မင်းသွေးရဲ့ မဟူရာရိုက်ကွင်းပေါ်က ရင်နင့်စရာအမှတ်တရ video လေး

သရုပ်ဆောင်မင်းသွေးဟာဆိုရင် ဘဝတစ်ပါးကိုကူးပြောင်းသွားတာ လအတန်ကြာပြီဖြစ်ပါတယ်။ သူ့ကိုချစ်တဲ့သူတွေကို နှုတ်ဆက်စကားမဆိုပဲ ရုတ်တရက်ကြီးထားပစ်ခဲ့တဲ့ မင်းသွေးက သူ့ရဲ့အနုပညာလက်ရာတွေတော့ပရိသတ်တွေအတွက် ချန်ထားရစ်ခဲ့ပါတယ်။ မကြာသေးမီက မင်းသွေးရဲ့ မဟူရာရိုက်ကွင်းက အမှတ်တရ video လေးကို Myanmar Platform Media က တင်ထားပေးခဲ့ပြီး အဲဒီ video ထဲမှာ မင်းသွေးက မဟူရာဇာတ်ကားရိုက်နေစဉ်အတွေ့အကြုံတွေနဲ့ ခံစားချက်တွေကိုပြောထားတာတွေ့ရပါတယ်။

မင်းသွေးက မဟူရာရုပ်ရှင်ရုံဇာတ်ကားရိုက်နေစဉ်က ကာရိုက်တာနဲ့ပတ်သက်ပြီးကြိုးစားပြင်ဆင်ခဲ့ပုံကို “ကျွန်တော် ဒါရိုက်တော့ ကာရိုက်တာ Development ပေါ့နော်။ ဘယ်လိုမျိုးဟာလေးတွေ ပြင်ဆင်ရမလဲဆိုတာကိုစဉ်းစားပြီးတော့ ရိုက်ကူးနေစဉ်အတောအတွင်းမှာ ကျွန်တော့်ကိုကျွန်တော် ကျော်စွာလို့ခံစားမိတယ်။ အဲဒီလိုပဲကျွန်တော်ရိုက်ခဲ့တယ်ပေါ့နော်”လို့ ပြောခဲ့ပါတယ်။

အဆင့်မြင့် ကြောက်မက်ဖွယ်သရဲကားဖြစ်တာနဲ့အညီ အသံပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ကြိုးစားခဲ့ရပုံကိုမင်းသွေးက “အသံကကျတော့ ရိုက်ကွင်းတွေဘာတွေလုပ်ပြီးမှ ပြန်သွင်းရတာဆိုတော့ ပြန်သွင်းရတဲ့အချိန်မှာ ကျွန်တော် အဲဒီလူတစ်ယောက်ဖြစ်ဖို့အတွက်ပြန်ကြိုးစားရတယ်။ အဲဒီတော့ နည်းနည်းလေးတော့ အခက်အခဲရှိတာပေါ့နော်။ ဒါပေမယ့် ကိုယ်လုပ်ခဲ့တဲ့ဇာတ်ကောင်တစ်ယောက် ကိုယ်စေတနာပါပါနဲ့ လုပ်ခဲ့တဲ့ဇာတ်ကောင်စရိုက်ဖြစ်တာကြောင့် ပြန်သွင်းရတာတော့ သိပ်အခက်အခဲတော့မရှိဘူးပေါ့နော်”လို့ ရင်ဖွင့်ထားပါတယ်။

ရုပ်ရှင်ရိုက်နေစဉ်က ပင်ပန်းခဲ့တာတွေကို မင်းသွေးက “တော်တော်လေးတော့ပင်ပန်းတယ်။ ကျွန်တော်တို့ ညဘက်တွေပြန်ရတယ်။ မိုးလင်းပေါက် ရက်နှစ်ဆယ်လောက်ရိုက်ရတယ်။ ရက်နှစ်ဆယ်လောက်တော့ ကြိုးစားလိုက်ကြမယ်။ လုပ်လိုက်စမ်းပါဆိုပြီးတော့။ တကယ်ကို ဘဝမှာ သရဲကားကောင်းကောင်းလေးတစ်ကားကြည့်စေချင်တဲ့ ဆန္ဒနဲ့ရိုက်ခဲ့တယ်။ ဒီကားလေးက သေချာတာတော့ ကြောက်ဖို့ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

ဒါက ကျွန်တော် ကျော်စွာ ဇာတ်ကောင်တစ်ယောက်အနေနဲ့ပြောတာပါ။ ပရိသတ်တစ်ယောက်အနေနဲ့ပြောရမယ်ဆိုရင်တော့ ဘယ်သူမဆို ကားကောင်းကိုတော့ ကြိုက်ကြမှာပဲ။ ဒီကားလေးက ကားကောင်းဖြစ်မယ်လို့ ယုံကြည်ပါတယ်”လို့ ချစ်ဖို့ကောင်းတဲ့အပြုံးလေးနဲ့ပြောထားတာတွေ့ရပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် မင်းသွေးရဲ့အမှတ်တရ video လေးကိုထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ သရုပ်ဆောင်မင်းသွေးရဲ့ မဟူရာရုပ်ရှင်ရုံရိုက်ကွင်းပေါ်က အမှတ်တရတွေအကြောင်း…#MyanmaPLatform #Celebrity #MinThwe

မင်းသွေးဟာ ဘဝတစ်ပါးပြောင်းသွားခဲ့ပေမယ့် သူ့ရဲ့အနုပညာတွေနဲ့ ပရိသတ်တွေရဲ့သူ့ကိုအားပေးမှုတွေအချစ်တွေကတော့ ဆက်လက်ရှင်သန်ကျန်ရှိတုန်းပါပဲ။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော မင်းသွေးကိုချစ်ကြလား။မင်းသွေးပါဝင်ထားတဲ့ မဟူရာရုပ်ရှင်ရုံ ကြောက်မက်ဖွယ်သရဲကားကြီး ရုံတင်ရင်ရောသွားရောက်ကြည့်ရှု့အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say

Share From nanmalgyi