You are here
Home > အနုပညာ > ရည်းစားနဲ့ပြတ်တဲ့ ၆လအတွင်း ပိုက်ဆံတွေ တော်တော်စုမိခဲ့တယ်ဆိုတဲ့ ပိုင်တံခွန်

ရည်းစားနဲ့ပြတ်တဲ့ ၆လအတွင်း ပိုက်ဆံတွေ တော်တော်စုမိခဲ့တယ်ဆိုတဲ့ ပိုင်တံခွန်

လူငယ်အနုပညာရှင်ပိုင်တံခွန်ကတော့ ခပ်မိုက်မိုက်ဘော်ဒီကြွက်သားတွေနဲ့ နှုတ်ခမ်းနီမလေးတွေကြားမှာ အရမ်းကိုရေပန်းစားနေတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ပျိုမေတို့ကိုညှို့ ယူ ဖမ်းစားထားတဲ့ သူကတော့ လွတ်လွတ်လပ်လပ်နဲ့ ပျော်ပျော်နေတက်တဲ့ အပြင် ပရိသတ်တွေကို စနောက်လေ့ ရှိတဲ့လူနောက်လေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ အချစ်ရေးနဲ့ပတ်သက်လို့ကတော့ နောက်ဆုံးကောင်မလေး နဲ့ ပြတ်ပြီးထဲက စိတ်ညစ်လို့မထားချင်တော့ဘူးလို့ ပြောပြလာခဲ့ပါတယ် ။

Single ဖြစ်ရခြင်းရဲ့ အားသာချက်တွေ အနေနဲ့ကတော့ ရည်းစားမရှိတာက အရမ်းမိုက်တယ်။ ငွေလည်း မကုန်တော့ဘူး။ ရည်းစားနဲ့ပြတ်ပြီး ၆ လအတွင်းမှာ ငွေတော်တော် စုမိတယ် လို့ ပိုင်တံခွန်က ဆိုပါတယ် ။ ရည်းစားမရှိတဲ့အတွက် ကိုယ့်ဘာသာ အချိန်တွေပိုပေးဖြစ်တယ် ၊ မိသားစုကို အချိန်ပေးဖြစ်တယ် ၊ သူငယ်ချင်းတွေ ကိုအချိန်ပေးဖြစ်တယ် ၂၄ နာရီကောင်မလေးနဲ့ ပျော်နေတဲ့အချိန်တွေက အပြင်မှာကျတော့ အချိန်တွေ အရမ်းကိုပိုနေတဲ့အတွက် ဘ၀အတွက် အများကြီးလိုအပ်တဲ့အချိန်တွေကို ရခဲ့တယ်လို့ သိရပါတယ် ။ ပိုင်တံခွန်ကို ချစ်တဲ့ CeleGabar ပရိသတ်ကြီးကရော ပိုင်တံခွန်ကို ရည်းစားရစေချင်ရဲ့လား မှတ်ချက်ပေးခဲ့ပါဦးနော် ။

credit – celegabar

Share From Lucky Myanmar

Top
//potsaglu.net/4/3018672