ဘုရားေတာင္ မကယ္ႏုိင္တဲ့ မိသားစု

Zawgyi

ဘုရားရွင္ေတာင္ မကယ္ႏုိင္တဲ့ မိသားစု

အရွင္မဟာေမာဂၢလာန္ ကုိယ္ေတာ္ျမတ္ ဂိဇၥ်ကုဋ္ေတာင္ဘက္ ၾကြေနစဥ္ လမ္းမွာ ျပိတၱာေလးေယာက္ကုိ ေတြ႕လုိက္ေတာ့ တအံ့တၾသနဲ႔ ေမးလုိက္ မိတယ္။

“ျပိတၱာမ၊ ျမင္ရတာ စိတ္မခ်မ္းသာ လုိက္တာ။ တေယာက္က ရဲရဲေတာက္ေနတဲ့ သေလးစပါး ဖ်င္းေတြကုိ ေခါင္းေပၚမွာ ျဖန္႔ၾကဲၿပီး ပူေလာင္တဲ့ ဒဏ္ကုိ မျပတ္ခံစား ေနရတယ္။ တစ္ေယာက္ ကေတာ့ တင္းပုတ္နဲ႔ ကုိယ့္ေခါင္း ကုိ ျပန္ရုိက္ခဲြေန တယ္ ။ တစ္ေယာက္ကေတာ့ ကုိယ့္အသားအေသြးကုိ ျပန္ဖဲ့စားေနတယ္။ နင္ကေတာ့ ညစ္ပတ္တဲ့ မစင္ေတြကို စားေန တယ္ ။ ဘယ္လုိ အကုသုိလ္ေၾကာင့္ ခုလုိ ခံစားရတာလဲ ေျပာပါဦး”

မွန္ပါဘုရား။ ဒါ တပည့္ေတာ္တုိ႕ အရင္က မိသားစုေတြပါ။ ရဲရဲေတာက္ ေလာင္ေနတဲ့ သေလးစပါးဖ်င္းေတြ ၾကဲေနတဲ့ သူက သားပါ ဘုရား။ လူ႔ဘ၀တုန္းက အေမကုိ ညဥ္းဆဲခဲ့လုိ႔ပါ ။ တင္းပုတ္နဲ႔ျပန္ထုေနတဲ့ ေကာင္က လင္ပါ။ ေကာက္က်စ္စင္းလဲ တဲ့ ကုန္သည္ေပါ့ ဘုရား။ ကုိယ့္အသားကုိ ဖဲ့စားေနတာက ေခြ်းမပါ ဘုရား။ သူမကေတာ့ အိမ္မွာ အသားခ်က္ေတာ့ မသိ ေအာင္ အသားေတြ ခုိးစားခဲ့တယ္။ ေမးေတာ့ မစားဘူး လုိ႕လိမ္တယ္။ အဲဒါေၾကာင့္ ခုလုိျဖစ္ေန တာပါ။

တပည့္ေတာ္မ ကေတာ့ အဲတုန္းက တအိမ္လုံးကုိ ဦးစီးတဲ့ အိမ္ရွင္မပါ။ အရမ္း ကပ္ေစးနဲ ခဲ့တယ္။ ဥစၥာရွိသားနဲ႔ မရွိဘူးလုိ႕ လိမ္ခဲ့တယ္။ ၀ွက္ခဲ့တယ္။ သူမ်ားကို ေပးကမ္း ကူညီခ်င္း မရွိခဲ့ဘူး။ “ငါ့အိမ္မွာ ဘာပစၥည္းမွ မရွိဘူး ။ ရွိရဲ႕သားနဲ႔ လွဴိ႕၀ွက္ ခဲ့ရင္ မစင္ စားရပါေစသား” လုိ႔ လိမ္ခဲ့တယ္ ။ အဲဒီမေကာင္းတဲ့ ကံေတြေၾကာင့္ တပည့္ေတာ္မ ခုလုိ ပုိးေလာက္ ျပည့္ေနတဲ့ မစင္ေတြ စားေနရပါတယ္ ဘုရား။

“အုိး တယ္လည္း အျပစ္ႀကီးလွ ေပတယ္ ”

မွန္ပါဘုရား၊ ဒါေၾကာင့္ ကုသုိလ္ကံ၊ အကုသုိလ္ကံ ဆုိတာ အခ်ည္းအႏွီး မျဖစ္ပါဘူး။ အက်ိဳး ေပးျမဲပါပဲဘုရား။ အက်ိဳးမေပး ပဲနဲ႔ မေနပါဘူး။ ဒါေၾကာင့္လဲ မေကာင္းတဲ့ ပုိးေလာက္ေတြ ျပည့္ေနတဲ့ မစင္ေတြစားေနရတာ၊ ေသာက္လည္း ေသာက္ေနရ တာပါ ဘုရား။

အရွင္မဟာ ေမာဂၢလာန္ ကုိယ္ေတာ္ျမတ္လည္း သက္ျပင္း ရွည္ခ်ကာ ၿပိတၱာမိသားစုႏွင့္ ကံ၊ ကံရဲ႕အက်ိဳး၏ ဆန္းၾကယ္မူကုိ သံေ၀ဂျဖစ္ၿပီး စိတ္မေကာင္းစြာနဲ႔ပဲ ျပန္ၾကြလာ ပါေတာ့တယ္။

မေကာင္းတာ လုပ္မိသူကုိ ဘုရားေတာင္ မကယ္ႏုိင္ပါဘူး။ သူ႔လုပ္ရပ္ကို သူကုိယ္တုိင္ပဲ ေပးဆပ္ရျမဲပါပဲ။ ကုိယ္ေတာ္ျမတ္ လည္း စိတ္မေကာင္း ျဖစ္ရုံက လဲြလုိ႔ ဘာမွမတက္ႏုိင္။ ဘုရားရွင္ကုိ အသိေပးေလွ်ာက္ထားၿပီးေတာ့ လက္ရွိ လူ႔ဘ၀ ရရွိေန တဲ့ ေနာင္လာေနာက္သား မ်ားကုိ ဒီျပိတၱာမိသားစုကုိ ဥပမာျပၿပီး မေကာင္းတာ မလုပ္မိေအာင္ ႏိုးေဆာ္ဖုိ႔ပဲ ရွိပါတယ္။

“ပုညံ၀ သုခံ ဇေနတိ၊ အပုညံ ဒုကၡံ ဇေနတိ။

တသၼာ ပုညံ၀ ကာတဗၺံ၊ အပုညံ န စ ကာတဗၺံ။”

“ေကာင္းကံဟာ ေကာင္းက်ိဳးကို ျဖစ္ေစတယ္။

မေကာင္းကံဟာ မေကာင္းက်ိဳးကုိ ျဖစ္ေစတယ္။

ဒါေၾကာင့္ ေကာင္းကံကုိ ျပဳရမယ္။ မေကာင္းကံကုိ မျပဳအပ္ပါဘူး။”

ဒါေၾကာင့္ စာဖတ္သူမ်ား အားလုံးလည္း ဒီၿပိတၱာမိသားစုကုိ ဆင္ျခင္ သတိ၀င္ၿပီး မေကာင္းက်ိဳးကုိ ျဖစ္ေစတဲ့ကံမ်ားကို အတက္ႏုိင္ဆုံး ေရွာင္ပါ။ ေကာင္းက်ိဳးကုိ ျဖစ္ေစမယ့္ ေကာင္းကံေတြကို တက္ႏုိင္သမွ်ဆည္းပူးပါလုိ႔ တုိက္တြန္း လုိက္ရ ပါတယ္။

ေရႊစမ္းေျမ အရွင္က၀ိဓဇသာရ

Unicode

ဘုရားရှင်တောင် မကယ်နိုင်တဲ့ မိသားစု

အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ် ဂိဇ္ဈကုဋ်တောင်ဘက် ကြွနေစဉ် လမ်းမှာ ပြိတ္တာလေးယောက်ကို တွေ့လိုက်တော့ တအံ့တသြနဲ့ မေးလိုက် မိတယ်။

“ပြိတ္တာမ၊ မြင်ရတာ စိတ်မချမ်းသာ လိုက်တာ။ တယောက်က ရဲရဲတောက်နေတဲ့ သလေးစပါး ဖျင်းတွေကို ခေါင်းပေါ်မှာ ဖြန့်ကြဲပြီး ပူလောင်တဲ့ ဒဏ်ကို မပြတ်ခံစား နေရတယ်။ တစ်ယောက် ကတော့ တင်းပုတ်နဲ့ ကိုယ့်ခေါင်း ကို ပြန်ရိုက်ခွဲနေ တယ် ။ တစ်ယောက်ကတော့ ကိုယ့်အသားအသွေးကို ပြန်ဖဲ့စားနေတယ်။ နင်ကတော့ ညစ်ပတ်တဲ့ မစင်တွေကို စားနေ တယ် ။ ဘယ်လို အကုသိုလ်ကြောင့် ခုလို ခံစားရတာလဲ ပြောပါဦး”

မှန်ပါဘုရား။ ဒါ တပည့်တော်တို့ အရင်က မိသားစုတွေပါ။ ရဲရဲတောက် လောင်နေတဲ့ သလေးစပါးဖျင်းတွေ ကြဲနေတဲ့ သူက သားပါ ဘုရား။ လူ့ဘဝတုန်းက အမေကို ညဉ်းဆဲခဲ့လို့ပါ ။ တင်းပုတ်နဲ့ပြန်ထုနေတဲ့ ကောင်က လင်ပါ။ ကောက်ကျစ်စင်းလဲ တဲ့ ကုန်သည်ပေါ့ ဘုရား။ ကိုယ့်အသားကို ဖဲ့စားနေတာက ချွေးမပါ ဘုရား။ သူမကတော့ အိမ်မှာ အသားချက်တော့ မသိ အောင် အသားတွေ ခိုးစားခဲ့တယ်။ မေးတော့ မစားဘူး လို့လိမ်တယ်။ အဲဒါကြောင့် ခုလိုဖြစ်နေ တာပါ။

တပည့်တော်မ ကတော့ အဲတုန်းက တအိမ်လုံးကို ဦးစီးတဲ့ အိမ်ရှင်မပါ။ အရမ်း ကပ်စေးနဲ ခဲ့တယ်။ ဥစ္စာရှိသားနဲ့ မရှိဘူးလို့ လိမ်ခဲ့တယ်။ ဝှက်ခဲ့တယ်။ သူများကို ပေးကမ်း ကူညီချင်း မရှိခဲ့ဘူး။ “ငါ့အိမ်မှာ ဘာပစ္စည်းမှ မရှိဘူး ။ ရှိရဲ့သားနဲ့ လှိူ့ဝှက် ခဲ့ရင် မစင် စားရပါစေသား” လို့ လိမ်ခဲ့တယ် ။ အဲဒီမကောင်းတဲ့ ကံတွေကြောင့် တပည့်တော်မ ခုလို ပိုးလောက် ပြည့်နေတဲ့ မစင်တွေ စားနေရပါတယ် ဘုရား။

“အိုး တယ်လည်း အပြစ်ကြီးလှ ပေတယ် ”

မှန်ပါဘုရား၊ ဒါကြောင့် ကုသိုလ်ကံ၊ အကုသိုလ်ကံ ဆိုတာ အချည်းအနှီး မဖြစ်ပါဘူး။ အကျိုး ပေးမြဲပါပဲဘုရား။ အကျိုးမပေး ပဲနဲ့ မနေပါဘူး။ ဒါကြောင့်လဲ မကောင်းတဲ့ ပိုးလောက်တွေ ပြည့်နေတဲ့ မစင်တွေစားနေရတာ၊ သောက်လည်း သောက်နေရ တာပါ ဘုရား။

အရှင်မဟာ မောဂ္ဂလာန် ကိုယ်တော်မြတ်လည်း သက်ပြင်း ရှည်ချကာ ပြိတ္တာမိသားစုနှင့် ကံ၊ ကံရဲ့အကျိုး၏ ဆန်းကြယ်မူကို သံဝေဂဖြစ်ပြီး စိတ်မကောင်းစွာနဲ့ပဲ ပြန်ကြွလာ ပါတော့တယ်။

မကောင်းတာ လုပ်မိသူကို ဘုရားတောင် မကယ်နိုင်ပါဘူး။ သူ့လုပ်ရပ်ကို သူကိုယ်တိုင်ပဲ ပေးဆပ်ရမြဲပါပဲ။ ကိုယ်တော်မြတ် လည်း စိတ်မကောင်း ဖြစ်ရုံက လွဲလို့ ဘာမှမတက်နိုင်။ ဘုရားရှင်ကို အသိပေးလျှောက်ထားပြီးတော့ လက်ရှိ လူ့ဘ၀ ရရှိနေ တဲ့ နောင်လာနောက်သား များကို ဒီပြိတ္တာမိသားစုကို ဥပမာပြပြီး မကောင်းတာ မလုပ်မိအောင် နိုးဆော်ဖို့ပဲ ရှိပါတယ်။

“ပုညံ၀ သုခံ ဇနေတိ၊ အပုညံ ဒုက္ခံ ဇနေတိ။

တသ္မာ ပုညံ၀ ကာတဗ္ဗံ၊ အပုညံ န စ ကာတဗ္ဗံ။”

“ကောင်းကံဟာ ကောင်းကျိုးကို ဖြစ်စေတယ်။

မကောင်းကံဟာ မကောင်းကျိုးကို ဖြစ်စေတယ်။

ဒါကြောင့် ကောင်းကံကို ပြုရမယ်။ မကောင်းကံကို မပြုအပ်ပါဘူး။”

ဒါကြောင့် စာဖတ်သူများ အားလုံးလည်း ဒီပြိတ္တာမိသားစုကို ဆင်ခြင် သတိဝင်ပြီး မကောင်းကျိုးကို ဖြစ်စေတဲ့ကံများကို အတက်နိုင်ဆုံး ရှောင်ပါ။ ကောင်းကျိုးကို ဖြစ်စေမယ့် ကောင်းကံတွေကို တက်နိုင်သမျှဆည်းပူးပါလို့ တိုက်တွန်း လိုက်ရ ပါတယ်။

ရွှေစမ်းမြေ အရှင်ကဝိဓဇသာရ