
ပရိသတ်ကြီးရေ “မိုးညအိပ်မက်မြူ ” ရုပ်ရှင်ဇာတ်ကားမှာ အကယ်ဒမီဆွတ်ခူးရရှိခဲ့တာဖြစ်ပြီး သီချင်းခွေ တစ်ခွေလည်းထွက်ရှိထားတဲ့ နိုင်ငံကျော်ဝါရင့်သရုပ်ဆောင် မင်းသမီးစိုးပြည့်သဇင်ကို သိကြမယ်ထင်ပါတယ်နော်။ ပရိသတ်တွေရဲ့ အားပေးမှုကို စဉ်ဆက်မပြတ်ရရှိပိုင်ဆိုင်ထားတာဖြစ်ပြီး သူမရဲ့အမတွေနဲ့အတူ ” မင်းသမီး ” ဆိုတဲ့ ပိုးထည်ဆိုင်လေးကိုလည်းဖွင့်လှစ်တည်ထောင်တားတာဖြစ်ပါတယ်။
မင်းသမီးစိုးပြည့်သဇင်ဟာဆိုရင် အပြုံးချိုလေးတွေနဲ့ ပရိသတ်ကြီးရဲ့ ချစ်ခင်အားပေးမှုကို သိမ်းပိုက်ထားတာဖြစ်ပါတယ်။ သူမဟာဆိုရင် ဖြူစင်သောစိတ်ထားနဲ့ လူတိုင်းအပေါ် ပေါင်းသင်းဆက်ဆံတက်တဲ့ အတွက်ကြောင့် တစ်တိုင်းပြည်လုံးရှိ ပရိသတ်တွေက အချစ်ပိုနေရတာဖြစ်ပါတယ်။ ခရီးသွားဝါသနာပါသူဖြစ်ပြီး ဘာသာတရားကိုင်းရှိုင်းသူတစ်ယောက်လည်းဖြစ်ပါတယ်။
ရိုးရိုးယဉ်ယဉ်နဲ့ အမြဲအေးအေးချမ်းချမ်းနေတက်တဲ့ သူမရဲ့ အပြုအမူနေထိုင်မှုတွေကြောင့် မြင်ရသူတို့ရဲ့ ရင်ထဲမှာတစ်ကယ့်ကို အေးမျှကြည်လင်စေတာဖြစ်ပါတယ်။
စိုးပြည့်သဇင်ဟာ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာကိုမြင်တွေ့ရမှာပါ…။
အခုတစ်ခါမှာဆိုရင်လည်း ချစ်ဖို့ကောင်းတဲ့ အလှတပုံရိပ်လေးတွေကို “ဝရံတာရှေ့ရောက်အမှတ်တရ” ဆိုတဲ့ status လေးနဲ့တကွ ထုတ်ဖော်တင်ဆက်ပြသထားတာကို Myanmarload ပရိသတ်ကြီးလည်းအဆက်အသွယ်မပြတ်ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…။credit-myanmarlaod
Share From Lucky Myanmar