တစ်နေ့တစ်ခြား ပိုပိုခန့်ညားလာပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲတစ်ယောက်ဖြစ်လာတဲ့ မင်းသန့်မောင်မောင်

ပရိသတ်ကြီးရေ နိုင်ငံကျော်ဒါရိုက်တာကြီးတစ်ယောက်ဖြစ်တဲ့ ဇင်ရော်မောင်မောင် ရိုက်ကူးထားတဲ့ ဇာတ်ကားတွေဟာဆိုရင် ဇာတ်လမ်းဇာတ်အိမ်ခိုင်မာပြီး ဟာကွက်မရှိတာဖြစ်လို့ ပရိသတ်တွေအရမ်းကြိုက်နှစ်သက်ကြပါတယ်။

ဒါရိုက်တာအလုပ်ကို တစ်ခေတ်တစ်ခါတည်းက လုပ်ကိုင်ခဲ့ပြီး မင်းသားမင်းသမီးတွေကိုလည်း အောင်မြင်မှုအပေါင်းသရဖူဆောင်းနိုင်အောင် လုပ်ဆောင်ပေးနိုင်တဲ့ ဒါရိုက်တာကောင်းတစ်ယောက်ဖြစ်ပါတယ်။


သားလေး မင်းသန့်မောင်မောင်ကလည်း ဖခင်ရဲ့ အနုပညာအမွေအနှစ်တွေကို ဆက်ခံမယ့်သူဖြစ်လို့ နိုင်ငံခြားထိ ပညာတော်သင်သွားကာ ဒါရိုက်တာအတက်ပညာကို သေချာလေ့လာဆည်းပူးခဲ့ပါတယ်။အခုဆိုရင်တော့ မင်းသန့်မောင်မောင်လည်း ကျောင်းပြီးသွားလို့ မွေးရပ်မြေကို ပြန်လည်ရောက်ရှိလာပြီး ဖေဖေ ဇင်ရော်မောင်မောင်ရဲ့ အလုပ်တွေအကုန်လုံးကို ကူညီလုပ်ကိုင်ပေးနေတဲ့ သားလိမ္မာလေးတစ်ယောက်ဖြစ်ပါတယ်။

အခုဆိုရင်လည်း ဇင်ရော်မောင်မောင်နဲ့ မင်းသန့်မောင်မောင်တို့က ကိုရီးယားနိုင်ငံကို ရုပ်ရှင်ကားကြီး ရိုက်ဖို့အတွက် ရောက်ရှိနေပြီး ကိုရီးယားက အသိပညာရှင် အတက်ပညာရှင်တွေနဲ့ ပူးပေါင်းဆွေးနွေးကာ အကောင်းဆုံးတွေကို ဖန်တီးတော့မှာဖြစ်ပါတယ်။

မင်းသန့်မောင်မောင်ကလည်း ဖေဖေတို့ဆွေးနွေးတာကို ကြည့်ပြီး ဗဟုသုတတွေကို မှတ်သားထားပါတယ်။ကိုရီးယားနိုင်ငံရဲ့ အလှအပတွေနဲ့အတူ သားအဖနှစ်ယောက် လည်ပတ်နေတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။credit-myanmarlaod

Share From Lucky Myanmar