သရုပ်ဆောင်ဖို့တစ်ခါမှတောင် အိပ်မက် မမက်ဖူးတဲ့ ကာရိုက်တာအကြောင်းပြောပြခဲ့တဲ့ နေတိုး

နေတိုးကတော့ ပရိသတ်တွေအားလုံးသိပြီးသား ဖြစ်တဲ့အတိုင်း သရုပ်ဆောင်တဲ့နေရာမှာအပိုအလိုမရှိ ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ အကယ်ဒမီ မင်းသားတစ်လက်ပဲဖြစ်ပါတယ် ။

ဟာသ ဒရမ်မာ အားလုံး ကို ကျရာ ဇာတ်ရုပ်အတိုင်းပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့နေတိုးကိုချစ်တဲ့ ပရိသတ်တွေကလည်း တစ်နိုင်ငံလုံးမှာ အနှံ့အပြားပါပဲ နော် ။ လတ်တလောမှာတော့ နေတိုးရိုက်ကူးထားတဲ့ “ ပြုံးရွှင်ရေ ပျော်ရဲ့လား “ ဇာတ်ကားကြီး မှာ လူရွှင်တော်တစ်ယောက်ရဲ့ နေရာက နေပါဝင်သရုပ်ထားတာဖြစ်ပြီး ဒီလို လူရွှင်တော်အဖြစ် သရုပ်ဆောင်ရမယ်လို့ အိပ်မက်တောင် မမက်ဖူးဘူးလို့ နေတိုးက ပြောပြလာခဲ့ပါတယ်။

လူရွှင်တော် ကာရိုက်တာကို သရုပ်ဆောင်ဖို့ဆိုတာမျိုးကို အိပ်မက်တောင် မမက်ဖူးသလို ငယ်ငယ်တုန်းက ဆို ရခိုင်မှာ ဇာတ်သဘင်တွေ ခဏခဏကြည့်ပြီး လူရွှင်တော်ကြီးတွေ ၊ ဇာတ်သဘင်ကဏ္ဍတွေကို အရမ်းသဘောကျနှစ်ခြိုက်ခဲ့တယ်လို့ နေတိုးက ပြောပြခဲ့ပါတယ် ။ အခုလို အနုပညာလောကထဲကိုရောက်ပြီး သရုပ်ဆောင်အလုပ်ကို လုပ်တော့ ဒီလိုဇာတ်ရုပ်မျိုးနဲ့ သရုပ်ဆောင်ရတဲ့အတွက် အရမ်းလည်း ပီတိဖြစ်မိတယ် အရမ်းလည်း တန်ဖိုးထားပြီး ဒီကာရိုက်တာပေါ်မှာ အလုပ်လုပ်ဖြစ်သွားတယ်လို့ ဒီဇာတ်ကားနဲ့ ပတ်သက်တဲ့အမှတ်တရတွေကို ပြောပြခဲ့ပါတယ် ။

Share From Lovely Myanmar