
ဒီနေ့လေးကတော့ အဆိုတော်မလေး ဖြူဖြူကျော်သိန်းရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ ဒေါက်တာမလေး ဖြူဖြူကျော်သိန်းကတော့ ယနေ့ကျရောက်လာတဲ့ မွေးနေ့လေးမှာ အမှတ်တရအလှူအဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ငွေကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့တာဖြစ်ပါတယ်။
အသံသြဇာအားကောင်းကောင်းနဲ့ ပရိသတ်တွေကို ရင်ထဲထိရှစေနိုင်တဲ့ သီချင်းသစ်လေးတွေဖန်တီးလေ့ရှိတာကြောင့် ယနေ့အချိန်ထိ အောင်မြင်မှုတွေရရှိနေဆဲဖြစ်တဲ့ ဝါရင့်အဆိုတော်ကြီးတစ်ဦးပါ။ သူမရဲ့ အသဲကွဲသီချင်းအတော်များများကတော့ ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်။
သီချင်းကောင်းတွေနဲ့အတူ ပရိသတ်ရှေ့ကိုအမြဲရောက်လာသလို စိတ်ထားလေးလည်းဖြူစင်ပွင့်လင်းလွန်းလှတဲ့ အဆိုတော်ဖြူဖြူကျော်သိန်းက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ ၄ ခုမြောက်ရေရှည်စီမံကိန်းဖြစ်လာမယ့် လရောင်တာစိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်းအတွက် ဆက်စပ်အဆောက်ဦတွေ ဆောက်လုပ်လှူဒါန်းဖို့ ငွေကျပ် သိန်း တစ်ရာ တိတိကို ပါဝင်လှူဒါန်းခဲ့တာဖြစ်ပါတယ်။
“Dr. ဖြူဖြူကျော်သိန်း က မွေးနေ့အမှတ်တရအဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ ၄ ခုမြောက်ရေရှည်စီမံကိန်းဖြစ်လာမည့် လရောင်တောစိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်းနှင့် ဆက်စပ်အဆောက်အဦများဆောက်လုပ်ရန်အတွက် အလှူငွေကျပ် သိန်းတစ်ရာကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရုံးခန်းသို့ (၂၂.၄.၂၀၁၉) ရက်နေ့တွင် လာရောက်လှူဒါန်းပေးခဲ့ပါသည်။” လို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ ပေ့ခ်ျမှာဖော်ပြထားခဲ့ပါတယ်။
ယခုလိုမျိုးလိုအပ်တဲ့နေရာတွေမှာ လှူဒါန်းခဲ့တဲ့ ဖြူဖြူကျော်သိန်းတစ်ယောက်မွေးနေ့ကစပြီး နောက်နှစ်ပေါင်းများစွာတိုင် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ လိုအင်ဆန္ဒတွေလည်း ပြည့်ဝနိုင်ပါစေလို့ ပရိသတ်ကြီးနဲ့ထပ်တူ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
Source : We Love Cele
Photos-ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း