CRD-Momolay
UNICODE
နိုင်ငံကျော် မင်းသမီးချောလေး ဖွေးဖွေးက ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ အကောင်းဆုံးသရုပ်ဆောင်နိုင်သူတစ်ဦးပါပဲ။ သူမရဲ့ထူးခြားတဲ့သရုပ်ဆောင်စွမ်းရည်ကြောင့်အနုပညာသက်တမ်း၁၀နှစ်အတွင်းမှာအကယ်ဒမီဆုကြီးသုံးဆုတိတိကိုထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိထားသူတစ်ဦးဖြစ်ပါတယ်။ဖွေးဖွေးကအခုလက်ရှိမှာလဲအနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေလျက်ရှိပါတယ်။
ဒီနေ့ကတော့ ဖွေးဖွေးရဲ့ သူငယ်ချင်းဖြစ်သူ အလင်းရောင်ရဲ့ မွေးနေ့လေးဖြစ်ပြီး ဖွေးဖွေးကလဲ သူမရဲ့ သူငယ်ချင်းလဲဖြစ် လုပ်ဖော်ကိုင်ဖက်လဲဖြစ်တဲ့ အလင်းရောင်အတွက်မွေးနေ့ဆုတောင်းစကားလေးကိုဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ဆုတောင်းပေးထားပါတယ်။
ဖွေးဖွေးက “ဟက်ပီးဘတ်ဒေး ရောင်ရောင် !! We’ve been through a lot together! Cheers to this birthday and to many many more!!! Stay Awesome As Always Brother
22nd April, 2019” ဆိုပြီး အလင်းရောင်အတွက် မွေးနေ့ဆုတောင်းပေးထားပါတယ်။
အလင်းရောင်နဲ့ ဖွေးဖွေးက ဒါရိုက်တာဝိုင်းရဲ့တပည့်တွေဖြစ်ပြီးရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုလဲအတူတူရိုက်ကူးရင်း ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေဆိုလဲ မမှားပါဘူး။ ဒီနေ့အလင်းရောင်ရဲ့မွေးနေ့မှာတော့ဖွေးဖွေးကအလင်းရောင်ရဲ့ နာမည်ပြောင်လေးကို ခေါ်ပြီး မွေးနေ့ဆုတောင်းပေးထားတာ အရမ်းချစ်စရာကောင်းတာပဲနော်။
ဖွေးဖွေးနဲ့ အလင်းရောင်တို့က လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကိုအတူတူတွဲဖက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ဖွေးဖွေးနဲ့ အလင်းရောင်တို့ရဲ့ “ကံ့ကော်နီ” ရုပ်ရှင်ဇာတ်ကားကြီးကလဲ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Share From Global Myanmar Media