ချစ်သူက ပရိသတ်တွေထဲကလည်း ဖြစ်နိုင်တယ်ဆိုတဲ့ မေမြင့်မိုရ်

အခုနောက်ပိုင်းမှာ ဇာတ်လမ်းတွဲတွေ ခေတ်စားလာတာကြောင့် ဇာတ်လမ်းတွဲတွေကို ရိုက်နေရတဲ့အပြင် ရုပ်ရှင်ကားကြီးတွေရော ဇာတ်လမ်းတွေများစွာကိုရိုက်ကူးနေရပြီး ယောက်ျားလေး ပရိသတ်တွေရော မိန်းကလေး ပရိသတ်တွေပါ အားပေးလက်ခံမှု ရရှိနေတဲ့ သရုပ်ဆောင် မေမြင့်မိုရ်ကတော့ အချစ်ရေးကို စဉ်းစားမယ်ဆိုရင် အပြင်လူကိုပဲ စဉ်းစားမယ်လို့ ပြောခဲ့ပြီး သူရဲ့ချစ်သူက ပရိသတ်တွေထဲကလည်း ဖြစ်နိုင်တယ်လို့ MC ရဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

မေမြင့်မိုရ်က “အဲ့တာတော့ မသိသေးဘူး အဲ့တာနဲ့ ပတ်သက်ပြီးတော့ သေချာ ဘာမှစဉ်းစားထားတာတော့ မရှိသေးဘူ။ အခုက အလုပ်က ပိုပြီး အရေးကြီးတယ်ဆိုတော့ အလုပ်ကို ပိုပြီး ဦးစားပေးဖြစ်မှာပေါ့။ ရှိလာရင်တော့လည်း ပရိသတ် သိမှာပေါ့။”လို့ ပြောသွားခဲ့ပါတယ်။

လိုချင်တဲ့ အချစ်ရေးပုံစံနဲ့ ပတ်သက်ပြီးတော့လည်း မေမြင့်မိုရ်က “အဓိကတော့ ကိုယ်နဲ့ Type တူတဲ့သူပေါ့နော် ကိုယ်နဲ့အဆင်ပြေမယ့်သူ အဓိကတော့ အများကြီးပေါ့ ဒီလိုလူမှ လိုချင်တယ်ဆိုပြီး အဲ့လိုတော့ စိတ်ကူးထဲမှာ မရှိဘူး။ ဟိုးငယ်ငယ်တုန်းကတော့ ရှိတာပေါ့နော် အခုနောက်ပိုင်းကျတော့ ကိုယ်နဲ့အဆင်ပြေမယ့်သူ ကိုယ့်ကိုနားလည်ပေးနိုင်တဲ့သူ ကိုယ့်ကိုချစ်ပေးနိုင်တဲ့သူ။ အဓိကတော့ ကိုယ့်အလုပ်တွေလည်း နားလည်ပေးနိုင်တယ် ကိုယ့်ကိုလည်း တကယ်ချစ်ပေးနိုင်မယ်ဆိုရင်တော့ အဆင်ပြေမယ်လို့ ထင်ပါတယ်။”လို့ပြောသွားခဲ့ပါတယ်။

အနုပညာရှင်တွေထဲမှာ အားကျရတဲ့ Couple တွေရှိလားလို့ မေးမြန်းရာ “အားကျရတဲ့လူတွေတော့ ရှိတာပေါ့နော် သူတို့အချင်းချင်းတွဲကျတာဆိုတော့လေ။ ညီမကတော့ အပြင်လူကိုပဲ ရွေးမှာပါ။ အဲ့တာကတော့ သေချာပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

အပြင်လူကို ဘာကြောင့် ရွေးချယ်ချင်တာလဲလို့ မေးမြန်းရာ “အဲ့တာကျတော့ အချင်းချင်းကျတော့ နောက်ပိုင်းကျတော့ တွေးကြည့်တာပေါ့နော် အနုပညာအလုပ်ဆိုတာ အချိန်ပေးရတာမျိုးက နှစ်ယောက်လုံးအလုပ်ရှုပ်နေရင် အိမ်ထောင်ရေးဖြစ်ဖြစ်အချစ်ရေးဖြစ်ဖြစ်က အချိန်မပေးနိုင်ရင် သိပ်ပြီးတော့ အဆင်ပြေမှာ မဟုတ်ဘူးလို့ထင်တယ်။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်ကျတော့ နားလည်မှုတော့ ရှိတာပေါ့နော် အချင်းချင်း အလုပ်သဘောအရဆိုတော့လည်း သူသည် အလုပ်လုပ်ချိန်ဆိုပြီးတော့ နားလည်ကြတာပေါ့။ အပြင်လူနဲ့ကျတော့ နည်းနည်းတော့ ညှိရမယ့်အပိုင်းရှိပေမယ့် ပိုပြီးတော့ အဆင်ပြေမယ်လို့ထင်တယ် အဲ့တော့ အပြင်လူကိုပဲ ရွေးချယ်မှာပါ။”လို့ ပြောသွားခဲ့ပါတယ်။

အပြင်လူဆိုတော့ ဘယ်လိုအပိုင်းက ဖြစ်မလဲလို့ မေးမြန်းရာ “အဲ့တာကျတော့ တွေ့မှ မတွေ့သေးတာ။ စီးပွားရေးနဲ့ ပတ်သက်တဲ့ အပြင်လူလည်း ဖြစ်နိုင်သလို အနုပညာနဲ့ ပတ်သက်တဲ့ အပြင်လူလည်း ဖြစ်နိုင်ပါတယ် နှစ်မျိုးထဲက တစ်မျိုးပေါ့နော်။ အပြင်လူထဲက ရွေးမယ်ဆိုရင် ပရိသတ်တွေထဲကလည်း ဖြစ်နိုင်တာပေါ့။”လို့ ပြောသွားခဲ့ပါတယ်။

Share From nanmalgyi