ပြည်ပမှာလည်း အောင်မြင်မှုတွေရနေတဲ့ စိုင်းစိုင်းခမ်းလှိုင်

စိုင်းစိုင်းက စင်ကာပူသင်္ကြန်မှာ ပရိသတ် ၅၀၀၀ ခန့်ရှိတဲ့ဖျော်ဖြေပွဲမှာပျော်ပျော်ပါးပါးသီချင်းတွေဆိုခဲ့ရတဲ့အတွေ့အကြုံတွေ ပြောပြလာပါတယ်။ ပြည်ပနိုင်ငံမှာ ဒီလိုပရိသတ်အများကြီးနဲ့ဖျော်ဖြေရတာ သူ့အတွက် ပထမဆုံးပါတဲ့။စိုင်းစိုင်းကတော့ လက်ရှိမှာစင်ကာပူနိုင်ငံမှာမြန်မာပရိသတ်တွေနဲ့အတူစင်ကာပူသင်္ကြန်ကိုပျော်ပျော်ပါးပါးဆင်နွှဲနေတာဖြစ်ပါတယ်။အားပေးသူ ပရိသတ် ၅၀၀၀ ခန့်နဲ့ ဖျော်ဖြေပွဲ့ကို အောင်အောင်မြင်မြင်ပြီးဆုံးနိုင်ခဲ့တယ်လို့လည်း သူကဆိုပါတယ်။

‘’မနေ့က စင်ကာပူမြို့လယ် Marina Bay က The Lawn မှာ အနည်းဆုံး ပရိသတ် ၅၀၀၀ ရှိတဲ့ပွဲမှာ ကျွန်တော်တို့ အဖွဲ့ ဖျော်ဖြေခဲ့ပါတယ်။ ဒီလောက်များတဲ့ လူအုပ်ကြီးအတွက်လုံခြုံရေးငါးယောက်ပဲငှားထားတာပါတဲ့သူတို့ကလည်းမတော်တဆ အတွက်ပဲ အသင့်နေနေတာဖြစ်ပြီးတော့ တကယ်လည်း ဘာပြဿနာတစ်စုံတစ်ရာမှ မရှိခဲ့ပါဘူး’’ ဆိုပြီးတော့ ဧပြီလ ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီ ကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ရေးသားခဲ့ပါတယ်။

အဲဒီနောက် စိုင်းစိုင်းက ပြည်ပနိုင်ငံမှာပြုလုပ်တဲ့ ဖျော်ဖြေပွဲတွေထဲမှာ ပရိသတ် ၅၀၀၀အင်အားရှိတဲ့ဖျော်ဖြေပွဲမှာသီဆိုရတာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။‘’မြန်မာနိုင်ငံပြင်ပမှာ ဒီလောက်များတဲ့ လူအုပ်ကြီးကိုဖျော်ဖြေဖူးတာဒါပထမဆုံးပဲ။ Thank you Singapore !!pWe really had a good time !! Love you’all , peace’’ ဆိုပြီးတော့ ဧပြီလ ၂၁ ရက်နေ့ ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

စင်ကာပူသင်္ကြန်ပွဲမှာ ဖျော်ဖြေရေးတွေနဲ့အတူတူ ပျော်ပျော်ပါးပါး ရေကစားခဲ့ကြတဲ့ ပရိသတ်တွေအပြင်၊ အမှိုက်တွေကို ရှင်းလင်းပေးတဲ့ အဖွဲ့လည်း ရှိသေးတယ်လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောခဲ့ပါသေးတယ်။‘’ပရိသတ်တွေကိုကူညီဖို့ လူငယ် Volunteer တွေလည်း တွေ့ခဲ့ရပါတယ်။ ပွဲပြီးတာနဲ့ အဖြူရောင်ပရဟိတအဖွဲ့ကပွဲခင်းတစ်ခုလုံးကိုပြောင်သလင်းခါအောင် ကူညီရှင်းလင်းပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

အောင်မြင်တဲ့ပွဲကောင်းတစ်ပွဲဖြစ်ဖို့စီစဉ်တဲ့MyanmarClubရယ်တက်ရောက်အားပေးတဲ့ပရိသတ်ရယ်ပံ့ပိုးတဲ့အဖွဲ့အစည်းတွေ Sponsor တွေရယ် ကူညီတဲ့ လူငယ်မောင်မယ်များရယ် အားလုံးကို ကျွန်တော်တို့ Frenzo Artists များမှ ကျေးဇူးတင်ဦးညွတ်ပါတယ် ခင်ဗျား’’ လို့လည်း ဆက်လက် ရေးသားခဲ့ပါသေးတယ်။

CRD-Cele Yatkwat

Share From Global Myanmar Media