(၂၀၁၈)မှာ ချစ်ရသူတွေနဲ့ ရွှေလက်တွဲခဲ့ကြတဲ့ မြန်မာဆယ်လီများ

၂၀၁၈)ခုနှစ်အတွင်းမှာ ချစ်ရသူတွေနဲ့ ရွှေလက်တွဲခဲ့ကြတဲ့ ဆယ်လီတွေ ရှိပါတယ်။ဘယ်ဆယ်လီတွေက Single ဘ၀ကို စွန့်လွှတ်ပြီး ချစ်ရသူတွေနဲ့ ရွှေလက်တွဲ ခဲ့ကြသလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
# ထိုက်စံ မော့စ်

နာမည်ကျော်ဟာသ သရုပ်ဆောင်ကြီး ဦးမော့စ်ရဲ့ သားဖြစ်တဲ့ ထိုက်စံ မော့စ် တစ်ယောက် ချစ်ရသူနဲ့ ရွှေလက် တွဲ ခဲ့ပါတယ်။ ထိုက်စံ မော့စ် နဲ့ ဒေါက်တာမေသူ တို့ရဲ့ မင်္ဂလာပွဲကိုတော့ အောက်တိုဘာလ၂၇ ရက်နေ့ က Western Park Royal မှာ ကျင်းပပြုလုပ်ခဲ့တာပါ။
#ဂျွန်

စိုင်းစိုင်းရဲ့ သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ ဂျွန် (John ) ကတော့ ချစ်ရသူနဲ့ ရွှေလက်တွဲ ခဲ့ပါတယ်။ဂျွန်ကတော့ သီချင်း ထဲက အတိုင်း သူ့ရဲ့ ဒေါက်တာမလေး ( ဒေါက်တာမြတ် သီရိမောင်)နဲ့ လက်တွဲနိုင်ခဲ့တာပါ။မင်္ဂလာဧည့်ခံပွဲမှာတော့ စိုင်းစိုင်းနဲ့ G Fatt တို့က သတို့ သားအရံအဖြစ် အားဖြည့်ပါဝင်ပေးခဲ့ပါတယ်။
ဂျွန်နဲ့ ဒေါက်တာမြတ် သီရိမောင်တို့ မောင်နှံတို့ရဲ့ မင်္ဂလာညစာစားပွဲကို ဇူလိုင်လ ၇ ရက်နေ့က Royal Green River Princess Cruise ပေါ်မှာ ကျင်းပပြုလုပ်ခဲ့တာပါ။
#ခိုင်သဇင်ယုဝါ

အမြွှာညီအစ်မတွေ ဖြစ်တဲ့ ခိုင်သဇင်ငုဝါနဲ့ ခိုင်သဇင်ငုဝါမှာတော့ အမဖြစ်တဲ့ ခိုင်သဇင်ယုဝါက သူမချစ်ရတဲ့ သူနဲ့ ရွှေလက် တွဲသွားခဲ့ပါပြီ။ ရဲထွဋ် နဲ့ ခိုင်သဇင်ယုဝါ တို့ရဲ့ မင်္ဂလာလက်မှတ် ရေးထိုး ပွဲကိုတော့ 29.11.2018 ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
#ခင်ရူပ

ခင်ရူပါကတော့ သူမရဲ့ ချစ်သူ ကိုစည်သူအောင်နဲ့ ရွှေလက်တွဲခဲ့ပါတယ်။မင်္ဂလာဦးဆွမ်းကျွေးကိုတော့ (၁၉.၁၂.၂၀၁၈) ရက် နေ့က ပြုလုပ်ခဲ့ပါတယ်။
#သူထူးစံ

သူထူးစံနဲ့ ထိုက်စုဝင်းတို့ကတော့ ဒီဇင်ဘာလ ၉ ရက်နေ့မှာတော့ နေပြည်တော်၊ တပ်ကုန်းမြို့ရှိ ငွေတောင်တောရ စာသင်တိုက်မှာ မင်္ဂလာဦးဆွမ်းကျွေးခဲ့ကြပါတယ်။
#ယွန်းဝတီလွင်မိုး

ယွန်းဝတီလွင်မိုး နဲ့ ထက်ဦးလှိုင်တို့ရဲ့ မင်္ဂလာပွဲကိုတော့ (၄.၁.၂၀၁၈)ရက်နေ့ကMELIA Hotel Yangon မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ယွန်းလေးရဲ့ မင်္ဂလာဦးဆွမ်းကျွေးကိုတော့ တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက် မှာ ဇန်န၀ါရီလ (၈)ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
#မောင်မောင်အေး

ကိုမောင်မောင်အေးနဲ့ မမြင့်မြင့် တို့ရဲ့မင်္ဂလာပွဲကိုတော့ (၅.၁၂.၂၀၁၈)နေ့က သုဝဏ္ဏဘူမိ Event part မှာ ကျင်းပပြု လုပ်ခဲ့ပါတယ်။
#ရွှေမှုံရတီ နဲ့ ရွှေထူး


ရွှေ-ရွှေစုံတွဲရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲကိုတော့ (30.10.2018) ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တာပါ။ သူ တို့နှစ်ယောက်လက်ထပ်တော့မယ့် အကြောင်းကိုတော့ နိုဝင်ဘာ(၂)ရက်နေ့က ပရိသတ်တွေကို အသိပေးခဲ့တာပါ။ မင်္ဂလာဆွမ်းကျွေးအလှူကိုတော့ (၉.၁၁.၂၀၁၈) က အောင်ဇဗ္ဗူ တောရကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။

ရွှေမှုံရတီနဲ့ ရွှေထူးတို့ရဲ့ မင်္ဂလာပွဲကိုတော့ နိုဝင်ဘာ(၁၁)ရက်နေ့က အင်းယားလိပ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါ တယ်။ပရိသတ်တွေကို Surprise အကြီးကြီးဖြစ်စေခဲ့တဲ့ မင်္ဂလာပွဲပါ။

Share From Lucky Myanmar