မေတ္တာတရားငတ်မွတ်နေကြတဲ့ မိဘမဲ့ကလေးတွေကို မေတ္တာတွေသွားရောက်ပေးခဲ့တဲ့ ပိုပို

ပရိသတ်ကြီးရေ အနုပညာလောကမှာ အဆိုတော်တစ်ယောက်ဖြစ်တဲ့ ပိုပိုကတော့ အဆိုပိုင်းမှာ ပိုင်နိုင်တဲ့သူဖြစ်လို့ လူငယ်ပရိသတ်တွေကြားအရမ်းကိုရေပန်းစားတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။

ပိုပိုက အခုဆိုရင် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေလည်းရှိလာပြီဖြစ်လို့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်လို့ဆိုလို့ရနေပါပြီ။ပိုပိုက သီချင်းအသစ်တွေကိုလည်း ရင်နဲ့ခံစားပြီး အကောင်းဆုံးဖြစ်အောင်ဖန်တီးနေပါတယ်။

ပိုပိုက အရမ်းကိုချစ်စရာကောင်းပြီး ဖြူစင်တဲ့အလှတရားလေးကိုပိုင်ဆိုင်ထားပါတယ်။ပိုပိုက အခုနောက်ပိုင်းမှာ အရမ်းကိုလှလာပြီး စတိုင်ကျစမတ်ကျစွာနဲ့ အရမ်းလန်းနေပါတော့တယ်။

ပိုပို့ရဲ့ ချစ်စရာကောင်းတဲ့အမူအရာလေးတွေကလည်း ပုရိသတွေရဲ့ရင်အစုံကို အခုန်မြန်သွားစေပါတယ်နော်။ပိုပိုက မိန်းမတစ်ယာက်ပီသစွာနဲ့ အိမ်မှုကိစ္စတွေလည်း နိုင်နင်းပြီး တစ်ခါတစ်လေ ဖွယ်ဖွယ်ရာရာ ဟင်းလေးတွေကိုလည်း ချက်ပြုတ်တတ်ပါသေးတယ်။


ပိုပိုက အေးချမ်းတည်ငြိမ်စွာနဲ့ ဘဝကို လျှောက်လှမ်းနေတာဖြစ်လို့ တစ်ခါတစ်လေ အလှူအတန်းတွေကိုလည်း စိတ်ကူးပေါက်သလိုလုပ်ဖြစ်ပါသေးတယ်။

အခုဆိုရင်လည်းရွှေပြည်သာကမြိုင်သီလရှင်ကျောင်း ကို မထင်မှတ်ပဲ ရောက်သွားပြီး ကလေးတွေအတွက် အအေးတွေဖျော်တိုက်ကာ အလှူငွေလည်း လှူခဲ့ပါတယ်။ဒါ့အပြင် ပိုပိုက ကလေးတွေနဲ့ ပျော်ရွှင်စွာ ဆော့ကစားပေးပြီး လသားအရွယ်လေးတွေကိုလည်း ကြင်နာစွာ နို့ဗူးတိုက်ခဲ့ပါသေးတယ်နော်။

Source:ပိုပို credit-myanmarload

Share From Lucky Myanmar