You are here
Home > အနုပညာ > ၂၃ နှစ်ပြည့်​မွေး​နေ့အကြို​လေးအဖြစ် ချစ်​သူနဲ့အတူ မိဘမဲ့​​ကလေး​တွေအတွက်​ အလှူလုပ်​ခဲ့တဲ့ ဧငြိမ်းဖြူ

၂၃ နှစ်ပြည့်​မွေး​နေ့အကြို​လေးအဖြစ် ချစ်​သူနဲ့အတူ မိဘမဲ့​​ကလေး​တွေအတွက်​ အလှူလုပ်​ခဲ့တဲ့ ဧငြိမ်းဖြူ

ပရိသတ်​​တွေအားကျချစ်​ခင်​ကြတဲ့ ချစ်​သူစုံတွဲ​လေးဖြစ်​တဲ့ အဆို​တော့ ရဲရင့်​​အောင်​နဲ့ ​အေငြိမ်းဖြူတို့ချစ်​သူနှစ်​ဦးက​တော့ တစ်​ဦးနဲ့တစ်​ဦး အရမ်းချစ်​ကြတာမို့ ​ရှေ့သွား​နောက်​လိုက်​ညီတဲ့ နတ်​ဖက်​တဲ့စုံတွဲ​လေးလို ဖြစ်​​နေတာပါ။ လတ်​တ​လောမှာ​တော့ ဧငြိမ်းဖြူက လာမယ့်​ ဧပြီလ ၂၄ ရက်​​နေ့မှာကျ​ရောက်​မယ့်​ သူမရဲ့​မွေး​နေ့​လေးအတွက်​ ကြိုတင်​ပြီး​တော့ အလှူ​တွေလုပ်​ခဲ့တာ ​တွေ့ရပါတယ်​။ ဧငြိမ်းဖြူနဲ့အတူ ချစ်​သူရဲရင့်​​အောင်​ကလည်း အလှုမှာ အားဖြည့်​ပြီး ပါဝင်​ကူညီခဲ့တာ ​တွေ့ရပါတယ်​​နော်​။

ချစ်​ပရိသတ်​​တွေအတွက်​ အရမ်းကိုကြည်နူးဖို့​ကောင်းတဲ့ ရဲရင့်​​အောင်​နဲ့ ​အေငြိမ်းဖြူတို့ချစ်​သူနှစ်​ဦးရဲ့ပုံရိပ်​​တွေကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

ဧငြိမ်းဖြူက​တော့ ဒီနေ့ မွေးနေ့အကြိုလေးလုပ်ဖြစ်ပါတယ် ချစ်ရတဲ့သူတွေရယ် ပြီးတော့ QueenieA လေးတို့နဲ့ နှစ်တိုင်းမပျက်မကွက် အလှူဒါန်းလုပ်ရတဲ့ပီတိက ဘာနဲ့မှမတူပါဘူး … A သွားရောက်လှူဒါန်းခဲ့တာ တွံတေးမြို့မှာရှိတဲ့ “မင်္ဂလာလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ” လေးပါ မိဘမဲ့ကလေးပေါင်း ( ၈၀၀ ) ကျော်ရှိပါတယ် A ကိုမွေးထုတ်ပေးတဲ့ ချစ်ရတဲ့အမေနဲ့အဖေကိုလဲ​ငွေကျပ် ( 10 ) သိန်းနဲ့လဲကန်တော့ဖြစ်ပါတယ် A အနုပညာကြေးငွေလေးတွေနဲ့လုပ်ရတဲ့ အလှူဒါန်းလေးမို့ ပရိသတ်တွေရှိမှ ဒီလိုချစ်ရတဲ့အလုပ်လေးဆကိလုပ်ခွင့်ရလို့ အားလုံးကိုယ်စားလှူဒါနိးခဲ့တဲ့ အလှူဒါန်းလေးမို့လဲ အားလုံး နတ်လူသာဓုခေါ်စေသော် ” ဆိုပြီး သူမရဲ့​မွေး​နေ့အလှူအ​ကြောင်း ​ပြောထားတာပါ။

စိတ်​ထား​ကောင်းတဲ့ A ​လေး….

အေးအတူ ပူအမျှ အတူ​တွေ့ရတဲ့ ချစ်​သူနှစ်​ဦး

သူ့တို့ ချစ်​သူနှစ်​ဦး​က​တော့ မိဘမဲ့ ​ကျောင်းက က​လေး​တွေနဲ့အတူ ကစားခဲ့ကြပါ​သေးတယ်​။

ဧငြိမ်းဖြူကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေဆက်တိုက်ပြုလုပ်နေတာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ ချစ်ရတဲ့သူနဲ့အတူ သာယာပျော်ရွှင်တဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ မိသားစုနဲ့အတူ အနုပညာအလုပ်တွေလုပ်ပြီး ဘဝကို ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းနေတာပါ။ ချစ်ပရိသတ်တွေလည်း ကြည်နူးဖို့ေ​ကာင်း​တဲ့ ဧငြိမ်းဖြူရဲ့အလှူကို သာဓုေ​ခ်ါသွားကြဖို့ မမေ့ပါနဲ့နော်။

SOURCE : momolay
Share From swelsonenews

Top
//nossairt.net/4/3018672