
ပရိသတ်တွေ ချစ်ခင်အားပေးကြတဲ့ မင်းသမီးချောလေးစိုးပြည့်သဇင်က အရမ်းချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ချစ်စမွှေးပါတဲ့ မင်းသမီးလေးပါနော်။စိုးပြည့်ကတော့ အနုပညာလောကထဲကို ဆယ်ကျော်သက်အရွယ်ကတည်းက ဝင်ရောက်လာခဲ့ပြီး ဗီဒီယို ဇာတ်ကားတွေ ကြော်ငြာတွေကို ရိုက်ကူးခဲ့ပါတယ်။စိုးပြည့်ရဲ့ ဗီဒီယိုကားလေးတွေမှတဆင့် ပရိသတ်တွေက စတင်သတိထားမိလာကြပြီး ချစ်ခင်အားပေးလာကြပါတယ်။
စိုးပြည့်က အရမ်းတော်ပြီး အရမ်းလှကြတဲ့ မင်းသမီးချော စိုးမြတ်သူဇာ စိုးမြတ်နန္ဒာ တို့နဲ့ ညီအစ်မတော်တာကြောင့် သူမရဲ့ အိုင်တင်သရုပ်ဆောင်ချက်တွေကတော့ ဟာကွက်မရှိအောင် ပီပြင်ပိုင်နိုင်လှပါတယ်။စိုးပြည့်က အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း မိဘတွေကို လုပ်ကျွေးပြုစုနေတဲ့ သမီးလိမ္မာလေးတစ်ယောက်လည်းဖြစ်ပါတယ်။အခုဆိုရင်လည်း စိုးပြည့်က မိဘတွေရဲ့၃၁နှစ်ပြည့် နှစ်ပတ်လည်နေ့လေးကို ပျော်ရွှင်စွာ ကျင်းပပေးခဲ့ပါတယ်။
စိုးပြည့်တို့မိသားစုက ဆွေမျိုးတွေနဲ့အတူ hot pot တွေစားကြပြီး မိဘတွေအတွက်”Happy Anniversary ပါဖေကြီးနဲ့မေကြီး…ဒီတစ်ယောက်ဘဲချစ်ဒီတစ်ယောက်ဘဲလက်ထပ်ခဲ့ပြီး…ခုချိန်ထိသစ္စာရှိတဲ့ချစ်ခြင်းတရားတွေကတန်ဖိုးထားစရာလေးပါ….ဖေကြီးနဲ့မေကြီ3း1နှစ်ပြည့်Anniversaryမှနောင်နှစ်ပေါင်းများစွာရွှေရတု…စိန်ရတုတိုင်အမြဲစိတ်ချမ်းသာပျော်ရွှင်ပါစေလို့….ဆုတောင်းပေးပါတယ်”ဆိုပြီး ဆုတောင်စကားလေးကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားခဲ့ပါတယ်နော်။
credit – myanmarload
Share From Lucky Myanmar