
ပရိသတ်တွေရဲ့ အသည်းကျော်လေးတစ်ဦးဖြစ်တဲ့ ကလေးသရုပ်ဆောင် ထိပ်ထားသခင်လေးကတော့ တစ်နေ့တစ်ခြား အရမ်းကို ချစ်ဖို့ကောင်းလာတာ တွေ့ရပါတယ်။ အသည်းယားစရာကောင်းတဲ့ ဗီဒီယိုလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တဲ့ ထိပ်ထားလေးက မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး မော်ဒယ်လေးလည်း ဖြစ်ခဲ့ပါတယ်။ အခုဆိုရင် ထိပ်ထားလေးက ကလေးသရုပ်ဆောင်တစ်ဦး အဖြစ် အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
ကြော်ငြာနဲ့ သီချင်းဗီဒီယိုတွေမှာ ပါဝင်သရုပ်ဆောင်နေတဲ့ ထိပ်ထားလေးက ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ကျောင်းတက်ရင်း အနုပညာအလုပ်တွေကို အများကြီးလုပ်ကိုင်နေရတဲ့ ထိပ်ထားလေးက အရမ်းကို စကားတတ်သူလေးလည်း ဖြစ်ပါတယ်။ အခုလည်း ထိပ်ထားလေးရဲ့မေမေက သမီးလေးဆီကနေ စကားတွေပြန်သင်ယူနေရတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို တင်ထားပါတယ်။
မေမေ့ကို မေးခွန်းတွေမေးပြီး အချွဲပိုနေတဲ့ ထိပ်ထားလေးက နောက်ဆုံးမှာတော့ မေမေနားမလည်တဲ့ စကားလေးတစ်ခွန်းကို ပြောလိုက်ပါတယ်။ သူ့ရဲ့စကားကို နားမလည်ဖြစ်သွားတဲ့ မေမေ့ကို စကားတတ်လွန်းတဲ့ ထိပ်ထားလေးက ” ဟာ…..မွတ်နွတ်ကွတ်ကျွတ် ဆိုတာ အချစ်တုန်းလို့ပြောတာ” ဆိုပြီး ပြန်ရှင်းပြထားတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အရမ်းချစ်ဖို့ကောင်းတဲ့ ထိပ်ထားလေးရဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။
credit – myanmarload
Share From Lucky Myanmar