.စရိုက်ကြမ်းတဲ့ ယိမ်းသမ စိန်တင်အဖြစ် သတ္တိရှိရှိ သရုပ်ဆောင်ခဲ့တဲ့ အေးမြတ်သူ
CRD-Cele Gabar
UNICODE
ချစ်စရာကောင်းတဲ့ ပါးချိုင့်လေးတွေနဲ့ မမြတ်လေးလို့ ပရိသတ်တွေ ချစ်စနိုးနဲ့ခေါ်ရတဲ့ သရုပ်ဆောင် အေးမြတ်သူကတော့ ဒီနှစ်မှာပဲ အကယ်ဒမီ အေးမြတ်သူအဖြစ် ပြောင်းလဲသွားခဲ့ပါပြီ ။ အကယ်ဒမီ ဆုနဲ့ထိုက်တန်လောက်အောင် သရုပ်ဆောင်ပီပြင်တဲ့အပြင်ကျရာဇာတ်ရုပ်မရွေးသဏ္ဍန်လုပ်သရုပ်တူအောင်သရုပ်ဆောင်နိုင်တဲ့အေးမြတ်သူကတော့တကယ်ကိုတော်တဲ့အနုပညာရှင်တစ်ယောက်ပါပဲပရိသတ်ကြီးရေ..။လွန်ခဲ့တဲ့နှစ်တွေကခေါက်ထီးလေးမလုံ့တလုံဇာတ်ကားကြီးနဲ့အကယ်ဒမီဆုခန့်မှန်းခံခဲ့ရပေမယ့်လည်းလွဲချော်ခဲ့တဲ့သူမကတော့ဒီနှစ်မှာအကယ်ဒမီအေးမြတ်သူအဖြစ်အနုပညာလောကမှာနေရာယူနိုင်ခဲ့ပါပြီ ။
လတ်တလောမှာတော့“ပြုံရွှင်ရေပျော်ရဲ့လား“ဇာတ်ကားကြီးမှာနေတိုး၊ကျော်ကျော်ဗိုလ်၊ရွှေမှုံရတီတို့နဲ့အတူယိမ်းသမစိန်တင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတာတွေ့ရပါတယ်။ဒီကားကို၂၀၁၅ခုနှစ်ကရိုက်ကူးခဲ့တာဖြစ်ပြီးအခုမှရုံတင်ခွင့်ရတဲ့အတွက်၄နှစ်လောက်ရှိခဲ့ပြီလို့သိရပါတယ်။စရိုက်ကြမ်းတဲ့ယိမ်းသမစိန်တင်ကာရိုက်တာကအဓိကဇာတ်ကောင်တွေကိုပံ့ပိုးပေး့မယ့်ကာရိုက်တာဖြစ်ပြီအဖြည်မရှိဘူးတကယ့်ကိုကြမ်းကြမ်းတမ်းတမ်းကာရိုက်တာဖြစ်တယ်လို့ကြိုပြောခဲ့ပေမဲ့ကိုနေတိုးလိုတကယ့်ကိုတော်တဲ့လူနဲ့အတူတွဲရိုက်ရမှာဖြစ်လို့ဝမ်းသာစွာပါဝင်ခဲ့တယ်လို့အေးမြတ်သူကပြောပြခဲ့ပါတယ်။ကိုယ်မလုပ်ဘူးတဲ့ဇာတ်ကောင်စိန်တင်အတွက်အရမ်းရင်ခုန်မိတယ်လို့လည်းအေးမြတ်သူကဆိုပါတယ်။ပရိသတ်ကြီးလည်း မမြတ်လေး ရဲ့ အကြမ်းစား ကာရိုက်တာတွေအတွက် ရင်ခုန်နေကြပြီထင်ပါတယ်နော် ။
Share From Global Myanmar Media