Zawgyi ဖြင့်ဖတ်၇န်
အမည် – ဒေါ်ခင်လှိုင်
ရန်ကုန်
သုံးစွဲနည်း (၁)
သုံးစွဲနည်း(၂ )
Credit to ဇင်မင်းဦး
Unicodeဖြင့်ဖတ်ရန်
ဆေးရုံက လက်လွှတ်လို့ အိမ်ပြန်ခေါ်လာတဲ့ လူနာတွေကို မြန်မာဆေးမီးတိုနဲ့ ကုခါမှ အမြစ်ပြတ် ပျောက်သွားတယ်ဆိုတာတွေ မကြာခဏကြားဖူးပါတယ်။
ခုတစ်ခါလည်း တွေ့ပြန်ပါပြီ၊ သားအိမ်ကင် ဆာဖြစ်လို့ဆေးရုံက လက်လွှတ်တဲ့ လူနာတဲ့။ မြန်မာဆေးမီးတိုနဲ့ ကုလိုက်တာ ကောင်းသွားပြီတဲ့။ လူနာကလည်း ကျွန်တော်တို့ ဝင်းထဲမှာဆိုတော့ သွားမေးဖြစ်ပါတယ်။
လူနာဖြစ်သူ အသက်ခြောက်ဆယ်အရွယ် ဒေါ်ခင်လှိုင်နှင့်
တွေ့ဆုံစကားပြောခဲ့ရပါသည်။ လူနာမှာ လန်းဆန်းနေပြီး ယခင်ကကဲ့သို့ ယောင်ယမ်းကိုက်ခဲခြင်းလဲမရှိ တော့ကြောင်း စိတ်ရှည်စွာဖြေကြားပေးပါသည်။
မြန်မာရွက်ပုန်းသီးဆေးစွမ်းများမှာ အံ့မခန်း အစွမ်းထက်လှပေသည်။
နောက်တစ်နေ့တွင် ပို၍သေချာအောင် ခွဲစိတ်အထူးကု ဘွဲ့လွန်သင်းတန်း တက်ရောက်နေသော ဒေါက်တာ မျိုးခန့်ကိုကိုနှင့်အတူ လူနာအိမ်သို့
ထပ်မံ သွားရောက်ခဲ့ပါသည်။ ဓာတ်ခွဲခန်းဆေး မှတ်တမ်းများအား ထုတ်ပြခဲ့ပါသည်။
ဆေးမှတ်တမ်းများအရ Cancer Cell များပျံ့နှံ့နေ၍သားအိမ်ထုတ်ပစ်သော်လည်း အကြောင်းမထူးနိုင်ကြောင်း ဆရာဝန်ကြီးများမှပြောသဖြင့် ဆေးရုံမှ ဆင်းလာရကြောင်း အိမ်ရောက်သောအခါ ယောင်းယမ်းကိုက်ခဲသော ဝေဒနာအပြင်းအထန် ခံရကြောင်း ထမင်းမပြောနှင့် ရေသောက်လျှင်ပင် ပြန်အန်ကြောင်း မထနိုင်ပဲ အိပ်ရာထဲ လဲနေရကြောင်း သေမည့်နေ့ကို စောင့်မျှော်နေရကြောင်းနောက်ဆုံးတွင် ဖြစ်ချင်ရာဖြစ်ဆိုပြီး ဒီအမြစ်ကိုသွေးပြီး သောက်ခဲ့ကြောင်းဝေဒနာရှင်ကိုယ်တိုင်မှ ဆေးမြစ်ကိုကိုင်ပြီး ရှင်းပြပါသည်။
ဆေးသောက်ပြီးသည်နှင့် ဝမ်းခေါင်းတစ်ခုလုံး ပူရှိန်းသွားပြီး ခါးနှင့် ဆီးစပ်တို့တွင် စစ်စစ် စစ်စစ်နှင့် တဖြုတ်ဖြုတ်ခံစားရပါသည်။ ကျမအထင်အထဲမှ အမြစ်များပြတ်သွားသည်ဟု ထင်ပါသည်။ ၅ရက်လောက်ကြာတော့ အကိုက်အခဲ သက်သာပြီး အစာလဲစားနှိုင်လာပါတယ်။ ခုဆေးသောက်တာ ၁လရှိပါပြီ။ လုံးဝမကိုက်တော့ပါ။ ထမင်းလဲ စားကောင်းလို့ပြန်ဝလာပါပြီဟု ဒေါ်ခင်လှိုင်က ရှင်းပြပါတယ်။
(ကာယကံရှင်၏ခွင့်ပြုချက်အရ နေရပ်နှင့်ဆေးမြစ်လမ်းညွှန်တို့ကို တင်ပြပေးလိုက်ပါတယ်)
အမည် – ဒေါ်ခင်လှိုင်
နေရပ် – ဘုရင့်နောင်တံတားစီမံကိန်းဝင်း
ရန်ကုန်
ဆေးမြစ်အမည် – ပျဉ်းမမြစ်(အပွင့်ဖြူ)
သုံးစွဲနည်း (၁)
ဆန်ဆေးရေနှင့်သွေး၍ စတီးဇွန်း ၁ ဇွန်းခန့် တစ်နေ့ ၃ ကြိမ် သောက်ပါ။
သုံးစွဲနည်း(၂ )
အရက်ဆီနှင့်ရော၍လိမ်းပါ။
(ပျဉ်းမပင်အဖြူ မမြင်ဖူးသူများ မြင်ဖူးအောင် အပင်နှင့်အပွင့်ပါ
ဖော်ပြပေးလိုက်ပါတယ်။ အမြစ်လိုချင်သူများ ကုသိုလ်ဖြစ်အခမဲ့ လှူဒါန်းပါ့မည်။ ဇင်မင်းဦး(အင်းစိန်) ၀၉၄၄၈၀၀၉၇၅၇ ကို ဆက်သွယ်နိုင်ကြပါတယ်)
Credit to ဇင်မင်းဦး
စောနွဲ့နေဆိုင် – ပူတာအို