ကကွက်ဆန်းတွေနဲ့ ကနေကြတဲ့ ခေတ်လေးနဲ့ သစ်လေးတို့ရဲ့ဗီဒီယို
တစ်ခါမှ မမြင်ဖူးတဲ့ ကကွက်တွေနဲ့ ကနေတဲ့ သစ်လေးရဲ့ဗီဒီယို
CRD-Momolay
UNICODE
အရမ်းကိုချစ်စရာကောင်းတဲ့ သမီးချောလေးတွေကို ပိုင်ဆိုင်ထားတဲ့ လင်းလင်းနဲ့ချစ်သုဝေတို့ရဲ့အိမ်ဂေဟာလေးကတော့ အမြဲလိုလိုရယ်မောသံတွေနဲ့ဆူညံနေရတာပဲဖြစ်ပါတယ်။လတ်တလောမှာတော့မေမေချစ်သုဝေကသမီးလေးခေတ်လေးနဲ့သစ်လေးတိုနဲ့အတူကိုရီးယားနိုင်ငံသို့အလည်အပတ်ရောက်ရှိနေတာပဲဖြစ်ပါတယ်။ခရီးထွက်နေရရင်ကိုပျော်နေတဲ့ခေတ်လေးနဲ့သစ်လေးတို့ကတော့ကိုရီးယားကလမ်းမထက်မှာအားရပါးရကခုန်နေကြတာတွေ့ရပါတယ်။ကကွက်ဆန်းတွေနဲ့ ပျော်ပျော်ကြီးကနေတဲ့ ခေတ်လေးနဲ့ သစ်လေးတို့ရဲ့ဗီဒီယိုလေးကတော့ အရမ်းကို ချစ်ဖို့ကောင်းနေတာပါနော်။
ချစ်ပရိသတ်တွေအတွက်ကိုရီးယားလမ်းမပေါ်မှာအားရပါးရကခုန်နေကြတဲ့ခေတ်လေးနဲ့သစ်လေးတို့ရဲ့ဗီဒီယိုလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ခေတ်လေးနဲ့သစ်လေးတို့ကတော့မိဘနှစ်ပါးရဲ့အနုပညာသွေးအပြည့်ပါတာမို့သီချင်းသံကြားတာနဲ့ကို ပျော်ရွှင်ခုန်ပေါက်နေကြတာပါနော်။
အိမ်ထောင်သက်တမ်း၅နှစ်ကျော်ရှိသွားပြီဖြစ်တဲ့လင်းလင်းနဲ့ချစ်သုဝေတို့ဇနီးမောင်နှံနှစ်ဦးကတော့တစ်နေ့တစ်ခြားပိုပိုတိုးလာတဲ့သံယောဇဉ်တွေနဲ့အတူပြီးပြည့်စုံတဲ့မိသားစုဘဝလေးကိုဖန်တီးပုံဖော်ထားကြတာပါ။လင်းလင်းနဲ့ချစ်သုဝေတို့ဇနီးမောင်နှံနှစ်ဦးကတော့သမီးလေးတွေရဲ့နာမည်နဲ့လည်းငွေကြေးမတတ်နိုင်တဲ့ကလးငယ်တွေရဲ့ကျန်းမာရေးအတွက်ဖောင်ဒေးရှင်းတစ်ခုတည်ထောင်ထားပါသေးတယ်နော်။ချစ်ပရိသတ်တွေလည်းကိုရီးယားမှာအပျော်ကြီးပျော်နေတဲ့ ခေတ်နဲ့ သစ်လေးတို့ကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Share From Global Myanmar Media