆောင် မတူးက ” ညီမငယ် ​ကစ်​ကစ်​အိမ်ယုဇနဥယဉ်မြို့​တော်သို့မမများအဖွဲ့သွား​ရောက်အား​ပေး၍​ဆေးဘို့လှုခဲ့ပါတယ်ရှင့်​”ဆိုပြီးသူ့ရဲ့ဖေ့ဘုတ်စာမျက်နှာကနေရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

ဧပြီလ(၉)ရက်နေ့ကကစ်ကစ်ရဲ့အိမ်အထိသွားရောက်ပြီးအလှူငွေများဖြင့်လှူဒါန်းခဲ့ခြင်းနဲ့အားပေးစကားသွားရောက်ပြောကြားပေးခဲ့ခြင်းတို့ကို မမများအဖွဲ့ဝင် ဝါဝါအောင်က “ကစ်ကစ်ကိုမမများအဖွဲ့ကအားပေးစကားပြောခဲ့ကြတာပါ19.4.2019 ” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ထပ်မံရေးသား ဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

သူငယ်ချင်းတွေကအိမ်တိုင်ရာရောက်သွားရောက်ပြီးအားပေးစကားပြောကြားပေးရင်းဆေးကုသမှုစရိတ်တွေလှူဒါန်းပေးခဲ့တာကြောင့် အရမ်းကို ပျော်ရွှင်နေခဲ့ရတဲ့ ကစ်ကစ်ရဲ့ပုံရိပ်လေးကတော့ ကြည့်ရှုသူတို့ရဲ့ ရင်ကို ထိသွားစေနိုင်လောက်တဲ့ အပြုံးလေးကို ဖြစ်နေနိုင်ခဲ့ရပါပြီနော်။

သူငယ်ချင်းဖြစ်သူမမများအဖွဲ့သွားရောက်အားပေးစကားပြောကြားမှုကြောင့်အရမ်းကိုပျော်ရွှင်နေခဲ့ရတဲ့ကစ်ကစ်ရဲ့ပုံရိပ်လေးတွေကိုကြည့်ရင်း ပရိသတ်တွေလည်း သဘောကျကြိုက်နှစ်သက်မိမယ်လို့ထင်ပါတယ်။သူငယ်ချင်းများရဲ့ဖေးမမှုကြောင့် အရမ်းကို ပျော်ရွှင်ကြည်နူးနေခဲ့တဲ့ ကစ်ကစ်ရဲ့ ပုံရိပ်လေးတွေကိုကြည့်ရင်းအရမ်းကိုရင်ထဲထိထိမှန်သွားစေနိုင်ခဲ့တယ်ဆိုရင် Share ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော် ချစ်ပရိသတ်ကြီးရေ။ဆိုးဝါးလှတဲ့ရောဂါဆိုးကြီးကိုခံစားနေခဲ့ရတဲ့ကစ်ကစ်အတွက် အမြန်ပျောက်ကင်း သက်သာပါစေကြောင်း ဆုမွန်ကောင်းလေးနဲ့ ဆုတောင်းပေးသွားကြပါဦးနော်။

CRD-Momolay

Share From Global Myanmar Media