
ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာ ပရိသတ်တွေရဲ့ တခဲနက် အားပေးချစ်ခင်မှုတွေကို သိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် ဆယ်လီစုံတွဲလေးကတော့ သရုပ်ဆောင်မင်းသားချောဇဏ်ခီနဲ့ ဒါရိုက်တာခရစ္စတီးနားတို့ ချစ်သူစုံတွဲလေးပဲ ဖြစ်ပါတယ်နော်..။
ကြည်နူးအားကျစရာ အိမ်ထောင်ရေးလေးကို သားချောလေးတစ်ယောက်နဲ့အတူ ပိုင်ဆိုင်ထားကြသလို ပရော်ဖက်ရှင်နယ် အနုပညာရှင်စိတ်ပြည့်ဝမှုတွေကြောင့်လည်း ပရိသတ်တွေက အမြဲအားပေးချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်..။
သဘာဝကျတဲ့ သရုပ်ဖော်ဖန်တီးမှုတွေနဲ့ အမိုက်စားရိုက်ကူးထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွေဖြစ်ကြတဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ “မုဒြာခေါ်သံ” ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်တွေရဲ့ အကြိုက်နဲ့ထပ်တူကျပြီး အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်..။
အခုတစ်ခါမှာလည်း တတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “Now and Ever – ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကြီးကလည်း ပရိသတ်တွေရဲ့ရှေ့ကို မကြာခင်မှာ ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်နော်..။
“Now and Ever – ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာခရစ္စတီးနားခီက ရိုက်ကူးပုံဖော်ထားကြဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ကတော့ မင်းသားချောဇဏ်ခီနဲ့ မင်းသမီးချောပိုင်ဖြိုးသုအပြင် တတ်သစ်စသရုပ်ဆောင်တွေများစွာနဲ့အတူ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်..။
ခီမောင်နှံတို့ရဲ့ လက်ရာဇာတ်ကားလေးဖြစ်သလို ဇဏ်ခီနဲ့ ပိုင်ဖြိုးသုတို့ကတော့ အားကျစရာကောင်းပြီး လိုက်ဖက်ညီလွန်းတဲ့ ချစ်သုစုံတွဲလေးအဖြစ် မြင်တွေ့ရမှာမို့ ပရိသတ်တွေကလည်း စောင့်မျှော်အားပေးနေကြတာ တွေ့ရပါတယ်..။
Photo – ထာဝရနှောင်ကြိုး credit-myanmarlaod
Share From Lucky Myanmar