.ခ်ဥ္ေစာ္ခါးသီး ေရေႏြးစိမ္ေသာက္ျခင္း၏ အံ့ဖြယ္သတိၲမ်ား

(Zawgyi)

၀က္ၿခံေပ်ာက္တယ္ .. အဆီက်တယ္… ခ်ဥ္ေစာ္ခါးသီး

“ခ်ဥ္ေစာ္ခါးသီး အေျခာက္ ၃-ဖတ္ ေလာက္ ကို ေရစင္ေအာင္ေဆးၿပီး၊ ေရေႏြး ပူပူခြက္ထဲ စိမ္ေသာက္လို႔ရေၾကာင္း၊ အဲဒီလိုေသာက္တဲ့အခါ ပထမဆုံးစေသာက္တဲ့ တစ္ႀကိမ္သာ ခ်ဥ္ေၾကာင္း၊ သို႔ေသာ္ သံပုရာသီးလို အခ်ဥ္မစူးေၾကာင္း၊ ခ်ဥ္ေစာ္ခါးသီးကလည္း အဆီခ်-ကိုလက္စေထေရာ က်ေစေၾကာင္း၊ ဝက္ၿခံေပ်ာက္ေစေၾကာင္း။

သူ႔ရဲ႕ထူးျခားခ်က္က ပတမဆုံးတစ္ခြက္ေသာက္ၿပီး ေနာက္ ၁၅-မိနစ္ေလာက္အၾကာမွာ ဆီးအိမ္ထဲမွာ ရွိတဲ့ဆီးေတြတစက္မက်န္ ဆီးသြားပစ္တာေၾကာင့္ ကိုယ္ထဲက ယူရစ္အက္ဆစ္ေတြက်ၿပီး သိသိသာသာ ေပါ့ပါးသြားေၾကာင္း၊ ဒါေၾကာင့္ အသိမိတ္ေဆြေတြထဲမွာ ဆီးခ်ဳပ္-ဆီးေအာင့္ ေရာဂါရွိသူေတြကို ခ်ဥ္ေစာ္ခါးသီး ေရးေႏြးစိမ္ ေသာက္သင့္ပါတယ္။ ေတာင္ေပၚေဒသ လူမ်ိဳးမ်ား၏ ေရလဲသုံးေသာ အဖိုးတန္ ေဆးဖက္ဝင္အသီး ျဖစ္ပါတယ္။

အသီးရင့္မွည့္လာပါက ပါးလႊာေသာ အခြံမာေလးအား ျဖည္းညႇင္းစြာ ဓါးျဖင့္ႏႊာရပါတယ္။ ေရျဖင့္ စင္ၾကယ္စြာ ေဆးေၾကာၿပီးတဲ့အခါ ဓါးျဖင့္ ပါးလႊာစြာ လွီးျဖတ္ပါ။ ၿပီးရင္ ဆားအနည္းငယ္ႏွင့္ ပ်ားရည္(သို႔မဟုတ္) သၾကားသင့္႐ုံထည့္ၿပီး တစ္ရက္ခန႔္ႏွပ္ထားပါ။ (ခ်င္းပါးပါး လွီးထဲ့ပါက အရသာပို၍ ေကာင္းမြန္ေစပါတယ္)

ေနာက္တစ္ေန႔မွာ တစ္ျပားမွ ႏွစ္ျပား တစ္ေန႔ (၃)ႀကိမ္မွ် စားေပးျခင္းျဖင့္-

(က) ေလထိုးေလေအာင့္ျခင္းကို သက္သာေစပါတယ္။

(ခ) အစာေၾက ရင္ေခ်ာင္ေစႏိုင္ပါတယ္။ အသံကိုၾကည္လင္ေစပါတယ္။

(ဂ) ေသြးတိုးေသာသူမ်ား၊ ႏွလုံးအဆီပိတ္သူမ်ား၊ အဆီမ်ားသူမ်ား၊ အသည္းေရာဂါ ေဝဒနာရွင္မ်ားႏွင့္ ခႏၶာကိုယ္တြင္း အဆီမ်ားသူမ်ားကို ေကာင္းက်ိဳးျပဳ႐ုံသာမက သက္ရွည္က်န္းမာေစပါတယ္။

(ဃ) တိုင္းရင္းေဆးပညာအလိုအရ ေတေဇာဓာတ္၊ ပထဝီဓာတ္ႏွင့္ အာေပါဓာတ္ႂကြယ္ဝ၍ ဝါေယာဓာတ္ကို ပို႔ေဆာင္ေပးႏိုင္တာေၾကာင့္ အာယုဝဃုန သက္ရွည္က်န္းမာေစေသာ အသီးျဖစ္ပါတယ္

ေရွးသမားေတာ္ႀကီးမ်ား၏ အဆိုအရ-

(က) ခ်ဥ္ေစာ္ခါးသီးကို ပါးပါးလွီး၍ ဝက္သားျဖင့္ ခ်က္စားျခင္းျဖင့္ ဝက္သားႏွင့္ မတည့္ေသာသူမ်ားအတြက္ အႏၲရာယ္ကင္းစြာ စားသုံးႏိုင္ပါတယ္။

(ခ) ငဒန္၊ ငျမင္းစာေသာ အဆီမ်ားေသာ ငါးမ်ားျဖင့္လည္း ခ်က္စားႏိုင္ပါတယ္။

(ဂ) ၾကက္၊ ဘဲ မ်ားျဖင့္ ခ်က္စားလွ်င္လည္း လြန္စြာ အရသာရွိလွပါတယ္။

Credit – ျမန္မာ့အလင္း၊ ေၾကးမုံ သတင္းစာ

(Unicode)

၀က်ခြံပျောက်တယ် .. အဆီကျတယ်… ချဉ်စော်ခါးသီး

“ချဉ်စော်ခါးသီး အခြောက် ၃-ဖတ် လောက် ကို ရေစင်အောင်ဆေးပြီး၊ ရေနွေး ပူပူခွက်ထဲ စိမ်သောက်လို့ရကြောင်း၊ အဲဒီလိုသောက်တဲ့အခါ ပထမဆုံးစသောက်တဲ့ တစ်ကြိမ်သာ ချဉ်ကြောင်း၊ သို့သော် သံပုရာသီးလို အချဉ်မစူးကြောင်း၊ ချဉ်စော်ခါးသီးကလည်း အဆီချ-ကိုလက်စထေရော ကျစေကြောင်း၊ ဝက်ခြံပျောက်စေကြောင်း။

သူ့ရဲ့ထူးခြားချက်က ပတမဆုံးတစ်ခွက်သောက်ပြီး နောက် ၁၅-မိနစ်လောက်အကြာမှာ ဆီးအိမ်ထဲမှာ ရှိတဲ့ဆီးတွေတစက်မကျန် ဆီးသွားပစ်တာကြောင့် ကိုယ်ထဲက ယူရစ်အက်ဆစ်တွေကျပြီး သိသိသာသာ ပေါ့ပါးသွားကြောင်း၊ ဒါကြောင့် အသိမိတ်ဆွေတွေထဲမှာ ဆီးချုပ်-ဆီးအောင့် ရောဂါရှိသူတွေကို ချဉ်စော်ခါးသီး ရေးနွေးစိမ် သောက်သင့်ပါတယ်။ တောင်ပေါ်ဒေသ လူမျိုးများ၏ ရေလဲသုံးသော အဖိုးတန် ဆေးဖက်ဝင်အသီး ဖြစ်ပါတယ်။

အသီးရင့်မှည့်လာပါက ပါးလွှာသော အခွံမာလေးအား ဖြည်းညှင်းစွာ ဓါးဖြင့်နွှာရပါတယ်။ ရေဖြင့် စင်ကြယ်စွာ ဆေးကြောပြီးတဲ့အခါ ဓါးဖြင့် ပါးလွှာစွာ လှီးဖြတ်ပါ။ ပြီးရင် ဆားအနည်းငယ်နှင့် ပျားရည်(သို့မဟုတ်) သကြားသင့်ရုံထည့်ပြီး တစ်ရက်ခန့်နှပ်ထားပါ။ (ချင်းပါးပါး လှီးထဲ့ပါက အရသာပို၍ ကောင်းမွန်စေပါတယ်)

နောက်တစ်နေ့မှာ တစ်ပြားမှ နှစ်ပြား တစ်နေ့ (၃)ကြိမ်မျှ စားပေးခြင်းဖြင့်-

(က) လေထိုးလေအောင့်ခြင်းကို သက်သာစေပါတယ်။

(ခ) အစာကြေ ရင်ချောင်စေနိုင်ပါတယ်။ အသံကိုကြည်လင်စေပါတယ်။

(ဂ) သွေးတိုးသောသူများ၊ နှလုံးအဆီပိတ်သူများ၊ အဆီများသူများ၊ အသည်းရောဂါ ဝေဒနာရှင်များနှင့် ခန္ဓာကိုယ်တွင်း အဆီများသူများကို ကောင်းကျိုးပြုရုံသာမက သက်ရှည်ကျန်းမာစေပါတယ်။

(ဃ) တိုင်းရင်းဆေးပညာအလိုအရ တေဇောဓာတ်၊ ပထဝီဓာတ်နှင့် အာပေါဓာတ်ကြွယ်ဝ၍ ဝါယောဓာတ်ကို ပို့ဆောင်ပေးနိုင်တာကြောင့် အာယုဝဃုန သက်ရှည်ကျန်းမာစေသော အသီးဖြစ်ပါတယ်

ရှေးသမားတော်ကြီးများ၏ အဆိုအရ-

(က) ချဉ်စော်ခါးသီးကို ပါးပါးလှီး၍ ဝက်သားဖြင့် ချက်စားခြင်းဖြင့် ဝက်သားနှင့် မတည့်သောသူများအတွက် အန္တရာယ်ကင်းစွာ စားသုံးနိုင်ပါတယ်။

(ခ) ငဒန်၊ ငမြင်းစာသော အဆီများသော ငါးများဖြင့်လည်း ချက်စားနိုင်ပါတယ်။

(ဂ) ကြက်၊ ဘဲ များဖြင့် ချက်စားလျှင်လည်း လွန်စွာ အရသာရှိလှပါတယ်။

Credit – မြန်မာ့အလင်း၊ ကြေးမုံ သတင်းစာ