လွိုင်​ဆမ်​ဆစ်​ တောင်ထိပ်သို့ရပ်တော်မူဆင်းတုတော်ကြီး ပင့်ဆောင်မှု မှတ်တမ်း

19.4.2019 တန်ခူးလပြည့်နေ့က လွိုင်​ဆမ်​ဆစ်​ တောင်ထိပ်သို့ရပ်တော်မူဘုရားကြီးစတင်ပင့်ဆောင်ခဲ့တာဖြစ်ပါတယ်

နတ်လူသာဓုခေါ်စေသော်.

လွိုင်ဆမ်ဆစ် အကြောင်း

“လွိုင်ဆမ်ဆစ်”ဆိုတဲ့အမည်လေးဟာ ရှမ်းဘာသာစကားဖြစ်ပြီး မြန်မာလိုဆိုရင်တော့ အစီအရီသွယ်တန်းနေတဲ့ “တောင်အလုံးသုံးဆယ်”လို့ အဓိပ္ပါယ်ရပါတယ်။

ဒဏ္ဍာရီလာ ရာဇဝင်များအရ ချစ်သူနဂါးမင်းပြန်အလာကို သစ္စာရှိစွာစောင့်မျှော်ရင်း နှလုံးသည်းပွတ်ကြေကွဲကာ သေဆုံးခဲ့ရတဲ့ နဂါးမလေးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ ချစ်သူကိုသစ္စာရှိစွာစောင့်မျှော်ခဲ့သည်ဟူသော သက်သေအဖြစ် အဆိုပါနေရာတွင် တောင်အလုံးသုံးဆယ် အစီအရီပေါ်ထွက်လာခဲ့ရာမှအစပြု၍ “လွယ်ဆမ်ဆစ်” တောင်တန်းကြီး ဖြစ်ပေါ်လာခဲ့တယ်လို့ သိရှိမှတ်သားရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သဘာဝအလှတရားများထဲမှ တစ်ခုဖြစ်ပြီး ကွတ်ခိုင်မြို့အနီးမှာတည်ရှိတဲ့ သည်တောင်တန်းတွေဟာ မြို့ရဲ့အသက်သွေးကြော ရေထွက်စတင်ရာနေရာလည်းဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကလေး၏ ကျက်သရေဆောင် လွိုင်ဆမ်ဆစ် တောင်တန်းကြီးမှာ စာရေးဆရာ၊ ကဗျာဆရာ၊ တေးရေးဆရာ တို့ တင်စားဖွဲ့ဆိုလောက်အောင် ပါးစပ်ရာဇ၀င်ကလေးဖြင့် လှပလွန်းသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၏ အလှတရားများထဲမှ တစ်ခုအပါအ၀င်ဖြစ်ကာ ဒေသခံများ မြတ်နိုးတန်ဖိုးထား ရသည့် တောင်တန်းကြီးလည်းဖြစ်သည်။

ကွတ်ခိုင်မြို့နယ်… ကွတ်ခိုင်မြို့ မန္တလေး- မူဆယ်သွားသည့် ကားလမ်းဘေး ကွတ်ခိုင်မြို့အ၀င်တွင် ယူကလစ်ပင်တန်းများ၊ စိမ်းမြသည့် ရေထွက်အိုင်ကလေးများနှင့် ပြည့်နှက်အေးချမ်းသာယာလှသည်။ ကွတ်ခိုင်မြို့ကို ရှမ်းဘာသာစကား….ကွတ်-အကွေ့အကောက်များခြင်း, ခိုင်-နမ့်ခိုင်ချောင်း, မြစ်အကွေ့အကောက်များသော နမ့်ခိုင်ချောင်းနဘေးမှမြို့ဟု အဓိပ္ပါယ် ရပြီး ရေတံခွန်စိမ့်စမ်း, တောစခန်း, တောင်စခန်းတို့ဖြငိ့ သာယာလှပနေသည်…

ရှမ်းရိုးမတောင်စဉ်တောင်တန်းများကို တောင်ခိုးတောင်ငွေ့ဝေဝေနှင့် တွေ့မြင်ရပေမည် …အရှေ့ဖက်တွင် ကွမ်းလုံ, ကုန်းကြမ်းမြို့နယ်နှင့် သံလွင်မြစ်, အနောက်ဖက်တွင် နမ္မတူ, နမ့်ခမ်းမြို့နယ်, တောင်ဘက်တွင် သိန္နီမြို့နယ်, မြောက်ဖက်တွင် မူဆယ်မြို့နယ်တည်ရှိပြီး မြို့နယ်အကျယ်အဝန်း ၁၉၇၀.၉၉ စတုရန်းမိုင်တွင်မှ မြို့အကျယ်အဝန်း ၇.၀၆ စတုရန်းမိုင်ရှိပါသည်….

ပင်လယ်ရေမျက်နှာပြင်အထက် ၄၄၂၉ ပေတွင် တည်ရှိပြီး နမ့်ခမ်တောင် ၇၄၄၃ ပေ, လွိုင်ပန်လန်းတောင်(ဟွေအက်) ၇၃၅၂ ပေ, လွိုင်ဆမ်ဆစ်တောင်မှာ ၆၁၂၅ ပေမြင့်သည်။ ကောင်းခါးရေတံခွန် ကွတ်ခိုင်မြို့နှင့် ၁၂ မိုင်ဝေးသည်။ adventure ဆန်ဆန် ခရီးသွားလိုသူများအတွက် ကောင်းခါးရေတံခွန်သည် ၇ ထပ်အဆင့်ရှိရေတံခွန်များဖြစ်ပြီး ရေတံခွန်အနီး (ဒုတိယအဆင့်)တွင် ကြီးမှားလှပသော ဂူတစ်ဂူလည်း ရှိသည်။

သဘာဝအလှတရားတွေနဲ့ပြည့်နှက်နေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း “လွယ်ဆမ်ဆစ်” တောင်တန်းကြီးနှင့် ကွတ်ခိုင်မြို့တစ်စိတိတစ်ဒေသအချို့ကို မျဝေဖော်ပြလိုက်ပါသည်။

Photo credit

sai san

Shan News