အွန်လိုင်းတွင် ပျံ့နှံ့နေသော အုပ်စုဖွဲ့ အဓမ္မပြုကျင့် အသတ်ခံရမှု မရှိဟု တာဝန်ရှိသူပြော

အွန်လိုင်းတွင် ပျံ့နှံ့နေသော အုပ်စုဖွဲ့ အဓမ္မပြုကျင့် အသတ်ခံရမှု မရှိဟု တာဝန်ရှိသူပြော

တောင်ဒဂုံမြို့နယ် လိုင် စင်ရုံးအနီးတွင် အုပ်စုဖွဲ့အဓမ္မပြု ကျင့်အသတ်ခံရသည့် မိန်းက လေးငယ်တစ်ဦးက အခြားမိန်းက လေးတစ်ဦးထံဝင်ပူး၍ အသတ်ခံ ရသည့်ဖြစ်စဉ်ပြောကြားသည့် ရုပ်သံဖိုင်အွန်လိုင်းတွင် ပျံ့နှံ့နေ သော်လည်း ယင်းဖြစ်စဉ် မျိုး မရှိကြောင်း တောင်ဒဂုံမြို့မရဲစခန်း မှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ဒီဖြစ်စဉ်မျိုး မရှိပါဘူး။ ကျွန်တော်တို့လည်း ဘာမှမကြား မိပါဘူး။ ဒီရုပ်သံဖိုင်တက်လာလို့ ကျွန်တော်တို့ဆီကို လှမ်းမေးနေ လို့ ဖြေပေးနေရတယ်’’ ဟု အဆို ပါရဲအရာရှိက ပြောသည်။

ယင်းရုပ်သံဗီဒီယိုဖိုင်သည် ဧပြီ ၂၂ ရက်နေ့လယ်က Youtube နှင့် လူမှုကွန်ရက်တွင် ပျံ့နှံ့လာခြင်းဖြစ်သည်။

အဆိုပါမိန်းကလေးငယ် သည် ၂၀၁၉ သင်္ကြန်အကြိုနေ့က အသတ်ခံရခြင်းဖြစ်ပြီး နှစ်ဆန်း ၁ ရက်နေ့တွင် ၀င်ပူး၍ ပြောကြောင်း နှင့် ၎င်းဝင်ပူး၍ပြောခဲ့သည့်နေရာ၌ အသတ်ခံရသည့်မိန်းကလေးရုပ်အလောင်းကို ပြန်ရှာတွေ့ခဲ့ကြောင်း ရုပ်သံဖိုင်တွင် ပါဝင်သည်။

အသတ်ခံရသည့် မိန်းက လေးသည် သင်္ကြန်အကြိုနေ့က ရေကစားပြီးအပြန်တွင်  အဓမ္မပြု ကျင့်ခံရကြောင်း၊ ပြစ်မှုကျူးလွန်သူများ သည် စီးတီးဟုမ်းမွေ့ရာစက်ရုံမှ အလုပ်သမားများဖြစ်ကြောင်းနှင့် အသတ်ခံရသည့် မိန်းကလေး သည် ကျောက်စိမ်း ဖိနပ်စက်ရုံ၌ အလုပ်လုပ်နေသူ ဖြစ်ကြောင်း ပါဝင်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လည်း ရဲတပ်ဖွဲ့က မည်သည့် သတင်းမျှမရရှိကြောင်း 7Day Daily သတင်းစာအား ပြန်လည် ဖြေကြားသည်။

‘‘အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အလုပ်သမားဦးစီးရုံးကိုလည်း လှမ်းဆက်မေးပြီးသွားပြီ။ မြို့ နယ်ရဲတပ်ဖွဲ့ကိုလည်း မေးပြီး သွားပြီ။ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိ သူတွေကိုလည်း မေးပြီးသွားပြီ။ ကညနရုံးကသူတွေရော၊ အဲဒီ ပတ်ဝန်းကျင်က သူတွေရော မေး လိုက်တာမဟုတ်ဘူးဆိုတာ သိ ထားတယ်။ ကျောက်စိမ်းစက်ရုံ ကလည်း အလုပ်ပိတ်ထားတာဖြစ် တဲ့အတွက် အဲဒီအပေါ်မှာရော၊ အဲဒီကလေးမလေးအမည်ရှိ၊ မရှိ  စက်ရုံပြန်ဖွင့်ရင် စုံစမ်းပေးမယ် လို့ပြောထားတယ်’’ ဟု တောင် ဒဂုံမြို့နယ်တိုင်းလွှတ်တော်ကိုယ် စားလှယ်ဦးညီညီက ပြောသည်။

ယေဘုယျအားဖြင့်ကျောက်စိမ်းဖိနပ်စက်ရုံတွင် အဆိုပါ အသတ်ခံရသည့်မိန်းကလေးအမည်နှင့် နေရပ်လိပ်စာမရှိဟု အလုပ်သမားဦးစီးဌာနကပြောကြားထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

Credit – 7Day Daily
Share From baganthar

ဝိဉာဉ်အပူးခံရပြီး ဖြစ်စဉ်များကို စတင်သိရှိသည့်အချိန်ကပင် ကျေးရွာ ဥက္ကဌများနှင့် နယ်မြေခံရဲများက ညတွင်းခြင်း အလောင်းကို ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု ဒဂုံမြို့သစ်(တောင်ပိုင်း) အမှတ် ၁၀၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်က ပြောကြားသည်။

“ပရိတ်တရားနာထဲမှာ ဒီလို ဝင်စီးတယ်ဆိုတဲ့အချိန်ကတည်းက ရာအိမ်မှူးက ကျွန်တော့် လာပြတယ်။ ဒါနဲ့ ကျွန်တော်က ရဲကင်းမှူးကို အကြောင်းကြားတယ်။ ရဲကင်းမှူးနဲ့ ကျွန်တော်တို့က ကျောက်စိမ်း အနီးနားမှာ ရှိတဲ့ အဝန်းအဝိုင်းမှာ မိုးလင်းပေါက် ကျွန်တော်တို့ မြေမြှပ်ရာတွေ လိုက်ရှာတယ်။ သူပြောတဲ့ မီးမရှိတဲ့ မီးတိုင်တွေဆိုတဲ့ နေရာကို ကျွန်တော်တို့ အမှတ်အသားကြက်ခြေခတ်တွေ လုပ်ထားတယ်။ မိုးလင်းတော့ ထပ်ရှာပါတယ်။ မြေမြှပ်ထားခဲ့ရင် မြေကြီးက ပွနေရမှာ။ ပွခြင်း ဘာခြင်း မရှိပါဘူး။ ချုံနွယ်ပိတ်ပေါင်းပင်တွေ ဒီအတိုင်းဘဲ။ ခြေရာလက်ရာ မပြတ်ပါဘူး” ဟု အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

လက်ရှိအွန်လိုင်းတွင် အဆိုပါ ၀ိဉာဉ်ပူးကပ်သည့် ဗီဒီယိုဖိုင်မှာ ကြည့်ရှုသူ လေးသိန်းကျော်ရှိနေကြောင်း သိရသည်။

Credit – Eleven Media Group

 

video ကြည့်ရန်