အိမ်ကို သူခိုးဝင်သွားလို့ ဒေါသထွက်နေရတဲ့ နန်းခင်ဇေယျာ

မိုမိုလေးပရိသတ်ကြီးရေ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် နိုင်ငံတကာမယ်ပြိုင်ပွဲတွေ မြန်မာပြည်မှာ အရမ်းကြီးခေတ်မစားသေးတဲ့အချိန် မြန်မာပရိသတ်တွေအားလုံးရဲ့ ရင်ကိုတိုးဝှေ့နိုင်ခဲ့တဲ့ မယ်လေးတစ်ဦးရှိခဲ့ပါတယ်။ Miss International 2012 ပြိုင်ပွဲမှာ မြန်မာတစ်ပြည်လုံးက ၀ိုင်းဝန်း Vote ပေးခဲ့ရတဲ့ တိုးဂိုက်လေး အလှမယ် နန်းခင်ဇေယျပါပဲ။

နှစ် ၅၀ ကြာ မြန်မာ Miss တွေကို နိုင်ငံခြားပြိုင်ပွဲတွေကို စေလွှတ်ခြင်းမရှိခဲ့ရာက ပထမဆုံးပြန်လည်ယှဉ်ပြိုင်ဖို့ စေလွှတ်ခံခဲ့ရသူလေးကလည်း နန်းခင်ဇေယျာပါပဲ။ အဲ့ဒီပြိုင်ပွဲမှာတော့ အဲ့ဒီအချိန်အခါက မြန်မာပရိသတ်တွေအမြင်နဲ့ အသားမကျသေးတဲ့ ရေကူးဝတ်စုံနဲ့ယှဉ်ပြိုင်ရမှုတွေကြောင့် နန်းခင်ဇေယျာမှာ ဝေဖန်ပြစ်တင်မှုတွေကိုလည်း အလူးအလဲခံခဲ့ရသေးတာပါ။

အဲ့လိုဝေဖန်ခံရမှုတွေကြားထဲကပဲ မြန်မာဆိုတဲ့အသိနဲ့ဝိုင်းဝန်းအားပေးမှုကြောင့် Miss Internet ဆုကိုရရှိခဲ့သလိုပဲ People’s Choice Award ဆုကိုလည်း ရရှိခဲ့ပါသေးတယ်။ ဒီလိုမျိုးမြန်မာပြည်ရဲ့ Miss လောကကို လှုပ်ခတ်ပြီး ပြောင်းလဲမှုစတင်ပေးခဲ့သူလေးကတော့ အခုအခါ သူမအတွက် ဒေါသထွက်စရာအခြေအနေတစ်ခုနဲ့ရင်ဆိုင်ခဲ့ရတာပါ။ သူမရဲ့နေအိမ်ကို သူခိုးဝင်သွားခဲ့တာကြောင့် ဒေါသတွေပေါက်ကွဲပြီး FB ရဲ့ My day မှာ Post တစ်ခုတင်ခဲ့ရတဲ့အဖြစ်ပါ။

နန်းခင်ဇေယျကတော့ “လုံခြုံချင်လို့ Security ရှိတဲ့ အိမ်ယာမှာနေတယ်။ Security လစာကိုလည်း လတိုင်းပုံမှန်ပေးရတယ်။ အိမ်ရာကလည်း CCTV တွေလည်း တပ်ထားတယ်။ ဒါကို အိမ်ကို သူခိုးဝင်တယ်ဆိုတော့ ဘယ်လိုလုပ်ရမလဲ” ဆိုပြီး သူမနေထိုင်တဲ့ ရွှေစံပယ်ရိပ်မွန်အိမ်ရာကို Check In ၀င်ထားတဲ့ Post တစ်ခုကို FB မှာမတင်ဖြစ်ဘဲ ss ရိုက်လို့ My day မှာတင်ခဲ့လိုက်တာပါ။ angry ဆိုတဲ့ feeling လေးနဲ့တွဲတင်ထားသလို သူမရဲ့အရေးအသားတွေကို ကြည့်လိုက်မယ်ဆိုရင် နန်းခင်ဇေယျာတစ်ယောက် ဒေါသတွေထွက်နေရတာ သိသာနေပါတယ်။

မိုမိုလေးပရိသတ်ကြီးရေ နန်းခင်ဇေယျာကတော့ ပရဟိတတွေကို တကယ့်ရင်ထဲက စိတ်ထားမှန်၊ စေတနာမှန်နဲ့ အမြဲတစေလုပ်ကိုင်နေပြီး တော်ရုံနဲ့ ဒေါသမထွက်တတ်တဲ့ ဂရုဏာရှင်မလေးပါ။ အခုလိုအခြေအနေဖြစ်ရတဲ့အပေါ်မှာလည်း သူမအနေနဲ့ တကယ်ကို ဒေါသထွက်စရာအခြေအနေပဲလေနော်။ လုံခြုံရေးရှိရက်နဲ့ အိမ်ကို သူခိုးဝင်ခံရတဲ့ ခံစားချက်ဆိုတော့လည်း နန်းခင်ဇေယျာအတွက် နားလည်ပေးကြမယ်လို့ ထင်ပါတယ်နော်။

သူခိုးကလည်း လုံခြုံရေးရှိရက်နဲ့တောင် ၀င်ရဲတယ်ဆိုတော့ တော်ရုံသတ္တိနဲ့တော့မရဘူးနော်။ မိုမိုလေးပရိသတ်ကြီးကလည်း နန်းခင်ဇေယျာရဲ့ Post လေးကိုမြင်ပြီး ကိုယ့်ပတ်ဝန်းကျင်နေအိမ်တွေမှာ သတိလေးကပ်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

နှာခေါင်းပြုပြင်ပြီးနောက်ပိုင်း အရင်နဲ့မတူ အလှကြီးလှနေတဲ့ နန်းခင်ဇေယျာတစ်ယောက် အဆင်ပြေစေဖို့ ဆုတောင်းရင်းနဲ့ပဲ သူမရဲ့ဖြစ်ရပ်လေးကို စံနမူနာယူလို့ နေအိမ်ခြံဝင်း အိမ်ရာတွေအတွက် လုံခြုံရေးတွေ CCTV တွေ ဘယ်လိုပဲရှိရှိ ကိုယ်တိုင်အတွက် သတိလေးကပ်ပြီး နေထိုင်နိုင်ကြဖို့ လိုနေပါပြီနော်။ သူမရဲ့ဖြစ်ရပ်လေးကို Share ပေးပြီး ပရိသတ်တွေ ကိုယ့်ရဲ့နေအိမ်လုံခြုံရေးသတိထားမိစေခဲ့တဲ့ နန်းခင်ဇေယျာအတွက်လည်း အစစအဆင်ပြေစေဖို့ မိုမိုလေးပရိသတ်ကြီးက ဆုတောင်းပေးခဲ့ကြပါဦးနော်။

Source – Nan Khin Zayar Fb
HM (မိုမိုလေး)
Share From Lovely Myanmar