ကိုရီးယားသင်္ကြန်ဖျော်ဖြေပွဲမှာ ပရိသတ်တစ်ဦးရဲ့စင်ပေါ်တက်အတင်းဖက်နမ်းတာခံလိုက်ရတဲ့ နီနီခင်ဇော်ရဲ့ ဗီဒီယိုဖိုင်

အသံပါဝါကောင်းကောင်းနဲ့ အမိုက်စားသီချင်းတွေကို Mood အပြည့်နဲ့ သီဆိုလေ့ရှိတဲ့ အဆိုတော်မလေး နီနီခင်ဇော်ကတော့ အမြဲလိုလို ဆန်းသစ်တဲ့ အနုပညာနဲ့ ပရိသတ်တွေရဲ့အာရုံကို ဖမ်းစားထားနိုင်သူလေးပဲ ဖြစ်ပါတယ်။ နီနီခင်ဇော်ကတော့ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုတေးသံရှင်တစ်ဦးအဖြစ် နိုင်ငံတကာမှာလည်း ဆုတွေရယူသိမ်းပိုက်ပေးနိုင်ခဲ့သလို တေးသံရှင်တစ်ယောက်အဖြစ် ငြိမ်းချမ်းရေးသံတမန်တစ်ဦးအစြဖ်လည်း ခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။ သူမရဲ့ သီချင်းလေးတွေဟာ ခံစားချက်တွေကို ထိရှစေလာက်အောင် အဓိပ္ပာယ်ရှိလွန်းပြီး အရမ်းကို ရေပန်းစားပါတယ်။

ဒီနေ့မှာတော့ နီနီခင်ဇော်ကတော့ ကိုရီးယားနိုင်ငံရဲ့ ကိုရီးယားသင်္ကြန်မှာ မြန်မာပရိသတ်တွေကိုသွားရောက်ဖျော်ဖြေနေတာပဲဖြစ်ပါတယ်။ နီနီခင်ဇော်ကတော့ မြန်မာပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေကိုဖျော်ဖြေနေရင်း နီနီခင်ဇော်ကတော့ ပရိသတ်တစ်ဦးရဲ့ စင်ပေါ်တက် ဖက်နမ်းခြင်းကို ခံခဲ့ရတာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးအတွက် နီနီခင်ဇော်ရဲ့ ကိုရီးယားသင်္ကြန်မှာဖျော်ဖြေခဲ့တဲ့ ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ နီနီကိုချစ်ရင် Share ပေးသွားကြပါဦးနော်။

Video ကြည့်ရန်