
နိုင်ငံကျော်သရုပ်ဆောင်နှင့်အဆိုတော် ချစ်သုဝေက အားပေးသူပရိသတ်အခိုင်အမာနဲ့ အချိန်ကြာကြာရပ်တည်နေနိုင်သူတစ်ဦးဖြစ်ပါတယ်။ ချစ်သုဝေက သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရင်း သူမရဲ့ မိသားစုလေးကို သာယာလှပအောင် တည်ဆောက်နေသူတစ်ဦးဖြစ်ပါတယ်။ ချစ်သုဝေက အဆိုတော်လင်းလင်းနဲ့ လက်ထပ်ခဲ့ပြီးနောက် ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ဦးကို မွေးဖွားထားတာဖြစ်ပါတယ်။
ချစ်သုဝေဟာ လက်ရှိမှာတော့ သူမရဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့ သစ်တို့နဲ့အတူတူ တောင်ကိုရီးယားနိုင်ငံကို အလည်အပတ် ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။
ကိုရီးယားရောက်ခိုက် ကိုရီးယားက နာမည်ကြီး အထင်ကရ နေရာတွေကို သားအမိတွေ ပျော်ပျော်ပါးပါးနဲ့ သွားရောက်လည်ပတ်ခဲ့ပြီး ချစ်စရာကောင်းတဲ့ ဓာတ်ပုံလှလှလေးတွေကို အများကြီး ရိုက်ကူးခဲ့ပါတယ်။
ခေတ်နဲ့ သစ်ကလဲ နေရာအသစ်အဆန်းကို ရောက်လို့ တော်တော်လေး ပျော်နေကြတဲ့ပုံပါပဲ။
မြင်သူတိုင်း မချစ်ရမနေနိုင်တဲ့ ချစ်မွှေးလေးနှစ်ယောက်
မေမေချစ်သုဝေက သမီးလေးနှစ်ယောက်နဲ့မှ ပြောင်းလဲလာတဲ့ ခံစားချက်တွေကို အခုလိုပဲ ပြောပြထားပါတယ်။ “ကိုယ်ဟာ အငယ်ဆုံးသမီး,,ကိုယ်ဟာ မင်းသမီး,,ကိုယ်ဟာအဆိုတော်,,ကိုယ်ဟာဆရာဝန်,,,ကိုယ်ဟာအမှန်တရားကိုမြတ်နိုးသူ,,ကိုယ်ဟာဆတ်ဆတ်ထိမခံသူ,,,ကိုယ်ဟာ ဒေါသကြီးသူ,,,ကိုယ်ဟာ ,,,,ကိုယ်ဟာ,,,,အဲ့ဒီအတ္တတွေ မာနတွေ အမှန်တရားတွေဟာ သမီးလေး၂ယောက်ရှိလာချိန်မှာတော့ သမီးလေး၂ယောက် နောက်ကို ရောက်သွားရတာပဲ…”
“သမီးလေးတွေအနာဂတ်လှဖို့,,,သမီးလေးတွေဟာကိုယ့်လုပ်ရပ်,,ကိုယ့်ဆုံးဖြတ်မှုတွေအောက်မှာ မျက်နှာမငယ်ရဖို့,,သမီးလေးတွေအတွက် ပြည့်စုံလုံခြုံနွေးထွေးတဲ့ မေတ္တာတွေပေးဖို့,,သမီးလေးတွေမျက်နှာမှာ အပြုံးလေးတွေဝေနေဖို့ ,,,သမီးလေးတွေအသိစိတ်မှာ ငါတို့မေမေရယ်လို့ဂုဏ်ယူနေစေဖို့,,,,,ကျွန်မပခုံးထက်မှာ တာဝန်တွေနဲ့,,ကျွန်မရင်ထဲမှာ မျော်လင့်ချက်တွေနဲ့,,, ကျွန်မစိတ်ဝိညည်မှာ ခွန်အားတွေအပြည့်နဲ့,,, မေမေချစ်တယ်နော် ကလေးငယ်လေးတွေ ဖြတ်သန်းရတဲ့လောကဓံတွေကြုံရလေ ကိုယ့်ကိုမွေးထားတဲ့မေမေ့ ကိုနားလည်လေလေပါပဲ
” ဆိုပြီး မိခင်တစ်ယောက်ရဲ့ ရင်တွင်းခံစားချက်တွေကို အခုလိုပဲ ပြောထားပါတယ်။
သမီးလေးနှစ်ယောက်ကလဲ မေမေချစ်သုဝေရဲ့ မေတ္တာအပြည့်နဲ့ စောင့်ရှောက်မှုကြောင့် ပန်းလေးတွေလို ရွှင်လန်းတောက်ပနေတာကို တွေ့ရပါတယ်။
မေမေချစ်သုဝေကတော့ သမီးလေးတွေနဲ့ယှဉ်ရင် သူမရဲ့အတ္တတွေ နောက်ရောက်သွားခဲ့ရတဲ့အကြောင်းကို ပြောပြပေးခဲ့တာ ဖြစ်ပါတယ်။ ခေတ်နဲ့ သစ်တို့ရဲ့ ကိုရီးယားရောက် ပုံရိပ်လေးတွေကလဲ အရမ်းကို ချစ်စရာကောင်းတာမို့ ပရိသတ်တွေလဲ သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: Chit Thu Wai’s fb
Share From Lovely Myanmar