မၾကာမီ မိုးရြာေတာ့မည္ ျဖစ္ေၾကာင္း ေဒါက္တာထြန္းလြင္ ေျပာၿပီ

Zawgyi

မၾကာမီ မိုးရြာေတာ့မည္ ျဖစ္ေၾကာင္း ေဒါက္တာထြန္းလြင္ ေျပာၿပီ

လက္ရွိ အေျခအေန အရ မုတ္သံုေလဦးဟာ အီေကြတာ အနီးနဲ႕ ေတာင္ဖက္ တြင္ ရွိေန ေသးျခင္း နဲ႕ ဘဂၤလား ပင္လယ္ေအာ္ မွာေရာ၊ ေတာင္တရုတ္ ပင္လယ္ျပင္ မွာေရာ မုန္တိုင္းမ်ား အျဖစ္နည္းေနျခင္းတို႕ ေၾကာင့္ ျမန္မာႏိုင္ငံ အလယ္ပိုင္း ေဒသမ်ား ၊ ျမစ္ဝ ကၽြန္းေပၚ ေဒသမ်ား၊ ေျမလတ္ပိုင္းေဒသမ်ား နဲ႕ ေတာင္ပိုင္းေဒသ ေတြမွာ မိုးနည္းျပီး အပူခ်ိန္မ်ား ျမင့္တက္လ်က္ ရွိေန ပါတယ္ ။

ပူျပင္းလြန္းတဲ့ ေန အရွိန္ေၾကာင့္ လူအမ်ားက မိုးကို ေတာင့္တလ်က္ ရွိေန ၾကပါတယ္။ လက္ရွိအ ေျခ အ ေနမ်ားအ ေပၚ အ ေျခ ခံကာ မိုး ရြာဖို႕အလားအလာကိုတြက္ဆႀကည္႕ရာ တြင္

ဧျပီလ (၂၂ – ၂၈) ရက္ အတြင္း ဘဂၤလား ပင္လယ္ေအာ္ ေတာင္ပိုင္းတြင္ ေလဖိအားနည္း ရပ္ဝန္း တစ္ခု စတင္ ျဖစ္ေပၚလာ ႏိုင္ျပီး၊ မုန္တိုင္းတခု အျဖစ္သို႕ ေရာက္ရွိလာ ႏိုင္ကာ အ ေရွ႕ေျမာက္ဖက္သို႕ ဦးတည္ ေရ ြ႕လွ်ား လာရင္း ရခိုင္ျပည္နယ္ ေျမာက္ပိုင္း – ဘဂၤလားေဒ့ရွ္ ႏိုင္ငံ ကမ္းေျခကို ခ်ဥ္းကပ္လာႏိုင္ ပါတယ္ ။

ဒါေပမယ့္ ဧျပီလ ၂၈ ရက္ေန႕ အထိ ျမန္မာႏိုင္ငံ တြင္ မိုး ရြာ သြန္းမႈ မရွိႏိုင္ ေသးပဲ ရာသီဥတု ကို ဆက္လက္ ပူျပင္းေျခာက္ေသြ႕ေန ေစ ဦးမွာ ျဖစ္ပါတယ္။

ဧျပီလ ၂၉ ရက္မွ ေမလ ၅ ရက္ေန႕ အထိ ကာလ အတြင္း မုန္တိုင္းငယ္ဟာ ကမ္းကို မျဖတ္ေက်ာ္မီ အားေလ်ာ့ သြားႏိုင္ကာ ရခိုင္ျပည္နယ္ နဲ႕ ဘဂၤလားေဒ့ရွိ ႏိုင္ငံ ကမ္းေျခအနီးမွ ကမ္းကို ျဖတ္ေက်ာ္ ဝင္ေရာက္ လာႏိုင္ ပါတယ္ ။

ထိုအခ်ိန္ ေမလ ဆန္း တြင္ ျမန္မာ တႏိုင္ငံလံုး မိုးရရွိ ႏိုင္ၿပီး အပူရွိန္ ျမင့္တက္မႈ ေတြလည္း ေလ်ာ့နည္း က်ဆင္း သြားဖြယ္ရာ ရွိပါေၾကာင္း သံုးသပ္ရရွိ ပါတယ္။

ေဒါက္တာထြန္းလြင္

Unicode

မကြာမီ မိုးရွာတော့မည် ဖြစ်ကြောင်း ဒေါက်တာထွန်းလွင် ပြောပြီ

လက်ရှိ အခြေအနေ အရ မုတ်သုံလေဦးဟာ အီကွေတာ အနီးနဲ့ တောင်ဖက် တွင် ရှိနေ သေးခြင်း နဲ့ ဘင်္ဂလား ပင်လယ်အော် မှာရော၊ တောင်တရုတ် ပင်လယ်ပြင် မှာရော မုန်တိုင်းများ အဖြစ်နည်းနေခြင်းတို့ ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများ ၊ မြစ်ဝ ကျွန်းပေါ် ဒေသများ၊ မြေလတ်ပိုင်းဒေသများ နဲ့ တောင်ပိုင်းဒေသ တွေမှာ မိုးနည်းပြီး အပူချိန်များ မြင့်တက်လျက် ရှိနေ ပါတယ် ။

ပူပြင်းလွန်းတဲ့ နေ အရှိန်ကြောင့် လူအများက မိုးကို တောင့်တလျက် ရှိနေ ကြပါတယ်။ လက်ရှိအ ခြေ အ နေများအ ပေါ် အ ခြေ ခံကာ မိုး ရွာဖို့အလားအလာကိုတွက်ဆကြည့်ရာ တွင်

ဧပြီလ (၂၂ – ၂၈) ရက် အတွင်း ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်း တစ်ခု စတင် ဖြစ်ပေါ်လာ နိုင်ပြီး၊ မုန်တိုင်းတခု အဖြစ်သို့ ရောက်ရှိလာ နိုင်ကာ အ ရှေ့မြောက်ဖက်သို့ ဦးတည် ရေ ွ့လျှား လာရင်း ရခိုင်ပြည်နယ် မြောက်ပိုင်း – ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကမ်းခြေကို ချဉ်းကပ်လာနိုင် ပါတယ် ။

ဒါပေမယ့် ဧပြီလ ၂၈ ရက်နေ့ အထိ မြန်မာနိုင်ငံ တွင် မိုး ရွာ သွန်းမှု မရှိနိုင် သေးပဲ ရာသီဥတု ကို ဆက်လက် ပူပြင်းခြောက်သွေ့နေ စေ ဦးမှာ ဖြစ်ပါတယ်။

ဧပြီလ ၂၉ ရက်မှ မေလ ၅ ရက်နေ့ အထိ ကာလ အတွင်း မုန်တိုင်းငယ်ဟာ ကမ်းကို မဖြတ်ကျော်မီ အားလျော့ သွားနိုင်ကာ ရခိုင်ပြည်နယ် နဲ့ ဘင်္ဂလားဒေ့ရှိ နိုင်ငံ ကမ်းခြေအနီးမှ ကမ်းကို ဖြတ်ကျော် ဝင်ရောက် လာနိုင် ပါတယ် ။

ထိုအချိန် မေလ ဆန်း တွင် မြန်မာ တနိုင်ငံလုံး မိုးရရှိ နိုင်ပြီး အပူရှိန် မြင့်တက်မှု တွေလည်း လျော့နည်း ကျဆင်း သွားဖွယ်ရာ ရှိပါကြောင်း သုံးသပ်ရရှိ ပါတယ်။

ဒေါက်တာထွန်းလွင်